Tuesday, August 27, 2019

အကြမ်းဖက်အစွန်းရောက်ဝါဒီများ၏ အင်တာနက်စာမျက်နှာများကို သြစတြေးလျ ပိတ်ပင်မည်

အကြမ်းဖက်တိုက်ခိုက်မှုတွေကို အွန်လိုင်းမှာ လွှင့်တင်ခဲ့တဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒီတွေရဲ့ အင်တာနက်စာမျက်နှာတွေကို ပိတ်ပင်သွားမယ်လို့ သြစတြေးလျအစိုးရက သြဂုတ် ၂၅ ရက်မှာ ပြောပါတယ်။

 သြစတြေးလျနဲ့ နယူးဇီလန်အစိုးရတွေဟာ မတ်လက ခရိုက်စ်ချာ့ချ်မြို့ လူအစုလိုက် အပြုံလိုက် အသတ်ခံရမှုအပြီးမှာ အင်တာနက်နဲ့ လူမှုကွန်ရက်မီဒီယာတွေကို ပိုတင်းကျပ်လာခဲ့တာပါ။ 
နယူးဇီလန်က ဗလီနှစ်ခုမှာ ဝတ်ပြုသူ ၅၁ ယောက် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုကို ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ သေနတ်သမား ဘရန်တွန် တောရန့်က ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။ 
ဒီလိုမျိုး ဖြစ်စဉ်တွေအား လက်ခံတဲ့ အင်တာနက် ဒိုမိန်းတွေကို ပိတ်ဆို့မယ့် မူဘောင်တရပ် ချမှတ်မယ်လို့ အစိုးရက ပြောပါတယ်။
ဆင်ဆာဖြတ်သင့်သလားဆိုတာ အမှုတခုချင်းစီအပေါ် မူတည်ပြီး သြစတြေးလျ အင်တာနက် ဘေးကင်းရေး ကော်မရှင်နာမင်းကြီးက ဆုံးဖြတ်မယ်၊ အကြပ်အတည်းနဲ့ တိုက်ခိုက်မှု ဖြစ်နေချိန်တွေမှာ ဒါမျိုးကိစ္စကို အမြန်ပိတ်ဆို့ဖို့ စီစဉ်စရာရှိတာတွေကို လုပ်ငန်းတွေနဲ့အတူ လုပ်ဆောင် စီစဉ်နေတယ်လို့ အစိုးရက ပြောပါတယ်။
တယ်လ်စထရာ၊ Vodafone, TPG၊ Optus၊ Facebook, YouTube, Amazon, Microsoft နဲ့ Twitter တို့လို နည်းပညာ လုပ်ငန်းကြီးတွေက ထောက်ခံချက်တွေ ဘယ်လိုပေးမလဲဆိုတာနဲ့ ပတ်သက်ပြီး လာမယ့်လကုန်ပိုင်းမှာ အစိုးရကို အချက်အလက် အသေးစိတ်တွေ ပေးဖို့ မျှော်လင့်ထားပါတယ်။
ဒါပေမဲ့ ဒီလုပ်ရပ်က အရပ်ဘက် မငြိမ်သက်မှုတွေ ဒါမှမဟုတ် အကြမ်းဖက် တိုက်ခိုက်မှုတွေကို အစီရင်ခံရာမှာ မီဒီယာတွေအပေါ် ဘယ်လိုသက်ရောက်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 
ခရိုက်စ်ချာ့ချ် တိုက်ခိုက်မှု တိုက်ရိုက် ထုတ်လွှင့်ချက်ထဲက တည်းဖြတ်ထားတဲ့ ရုပ်သံ အစိတ်အပိုင်းတချို့ကို ပြသမှုအတွက် နယူးဇီလန်ရုပ်သံအာဏာပိုင်အဖွဲ့က Sky News New Zealand သတင်းဌာနကို အမေရိကန်ဒေါ်လာ ၂၅၆၀ နဲ့ ညီမျှတဲ့ ဒဏ်ငွေ ပေးဆောင်ခိုင်းခဲ့ပါတယ်။ 
ဒီထုတ်လွှင့်မှုက သတင်းဖြစ်ဖို့ ထိုက်တန်ပေမယ့် အကြမ်းဖက် ရုပ်ပုံတွေဟာ စိတ်သောက ဖြစ်စေတဲ့အပြင် တိုက်ခိုက်သူကို ဂုဏ်တက်စေပြီး သူ့ရဲ့ သတင်းစကားကို အရောင်းမြှင့်တင်ပေးရာ ရောက်နေတယ်လို့ စည်းမျဉ်း ကြပ်မတ်သူတွေက ပြောပါတယ်။

DVB

0 comments:

Post a Comment