Friday, August 30, 2019

မြန်မာဟက်ကာအဖွဲ့များ ထိုင်းအုပ်ချုပ်ရေး Website (၃၀)ကျော်အား စတင်တိုက်ခိုက်


လိပ်ကျွန်းလူသတ်မှုအတွက် စွတ်စွဲခံထားရတဲ့ ဝင်းနဲ့ဇော်ဟာ မနေ့က အယူခံတွင် သေဒဏ်ထက်မံချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ ထို့ကြောင့် Union Of Underground Myanmar Hackerလို့ခေါ်တဲ့ မြန်မာဟက်ကာအဖွဲ့များပောင်းစည်းထားတဲ့အဖွဲ့ကြီးက ထိုင်းနိုင်ငံကို ဆိုက်ဘာစစ်ပွဲတိုက်ခိုက်မယ်လို့ မနေ့ကစတင်ကြောငြာခဲ့ကြောင်း သိရသည်။

ယနေ့ သြဂုတ်လ (၃၀) ရက်နေ့မှာ ထိုင်နိုင်ငံပိုင်.website ပေါင်း ၃၀ ကျော်ကို စတင်တိုက်ခိုက်ခဲ့ပြီး Websiteရဲ့ မူလစာသားတွေနေရာမှာ ဝင်းနဲ့ဇော်အတွက် တရားမျှတမှုအလိုရှိကြောင်းစာသားတွေအဖြစ် ပြောင်းလဲခဲ့တာ တွေ့ရှိရပါတယ်။
Union Of Underground Myanmar Hacker အဖွဲ့သည် ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အစိုးရ Website များကို တိုက်ခိုက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဟတ်ကာများနှင့် ဆိုက်ဘာစစ်ပွဲ ဖြစ်ခဲ့ကြကြောင်း သိရသည်။
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံနိုင်ငံသားများသည် ထိုင်းဘုရင်၏ Facebook စာမျက်နှာအောက်တွင် ဝင်းနဲ့ဇော် အတွက်အမှန်တရားကိုဖော်ထုတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
Image may contain: 1 person, sitting
No photo description available.
Image may contain: 2 people, people smiling, people standing

0 comments:

Post a Comment