ဗစ္တိုးရီးယား ကေလးငယ္အမႈတြင္ သံသယတရားခံအျဖစ္ ဖမ္းဆီးခံထားရသည့္ ယာဥ္ေမာင္း ကိုေအာင္ႀကီး အာမခံရရွိရန္ လာမည့္ ေအာက္တိုဘာလ ၉ ရက္ေန႔ (၈)ႀကိမ္ေျမာက္႐ုံးခ်ိန္းတြင္ တရားရံုးက ဆံုးျဖတ္ေပးသြားမည္ျဖစ္ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာၾကားသည္။
ေအာက္တိုဘာလ ၉ ရက္ေန႔တြင္ က်င္းပမည့့္္ ၈ ႀကိမ္ေျမာက္ရံုးခ်ိန္းတြင္ Wisdom Hill ေက်ာင္းရွိယာဥ္ေမာင္းမ်ားကို စစ္ေဆးသြားမည္ျဖစ္ၿပီး၊ အခ်ိန္ရပါက ေက်ာင္းCCTV တာ၀န္ခံကို ဆက္လက္စစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။
စက္တင္ဘာလ ၂၄ ရက္ေန႔တြင္ ျပဳလုပ္သည့္ ၇ ႀကိမ္ေျမာက္ရံုးခ်ိန္းတြင္ သံသယတရားခံ ကိုေအာင္ႀကီးအတြက္ အာမခံရရွိရန္ ေလွ်ာက္ထားတင္ျပခဲ့ၿပီး ၊ အမႈႏွင့္ ပတ္သက္၍သက္ေသခံပစၥည္း မ်ားသိမ္းဆည္းစဥ္က အတူရွိခဲ့သည့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးႏွစ္ဦးကို တရားလို၊တရားခံႏွစ္ဖက္ေရွ႕ေန မ်ားက စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႕စစ္ေဆးရာ၌ သက္ေသခံပစၥည္းမ်ားသိမ္းဆည္းရာတြင္ ၄င္းတို႕ အေနျဖင့္ ကိုယ္တိုင္မေတြ႕ရွိခဲ့ရဘဲ၊ ရဲစခန္းစားပြဲေပၚတြင္ ေတြ႕ရွိခဲ့သည့္ အေပၚ၌သာ လက္မွတ္ေရးထိုးေပးခဲ့သည္ဟု တရားခြင္အတြင္း ထြက္ဆိုခဲ့ ေၾကာင္း သိရသည္။
ဗစ္တိုးရီးယားကေလးငယ္ႏွင့္ပတ္သက္၍ သံသယတရားခံအျဖစ္ တရားစြဲဆိုခံရသူ ယာဥ္ေမာင္းကိုုေအာင္ႀကီးကို ဒကၡိဏသီရိ ခရိုင္တရားရံုးက ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆ျဖင့္ တရားစြဲဆိုထားရရွိၿပီး၊ အမႈအား ဇူလိုင္ ၁၅ ရက္မ်စတင္ကာ အဆင့္ဆင့္ ရံုးထုတ္စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။
#JusticeForVictoria #ToPromotetheRuleofLaw #WISDOMHILL #Myanmar_Online_News #StopChildSexAbuseInMyanmar
<Unicode>
ဗစၲိဳးရီးယားအမႈၾတင္ သံသယ တရားခံေအာင္ႀကီးအား အာမခံေပးရႏ္ ၈ ႀကိမ္ေ်မာက္ရံဳးခ္ိႏ္းၾတင္ ဆံုး်ဖတၼၫ္
Tuesday, September 24, 2019
ဗစ်တိုးရီးယား ကလေးငယ်အမှုတွင် သံသယတရားခံအဖြစ် ဖမ်းဆီးခံထားရသည့် ယာဉ်မောင်း ကိုအောင်ကြီး အာမခံရရှိရန် လာမည့် အောက်တိုဘာလ ၉ ရက်နေ့ (၈)ကြိမ်မြောက်ရုံးချိန်းတွင် တရားရုံးက ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။
အောက်တိုဘာလ ၉ ရက်နေ့တွင် ကျင်းပမည့့်် ၈ ကြိမ်မြောက်ရုံးချိန်းတွင် Wisdom Hill ကျောင်းရှိယာဉ်မောင်းများကို စစ်ဆေးသွားမည်ဖြစ်ပြီး၊ အချိန်ရပါက ကျောင်းCCTV တာဝန်ခံကို ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြုလုပ်သည့် ၇ ကြိမ်မြောက်ရုံးချိန်းတွင် သံသယတရားခံ ကိုအောင်ကြီးအတွက် အာမခံရရှိရန် လျှောက်ထားတင်ပြခဲ့ပြီး ၊ အမှုနှင့် ပတ်သက်၍သက်သေခံပစ္စည်း များသိမ်းဆည်းစဉ်က အတူရှိခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦးကို တရားလို၊တရားခံနှစ်ဖက်ရှေ့နေ များက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ၌ သက်သေခံပစ္စည်းများသိမ်းဆည်းရာတွင် ၎င်းတို့ အနေဖြင့် ကိုယ်တိုင်မတွေ့ရှိခဲ့ရဘဲ၊ ရဲစခန်းစားပွဲပေါ်တွင် တွေ့ရှိခဲ့သည့် အပေါ်၌သာ လက်မှတ်ရေးထိုးပေးခဲ့သည်ဟု တရားခွင်အတွင်း ထွက်ဆိုခဲ့ ကြောင်း သိရသည်။
ဗစ်တိုးရီးယားကလေးငယ်နှင့်ပတ်သက်၍ သံသယတရားခံအဖြစ် တရားစွဲဆိုခံရသူ ယာဉ်မောင်းကိုအောင်ကြီးကို ဒက္ခိဏသီရိ ခရိုင်တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ဖြင့် တရားစွဲဆိုထားရရှိပြီး၊ အမှုအား ဇူလိုင် ၁၅ ရက်မျစတင်ကာ အဆင့်ဆင့် ရုံးထုတ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
#JusticeForVictoria #ToPromotetheRuleofLaw #WISDOMHILL #Myanmar_Online_News #StopChildSexAbuseInMyanmar
0 comments:
Post a Comment