Friday, August 30, 2019

ကချင်ပြည်နယ်လူမှုရေးဝန်ကြီး စီးနင်လာသော မော်တော်ယာဉ်အား ခရီးသည် တင်မော်တော်ယာဉ်က နောက်မှဝင်တိုက်မိ

Image may contain: one or more people, people standing, car and outdoor

ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝင် လူမှုရေးဝန်ကြီးစီးနင်း လိုက်ပါလာသော မော်တော်ယာဉ်သည် မိုးညှင်းမြို့နယ် ဟိုပင်မြို့နှင့် သဲဂုဏ်ကျေးရွာအ ကြားတွင် ခရီးသည်တင်မော်တော်ယာဉ်တစ်စီးမှ နောက်က ဝင်တိုက်မိမှု ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

ဖြစ်ပွါးပုံမှာ သြဂုတ်လ(၂၉)ရက်နေ့ ညနေ (၆)နာရီအချိန်ခန့်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝင် လူမှုရေး ဝန်ကြီး ဦးနေဝင်းလိုက်ပါလာပြီး ယာဉ်မောင်း ကိုကိုအောင်မောင်းနှင်လာသော ယာဉ်အမှတ် IL/**** LINCRUSER အနက် ရောင်မော်တော်ယာဉ်သည် မိုးညှင်းမြို့နယ် ဟိုပင်မြို့နှင့် သဲဂုဏ်ကျေးရွာ အကြား ကျေးရွာချင်းဆက် လမ်းပေါ်တွင် ယာဉ်မောင်း ထက်ဇော်(၂၃)နှစ်၊ (ဘ)ဦးမြ၊ သရက်ကုန်းကျေးရွာ ပုလဲမြို့နယ်နေထိုင်သူမောင်းနှင်လာပြီး ခရီးသည်(၁၀)ဦးလိုက်ပါလာသော ယာဉ်အမှတ် 9L/**** NISSAN CARVAN အဖြူရောင်အငှားယာဉ်မှ နောက်မှ ဝင်တိုက်မှုဖြစ်ပွါးခဲ့ရာ ဝန်ကြီးဦးနေဝင်းလိုက် ပါလာသော LINCRUSER အနက်ရောင်ယာဉ်၏ နောက်ဘက်ရှိ ဝဲဘက်အချက်ပြ မီးအုံကွဲကြေ ကာ ဘန်ဘာပိန့် ချိုင့်သွားခဲ့ပြီး NISSAN CAR VAN မော်တော်ယာဉ်၏ ရှေ့ ခေါင်းပိုင်းယာဘက် မီးခွက်ကွဲကြေကာ ယာဘက်မီးသီးအထက်ပါးခြမ်းပိန့် ချိုင့်မှုဖြစ်ပွါးခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွါးရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်နှင့်အဖွဲ့ ဝင်များ၊ ဟိုပင်နယ်မြေရဲစခန်းမှူး ရဲအုပ် ဗျက်ဆန်းနှင့် တပ်ဖွဲ့ ဝင်များရောက်ရှိခဲ့ကြပြီး ဝန်ကြီးဦးနေဝင်းမှ လူမှုရေးအရ ငဲ့ကွက်သောအားဖြင့် အမှုဖွင့်လှစ်ခြင်းမရှိကြောင်း သိရသည်။
မင်္ဂလာဦး

0 comments:

Post a Comment