Tuesday, August 27, 2019

အမေရိကန်နှင့် ကုန်သွယ်ရေးအငြင်းပွားမှု ဆွေးနွေးညှိနှိုင်းရန် တရုတ်တိုက်တွန်း

အမေရိကန်နဲ့ ကုန်သွယ်ရေး အငြင်းပွားမှုတွေ တိုးလာနေတာကို ဖြေရှင်းဖို့ ဆွေးနွေးညှိနှိုင်းဖို့ လိုပြီလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက  ပြောပါတယ်။

တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး တင်းမာမှုကို ညှိနှိုင်းဆွေးနွေးတာတွေ ဆက်တိုက်ဖြေရှင်းသင့်ပြီး အမေရိကန်က ဆင်ခြင်တုံတရား အမြန်ရဖို့ မျှော်လင့်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဂန်ရှောင်က မနေ့က ဘေဂျင်းမှာ ကျင်းပတဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
ကမ္ဘာ့အကြီးဆုံး စီးပွားရေး အင်အားကြီးနိုင်ငံ နှစ်နိုင်ငံအကြားက ပိုခါးသီးလာတဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ သောကြာနေ့မှာ အရှိန်မြင့်တက်ခဲ့တာပါ။ နှစ်ဖက်စလုံးက တင်သွင်းကုန်တွေကို အပြန်အလှန် ထပ်ဆောင်းခွန် တိုးကောက်ခဲ့ကြပါတယ်။
ကုန်သွယ်ရေးစစ်ပွဲဟာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပြီး စီးပွားရေး ကျဆင်းလို့ ဈေးကွက်အတွင်း စိုးရိမ်မှုကို မြင့်တက်စေပါတယ်။ 
ပြင်သစ်နိုင်ငံမှာ တနင်္လာနေ့က ကျင်းပတဲ့ G7 ထိပ်သီးညီလာခံရဲ့ ဆက်စပ်အစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကြီးမြတ်တဲ့ ခေါင်းဆောင်တယောက်အဖြစ် ချီးကျူး ပြောဆိုပါတယ်။
ဓာတ်ပုံ-FMPRC
DVB

0 comments:

Post a Comment