Thursday, August 29, 2019

သံလွင်တံတား - ကော့ကျိုက် - နောင်လုံ - အိန္ဒုလမ်းရှိ မြပြည်တံတားအား (ယာဉ်+ကုန် = ၃၆ တန်)အထိ ဖြတ်သန်းနိုင်ပြီ

No photo description available.

သံလွင်တံတား - ကော့ကျိုက် - နောင်လုံ - အိန္ဒုလမ်းရှိ မြပြည် တံတားအား (ယာဉ်+ကုန် = ၃၆ တန်)အထိ ဖြတ်သန်းနိုင်ရန် ဆောင်ရွက်ထားပြီဖြစ်သဖြင့် ယနေ့ နံနက်မှစ၍ သတ်မှတ်တန်ချိန်ရှိ ယာဉ်များ အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

(ယာဉ်+ကုန် = ၃၆ တန်)အထက် ယာဉ်များအတွက် ကော့ကျိုက် - ဇာသပြင် (အဖြောင့်လမ်း) ရှိ နိမ့်ကျသွားသော အရှည်(၂၀)ပေတံတား နေရာတွင် အရှည် (၄၀)ပေ ဘေလီတံတားအား (၁-၉-၂၀၁၉)ရက် ညနေပိုင်းမှ စတင်၍ အသုံးပြုနိုင်အောင် ဆောင်ရွက်လျက် ရှိပါကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

0 comments:

Post a Comment