Tuesday, August 27, 2019

လျှပ်စစ်/စွမ်းအင်ဝန်ကြီးနှင့်ဒုဝန်ကြီးတို့ အစစ်ဆေးခံရခြင်းမှာ Ever Meter ကုမ္ပဏီနှင့်သက်ဆိုင်မှုမရှိဟု ဆို

vbzaazvgbazvg
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးတို့အား စစ်ဆေးခြင်းမှာ Ever Meter ကုမ္ပဏီလီမိတက်နှင့်သက်ဆိုင်မှုမရှိကြောင်း ယင်းကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးမျိုးအောင်က ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှတာဝန်ရှိသူ၏ ပြောကြားချက်များနှင့်ပတ်သက်၍ Ever Meter ကုမ္ပဏီလီမိတက်မှ ပြန်လည်ရှင်းလင်းတင်ပြခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“သူတို့ကို အဂတိကစစ်တာပါ။ ကျွန်တော်တို့တိုင်တာမဟုတ်ပါဘူး။ ကျွန်တော်တို့တိုင်ခဲ့တာကကြာပြီ။ အခုသူတို့စစ်ဆေးခံရတာနဲ့ ပတ်သက်ပြီး တော်တော်များများက ကျွန်တော်တို့ကြောင့်လို့ ပြောကြတယ်။ လုံးဝသက်ဆိုင်ခြင်းမရှိပါဘူး”ဟု Ever Meter ကုမ္ပဏီလီမိတက်မှ မန်းနေးဂျင်ဒါရိုက်တာ ဦးမျိုးအောင်က ပြောသည်။
ပြီးခဲ့သည့် ၂၁ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်မှ မီတာတင်ဒါကိစ္စနှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် Ever Meter ကုမ္ပဏီလီမိတက်မှ ဒေါပုံနှင့် သာကေတမြို့နယ် Pilot Project အနေဖြင့် တပ်ဆင်ပေးခဲ့ရာ အောင်မြင်မှုရရှိကြောင်း သိရသည်။

စုသက်နှင်း(အကုန်သိသတင်းဌာန)

0 comments:

Post a Comment