Thursday, August 29, 2019

မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်သောင်းကျန်းသူများအဖွဲ့မှ လားရှိုး-သိန်းနီကြားတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီးထားသည့် (ရုပ်သံ)


ယနေ့ သြဂုတ်လ (၃၀) ရက်နေ့ မနက် ၆း၀၀ နာရီခန့်က လားရှိုး-သိန်းနီကြား၊ ပန်ဖတ် နှင့် မိုင်းလီကျေးရွာကြား၊ မိုင်တိုင် 192/5-6 ကြားတွင် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့သည် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးနှင့် ဈေးသည်ဆိုင်ကယ်တစ်စီးတို့ အားမီးရှို့ ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

လက်နက်ကိုင်သောင်းကျန်းသူများအဖွဲ့သည် သြဂုတ် ၂၉ ရက် ည ၇ နာရီဝန်းကျင်တွင်လည်း ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအဝင်မှာ ကားတစ်စီးမီးရှို့ဖျက်ဆီးခဲ့ပြီး၊ မနက်ပိုင်း ၉ နာရီခွဲတွင်လည်း ရှုခင်းသာမှာ တွဲကားတစ်စီး မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။
အလားတူ မြောက်ပိုင်းအကြမ်းဖက်အဖွဲ့သည် ပြည်သူများ အသုံးပြုသော တံတားများကို ဖျက်ဆီးလျက်ရှိပြီး မော်တော်ယာဉ်အချို့ကိုလည်း အလားတူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment