Thursday, August 29, 2019

သီပေါမြို့နယ်တွင် SSPP/SSA အဖွဲ့မှ ရွာသားများအား ဖမ်းဆီးခြင်းနှင့် ဆက်ကြေးကောက်ခြင်းများပြုလုပ်

Image may contain: one or more people, people standing and outdoor

သီပေါမြို့နယ် ကုန်းစုံကျေးရွာအုပ်စု မန်ကောင်းကျေးရွာအနီးမှာ SSPP /SSA(ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော်)အဖွဲ့ က သြဂုတ်လ ၂၉ ရက်နေ့ မနက် ၇ နာရီချိန်ခန့်တွင်ရွာသားများအား ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ဆက်ကြေးကောက်ခံမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့မှ ရွာသား ၂ ဦးကို မူးယစ်ဆေးဝါးအကြောင်းပြ၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းနှင့် နမ့်လန်ကျေးရွာ ကောင်းလန်းရပ်ကွက်မှ ရွာသား ၄ ဦးထံမှ ဆက်ကြေးငွေ ၁ သိန်းကျပ်စီတောင်ခံခဲ့ကြောင်း သိရှိရသည်။
ရွာသား ၂ ဦးအား ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး “ SSPP/SSA အဖွဲ့သည် လက်နက်ကိုင်၍ ဒေသခံတွေကို အမျိုးမျိုး ဒုက္ခပေးနေကြောင်း၊ဒေသခံတွေအတွက် ကောင်းတာတစ်ခုမှလုပ်မပေးဘဲ နည်းအမျိုးမျိုးဖြင့် ဖမ်းဆီးလိုက် ငွေတောင်းလိုက် မကြာခဏ ပြုလုပ်နေတယ်" လို့ ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရှိရသည်။
SSPP/SSA အဖွဲ့က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းဆက်သွယ်မရခဲ့ပါဘူး။
မူးယစ်ဆေးဝါးနှိမ်နင်းရေးကို အများမြင်ကောင်းအောင်လုပ်ပြပြီး SSPP/ SSA အဖွဲ့တွေအနေနဲ့ သီပေါ ကျောက်မဲမြို့နယ်များအတွင်း လူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးကောက်ခံမှုများပြုလုပ်နေလို့ ဒေသခံတွေကြောက်လန့်လျက်ရှိကြေင်း သိရသည်။
Image may contain: one or more people, people standing and outdoor

0 comments:

Post a Comment