Tuesday, August 27, 2019

အကြမ်းဖက်မှုကို သည်းခံမည် မဟုတ်ဟု ဟောင်ကောင် အုပ်ချုပ်ရေးမှူး သတိပေး

ဟောင်ကောင်အစိုးရဟာ အကြမ်းဖက်မှုကို လုံးဝသည်းခံမှာ မဟုတ်ဘူးလို့   အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်က သြဂုတ်လ ၂၇ ရက်နေ့မှာ သတိပေး ပြောလိုက်ပါတယ်။ 

ဒါဟာ  သြဂုတ် ၂၅   ရက်က ဟောင်ကောင်မှာ အကြမ်းဖက်  ဆန္ဒပြပွဲတွေ ဖြစ်ပြီးနောက် ကယ်ရီလမ်က ပထမဆုံးအကြိမ်  လူသိထင်ရှား ပြောလိုက်တာပါ။ အဲဒီနေ့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေက   အုတ်ခဲတွေ၊ ဓာတ်ဆီဗုံးတွေနဲ့ ပစ်ပေါက်သလို ရဲတပ်ဖွဲ့ကလည်း ရေအမြောက်၊ မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပြန်ပစ်ခတ်ခဲ့ပါတယ်။
အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်က   အကြမ်းဖက်မှုဟာ ပြဿနာ အဖြေရှာတဲ့ နည်းလမ်း မဟုတ်သလို တိုက်ခိုက်မှုကို ဥပဒေနဲ့ ခွင့်မပြုသင့်ဘူးလို့ ဆိုပါတယ်။
အစိုးရဟာ ပြဿနာလျော့ပါးအောင် အင်အားသုံးမှာ မဟုတ်ဘဲ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို အသုံးပြုသွားမယ်လို့ ကယ်ရီလမ်က   ပြောပါတယ်။ အဲဒီနည်းလမ်းနဲ့ ဟောင်ကောင်ဟာ အမြန်ဆုံး ပြန်လည်ငြိမ်းချမ်းပြီး ဒါက နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးပြီး ပြဿနာကို နက်နက်နဲနဲ့ အဖြေရှာဖို့  အထောက်အကူဖြစ်လိမ့်မယ်လို့ လမ်က ပြောသွားခဲ့ပါတယ်။
အခုအခါ ဟောင်ကောင်ဟာ အကြီးမားဆုံး နိုင်ငံရေး အကျပ်အတည်း  ကြုံတွေ့နေရပြီး ကွန်မြူနစ်ပါတီအာဏာပိုင်တွေက မငြိမ်သက်မှုတွေကို အင်အားသုံး ဖြေရှင်းနိုင်တယ်ဆိုပြီး ပြတ်ပြတ်သားသား သတိပေးထားပါတယ်။

DVB

0 comments:

Post a Comment