Thursday, August 29, 2019

မြောက်ပိုင်းမဟာမိတ်အဖွဲ့ လက်နက်ကိုင်သောင်းကျန်းသူများအဖွဲ့ ခရီးသည်တင်မှန်လုံယာဉ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီးကို မီးရှို့ဖျက်ဆီး

Image may contain: cloud, sky, outdoor and nature

ယနေ့ မနက် ၆း၀၀ နာရီခန့်က လားရှိုး-သိန်းနီကြား၊ ပန်ဖတ် နှင့် မိုင်းလီကျေးရွာကြား၊ မိုင်တိုင် 192/5-6 ကြားတွင် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့သည် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးနှင့် ဈေးသည်ဆိုင်ကယ်တစ်စီးတို့ အားမီးရှို့ ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

လက်နက်ကိုင်သောင်းကျန်းသူများအဖွဲ့သည် သြဂုတ် ၂၉ ရက် ည ၇ နာရီဝန်းကျင်တွင်လည်း ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအဝင်မှာ ကားတစ်စီးမီးရှို့ဖျက်ဆီးခဲ့ပြီး၊ မနက်ပိုင်း ၉ နာရီခွဲတွင်လည်း ရှုခင်းသာမှာ တွဲကားတစ်စီး မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။
ခရီးသွားပြည်သူများ လမ်းကြောအခြေအနေစုံစမ်းပြီးမှသွားကြပါ။
မိတ်ဆွေများအားလုံးဘေးကင်းကြပါစေ။
Image may contain: sky, cloud, tree and outdoor
Image may contain: grass, sky, cloud, outdoor and nature

0 comments:

Post a Comment