Tuesday, August 27, 2019

အာဆီယံ-အမေရိကန် ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှု၌ ကျန်စစ်သား စစ်သင်္ဘောပါဝင်မည်

N1 (1)_0
အာဆီယံ- အမေရိကန် ပင်လယ်ရေကြောင်းစစ်ရေးလေ့ကျင့်မှု  ASEAN-US Maritime Exercise (AUMX)မှာ ပါဝင်ဖို့ တပ်မတော်(ရေ)မှ ဒုဗိုလ်မှူးကြီး ခွန်အောင်ကျော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကျန်စစ်သား စစ်သင်္ဘောနဲ့ သြဂုတ် ၂၆ ရက်က ရန်ကုန်မြို့မှ ထွက်ခွာသွားပါတယ်။

စက်တင်ဘာ ၂ ရက်မှ ၆ ရက်အထိ  ထိုင်းပင်လယ်ကွေ့မှာပြုလုပ်မယ့်  အာဆီယံ- အမေရိကန် ပင်လယ်ရေကြောင်း ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာအပါအဝင် နိုင်ငံပေါင်းခုနစ်နိုင်ငံမှ စစ်ရေယာဉ်တွေနဲ့ စစ်လေယာဉ်တွေ ပါဝင်ကြမယ်လို့ တပ်မတော်က သတင်းထုတ် ပြန်ပါတယ်။
N1 (2)_0
ဓာတ်ပုံ-CINCDS
DVB

0 comments:

Post a Comment