Thursday, August 29, 2019

ရန်ကုန်တိုင်းဒေသကြီးအတွင်း အာဖရိက၀က်အပြင်းဖျားရောဂါ ဖြစ်ပွားမှုမရှိ

Image may contain: one or more people and people eating

ရန်ကုန်တိုင်းဒေသကြီးအတွင်း အာဖရိက၀က်အပြင်းဖျားရောဂါ ဖြစ်ပွားမှုမရှိစေရေးကို အဲဒီရောဂာများနှင့်ပတ်သက်၍ လေ့လာစမ်းစစ်မှုများနှင့် ကြိုတင်ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။

အာဖရိကဝက်အပြင်းဖျားရောဂါဟာ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိသော တရုတ်နိုင်ငံရဲ့ ပြည်နယ်အချို့မှာ ရောဂါပြန့်နှံ့ဖြစ်ပွားပြီး ရှမ်းပြည်နယ် မိုင်းလားဒေသမှာလည်း သံသယဖြစ်ဖွယ်တွေ့ရှိခဲ့တာကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းကို ရောဂာပြန့်နှံ့မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်မှုတွေဆောင်ရွက်ထားတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တိရိစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံဌာနမှ သိရသည်။
အာဖရိကဝက်အပြင်းဖျားရောဂါဟာ လူကို မကူးစက်စေဘဲ ဝက်များသာ ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး ကာကွယ်ဆေးမရှိသည့်အပြင် ကုသရန်လည်း ခက်ခဲကာ ဝက်များအစုလိုက် အပြုံလိုက် သေဆုံးစေတာကြောင့် ရောဂါမဖြစ်အောင် ထိန်းချုပ်နေရခြင်းဖြစ်ကြောင်း သိရသည်။
တရုပ်နိုင်ငံနှင့် အခြားမြို့များအပြင် နယ်စပ်မြို့များမှတစ်ဆင့် ဝက်နှင့် ဝက်ထွက်ပစ္စည်းများ တင်ပို့ရောင်းချခြင်းကို ၂၀၁၉ ခုနှစ် မတ်လကနေစပြီး ယာယီပိတ်သိမ်းထားခဲ့ကာ ကားလမ်းနှင့် လေကြောင်းလိုင်းများမှ တင်ပို့လာသည့် ဝက်သားနှင့်စပ်ဆက်ပစ္စည်းများကိုလည်း ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment