Monday, August 26, 2019

ရေ ဘေးသင့်ပြည်သူများအတွက် ပန်းချီပြပွဲ ပြုလုပ်မည်

Image may contain: 5 people, people smiling, indoor
မြန်မာ့ပန်းချီဆရာကြီးများနှင့် အနော်ရထာပန်းချီပြခန်းတို့ပူးပေါင်းကာ ရေးဘေးသင့် ပြည်သူများ ကယ်ဆယ် ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် ရန်ပုံငွေပန်းချီပြပွဲတစ်ခုပြုလုပ်ရန် သတင်းစာ ရှင်းလင်းပွဲကို သြဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်းမြို့နယ်၊ သစ်ယာပင်လမ်းရှိ အနော်ရထာ ပန်းချီပြခန်းမှာ ပြုလုပ်ခဲ့သည်။

အဆိုပါ ရန်ပုံငွေပန်းချီပြပွဲကို စက်တင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၊ အနော်ရထာပန်းချီပြခန်း၌ ပြုလုပ်မည် ဖြစ်ပြီး SAVIOURS ဖောင်ဒေးရှင်းက ပံ့ပိုးကူညီသွားမည်ဟု သိရသည်။

အဆိုပါ ပန်းချီပြပွဲတွင် ရောင်းရငွေထဲမှ တတ်နိုင်သမျှကို လှူဒါန်းမည်ဖြစ်ပြီး ပြသရောင်းချမည့် ပန်းချီကားများ ကို သြဂုတ်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၄ရက်အတွင်း လက်ခံသွားမည်ဟု သိရသည်။
Image may contain: 2 people, people smiling, indoor
Image may contain: 3 people, people smiling, indoor
Image may contain: 15 people, people smiling, people standing and indoor
Image may contain: 10 people, people standing and indoor
Image may contain: 3 people, people smiling
Image may contain: 7 people
Image may contain: 2 people, text
Image may contain: 3 people, people sitting
Image may contain: 11 people
Image may contain: 3 people, people sitting
ဓာတ်ပုံ-သူရ/မဇ္ဈိမ
Mizzima - News in Burmese

0 comments:

Post a Comment