Thursday, August 29, 2019

ချင်းနှင့် ရခိုင်ပြည်နယ်က စစ်ပြေးဒုက္ခသည်များအတွက် ဒေါ်လာ ၁၂ သန်းကျော် ထောက်ပံ့မည်

ချင်းနဲ့ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းသူတွေအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေက အမေရိကန် ဒေါ်လာ ၁၂ သန်းကျော် ထောက်ပံ့မယ်လို့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်း ထပ်မံဖြစ်ပေါ်လာတဲ့ နေရပ်စွန့်ခွာ ရွှေ့ပြောင်းမှုတွေအတွက် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကနေ အခုလို ပေးဖို့ Supplemental Response Plan For Myanamar(New Displacement In Rakhine and Chin States) (SRP) မူကြမ်း ရေးဆွဲတင်ပြခဲ့တာဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
သြဂုတ် ၂၉ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းဝေးမှာ ချင်းပြည်နယ်မဲဆန္ဒနယ်က ဦးဝှေ့တင်းမေးမြန်းတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူတွေအတွက် အစိုးရက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး ကူညီထောက်ပံ့ပေးဖို့ အစီစဉ် ရှိ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး အခုလို ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ အစားအသောက်လုံခြုံမှု၊ အစာအာဟာရ၊ အမိုးအကာနဲ့ အစားအသောက် မဟုတ်တဲ့ အခြားပစ္စည်းတွေ ထောက်ပံ့တာ၊ ကာကွယ်စောင့်ရှောက်တာ၊ ကျန်းမာရေး၊ ရေနဲ့ သန့်ရှင်းရေး၊ ပညာရေးစတဲ့လုပ်ငန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက”ဒီလုပ်ငန်းတွေကို အစိုးရနဲ့ ညှိနှိုင်းသဘောတူညီချက်အရ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရမဟုတ်တဲ့ အ ဖွဲ့အစည်းတွေ၊ ပြည်တွင်းအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး လျာထား အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၂ သန်းအနက် ၅ သန်း ရရှိပြီဖြစ်တယ်လို့ သိရပါတယ် ” လို့ ပြောပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာကနေ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၀ ရက်အထိ တိုက်ပွဲရှောင်အိမ်ထောင်စု ၂၅၅ စု၊ လူဦးရေ ၁၃၄၀ ဦးဟာ နေရပ်စွန့်ခွာပြီး နီးစပ်ရာ ကျေးရွာတွေမှာ ခေတ္တအခြေချနေထိုင်နေကြရကာ  တိုက်ပွဲရှောင်စခန်းသီးခြား ဖွင့်ထားတာမရှိဘူးလို့ ဆိုပါတယ်။
DVB

0 comments:

Post a Comment