Tuesday, August 27, 2019

(၇) ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲတွင် ယခင်လထက်ကျပ်သန်း တစ်ထောင်ကျော် တိုးမြှင့်ထား

စက်တင်ဘာ ၁ ရက် တွင်ပြုလုပ်မည့် (၇) ကြိမ်မြောက်   အောင်ဘာလေထီဖွင့်ပွဲ၌ ယခင်   ထက်ကျပ်သန်းတစ်ထောင်ကျော်  ဆုငွေတိုးမြှင့်ခွဲဝေချီးမြှင့်မည်ဟု အောင်ဘာလေ သိန်းဆုဌာနခွဲက ကြေညာသည်။

အောင်ဘာလေသိန်းဆုဌာန  သည် သြဂုတ် ၁ ရက်တွင်ပြုလုပ် သည့် (၆) ကြိမ်မြောက်ထီဖွင့် ပွဲတွင် ဆုငွေကျပ် သန်း ၁၇,၀၀၀ ကျော် ဆုငွေခွဲဝေချီးမြှင့်ပြီး  (၇) ကြိမ်မြောက်၌ ကျပ်သန်း   ၁၈,၀၀၀ ကျော်ချီးမြှင့်ရန် သတ် မှတ်ထားသည်။
‘‘ရောင်းရငွေတိုးလို့ ဆုငွေ ပမာဏလည်း တိုးပေးရတာပါ။  ဆုတန်ဖိုးတွေကတော့အပြောင်း  အလဲမရှိဘူး။ အရေအတွက် တော့ နည်းနည်းတိုးသွားတယ်’’ ဟု အောင်ဘာလေသိန်းဆုဌာန ခွဲမှတာဝန်ရှိသူတစ်ဦးက ပြော သည်။
အောင်ဘာလေသိန်းဆုဌာန   က (၆) ကြိမ်မြောက်တွင် အက္ခ ရာ ၃၆ လုံး  ရိုက်နှိပ်ရောင်းချပြီး (၇) ကြိမ်မြောက်၌ အက္ခရာ ၃၇ လုံး ရောင်းချသည်။
ထို့ကြောင့် ယခင်လထက် အက္ခရာတစ်လုံးပိုသော်လည်း ထီ လက်မှတ်လက်ကျန် မရှိကြောင်း အဆိုပါဌာန  ထုတ်ပြန်ချက်စာရင်းများက ဆိုသည်။
ထို့အပြင် (၆) ကြိမ်မြောက်   ကလည်း ထီလက်မှတ်အားလုံး ရောင်းချနိုင်သဖြင့် နှစ်လဆက် တိုက်လက်ကျန် မရှိခြင်းလည်း ဖြစ်သည်။

7Day

0 comments:

Post a Comment