Friday, September 20, 2019


Image may contain: 1 person, standing, sunglasses and text

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက “ခါးပိုက်နှိုက်ကျူးလွန်သူများအား ဖမ်းဆီးဆောင်ရွက်သွားရန်” ညွှန်ကြားချက်အရ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိုမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ၁၆.၉.၂၀၁၉ ရက်နေ့ ၀၉၀၀ အချိန်တွင် လှိုင်သာယာမြို့နယ်အတွင်းရှိ YBS ယာဉ်လိုင်းများနှင့်မှတ်တိုင်များတွင် သတင်းရယူဆောင်ရွက်ခဲ့ရာ YBS-53 ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်ကျော်ဇော သတင်းရှိသူ ကိုမျိုး အား ၎င်းလွယ်ထားသော ကျောပိုးအိတ်အတွင်းမှ ငွေစက္ကူရောရာ(၁၁၀၀၀ိ/-)ကျပ် နှင့်ပတ်သက်၍စစ်မေးရာ ၎င်းYBS-53ယာဉ်ပေါ်ပါ အသက်(၅၀)နှစ်ခန့်ရှိ အမျိုးသား(၁)ဦး၏ အင်္ကျင်္ီအိတ်ကပ်အတွင်းမှ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် ဖမ်းဆီးခဲ့ပါသည်။

ထို့နောက် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိုမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ခါးပိုက် နှိုက်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ YBS-17 ယာဉ်ပေါ်မှဆင်းလာသည့် ခါးပိုက်နှိုက်ပြစ်ချက် ဟောင်းရှိသူ မြင့်သိန်းထွန်း အား ၎င်းလွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ ငွေစက္ကူရောရာ (၁၂၀၀၀ိ/-)ကျပ် နှင့်ပတ်သက်၍စစ်မေးရာ ၎င်းယာဉ်ပေါ်ပါ အသက်(၄၈)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ အင်္ကျင်္ီအိတ်ကပ်အတွင်းမှ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
<Unicode>
YBS-53၊ YBS-17 ယာဉ်ပေါ်မှ ခါးပိုက်နှိုက်မှုကျူးလွန်သူ(၂)ဦးကို ဖမ်းဆီးရမိ
Friday, September 20, 2019

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက “ခါးပိုက်နှိုက်ကျူးလွန်သူများအား ဖမ်းဆီးဆောင်ရွက်သွားရန်” ညွှန်ကြားချက်အရ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိုမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ၁၆.၉.၂၀၁၉ ရက်နေ့ ၀၉၀၀ အချိန်တွင် လှိုင်သာယာမြို့နယ်အတွင်းရှိ YBS ယာဉ်လိုင်းများနှင့်မှတ်တိုင်များတွင် သတင်းရယူဆောင်ရွက်ခဲ့ရာ YBS-53 ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်ကျော်ဇော သတင်းရှိသူ ကိုမျိုး အား ၎င်းလွယ်ထားသော ကျောပိုးအိတ်အတွင်းမှ ငွေစက္ကူရောရာ(၁၁၀၀၀ိ/-)ကျပ် နှင့်ပတ်သက်၍စစ်မေးရာ ၎င်းYBS-53ယာဉ်ပေါ်ပါ အသက်(၅၀)နှစ်ခန့်ရှိ အမျိုးသား(၁)ဦး၏ အင်္ကျၤ ီအိတ်ကပ်အတွင်းမှ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် ဖမ်းဆီးခဲ့ပါသည်။
ထို့နောက် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိုမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ခါးပိုက် နှိုက်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ YBS-17 ယာဉ်ပေါ်မှဆင်းလာသည့် ခါးပိုက်နှိုက်ပြစ်ချက် ဟောင်းရှိသူ မြင့်သိန်းထွန်း အား ၎င်းလွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ ငွေစက္ကူရောရာ (၁၂၀၀၀ိ/-)ကျပ် နှင့်ပတ်သက်၍စစ်မေးရာ ၎င်းယာဉ်ပေါ်ပါ အသက်(၄၈)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ အင်္ကျၤ ီအိတ်ကပ်အတွင်းမှ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ပါဆုံးသက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းပြီးဖြစ်၍ ပြစ်မှု ကျူးလွန်သူ ကိုမျိုး နှင့် မြင့်သိန်းထွန်း တို့(၂)ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။
#YBS53 #YBS17 #ခါးပိုက်နှိုက် #Myanmar_Online_News

0 comments:

Post a Comment