Thursday, August 29, 2019

ရမန်ယူရန် ရုံးထုတ်လာသည့်အချုပ်သား ထွက်ပြေးမှုဖြစ်ပွား

Image may contain: one or more people and outdoor
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တရားရုံးရှိ အချုပ်တွင် ချုပ်နှောင်ထားသည့် အချုပ်သားတစ်ဦး ထွက်ပြေးမှု သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းအချိန် က ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ခိုးမှုဖြင့် ဖမ်းဆီးချုပ်နှောင်ထားသည့် ခင်မောင်ရီ (ခ) စိုးသူ၊ စည်သူလွင်(ခ) ရဲရင့် နှင့် မောင်မောင် (ခ) ငမောင်တို့ (၃) ဦး အား အမှတ် (၅) မြို့မစခန်းမှ အောင်မြေသာစံမြို့နယ်တရားရုံးသို့ အချုပ်ရီမန်ယူရန် အတွက် ရုံးထုတ်လာပြီး အချုပ်ခန်းအတွင်းချုပ်နှောင်ခဲ့သည် ။
ထို့နောက် တာဝန်ရှိသူများအနေဖြင့် မန္တလေးဗဟိုအကျဉ်းထောင်သို့ ရုံးထုတ်တရားခံများထုတ်ရန်အတွက် ထွက်သွားခဲ့ပြီးနောက် မှုခင်းမှတ်တမ်းတာဝန်ခံ အရာရှိမှ တရားရုံးအချုပ်ခန်းအား စစ်ဆေးရာခင်မောင်ရီ (ခ) စိုးသူ၊ စည်သူလွင်(ခ) ရဲရင့် တို့သာ ကျန်ခဲ့ပြီး မောင်မောင် (ခ) ငမောင် မှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
``ထွက်ပြေးသွားတဲ့ တရားခံကို မမိသေးဘူး။ ဖမ်းဆီးရမိဖို့တော့ လုပ်ဆောင်နေကြပါတယ်။´´ ဟု အမှတ်(၅) မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
ထွက်ပြေးသွားသည့် မောင်မောင်(ခ)ငမောင် မှာ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် သာစည်ကျေးရွာ မှ ဖြစ်ပြီး အမှတ်(၅)မြို့မရဲစခန်း (ပ) ၅၇၆ /၂၀၁၉၊ ရာဇာတ်သတ်ကြီး ဥပဒေပုဒ်မ - ၃၈၀ အမှုမှ ကျူးလွန်သူဖြစ်ကြောင်း သိရသည် ။

0 comments:

Post a Comment