Friday, September 20, 2019

ဖြဲ့စည္းပံုအေျခခံဥပေဒတြင္ ျပည္နယ္/တုိင္းလႊတ္ေတာ္ႏွင့္ ၀န္ႀကီးခ်ဳပ္မ်ား၏ လုပ္ပုိင္ခြင့္အာဏာ တုိးျမွင့္သည့္ အေျခခံဥပေဒမူၾကမ္း တပ္မေတာ္သားလြွတ္ေတာ္ကိုယ္စားလွယ္မ်ားမွ ထပ္မံတင္သြင္း

Image may contain: indoor

စက္တင္ဘာလ ၂၀ ရက္ေန့တြင္ လြွတ္ေတာ္အစည္းအေဝး၌ ျပည္နယ္/တုိင္းေဒသႀကီး လႊတ္ေတာ္မ်ားသည္ ျပည္နယ္/တုိင္းေဒသႀကီး၀န္ႀကီးခ်ဳပ္မ်ားကို တုိက္ရုိက္ ေရြးခ်ယ္ႏုိင္မည့္ အခ်က္အပါအ၀င္ လုပ္ပုိင္ခြင့္အာဏာမ်ားတုိးျမွင့္ထားသည့္ ဖဲြ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္သည့္ ဥပေဒၾကမ္းတစ္ရပ္ကုိ တပ္မေတာ္က ထပ္မံတင္သြင္းလုိက္သည္။

ယခုတင္သြင္းလိုက္ေသာ ျပင္ဆင္သည့္ ဥပေဒၾကမ္းအရ ျပည္နယ္/တုိင္းေဒသႀကီး လႊတ္ေတာ္မ်ားသည္ တုိင္းေဒသႀကီး/ျပည္နယ္ ၀န္ႀကီးခ်ဳပ္မ်ားကို ေရြးခ်ယ္ ခန္႔အပ္နုိင္မည့္အျပင္ ျပည္နယ္/တုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္မ်ားသည္ ျပည္နယ္/တုိင္းေဒသႀကီး ၀န္ႀကီးမ်ားကို တုိက္ရုိက္ ေရြးခ်ယ္ခန္႔အပ္ႏုိင္မည့္ အခြင့္အာဏာ၊ လုပ္ပုိင္ခြင့္မ်ား ရရွိမည္ျဖစ္သည္
အဆုိပါ ဥပေဒၾကမ္းကို တပ္မေတာ္သား အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဗိုလ္မွဴးခ်ဳပ္ေအာင္သန္းခ်စ္ႏွင့္ လြွတ္ေတာ္ကိုယ္စားလွယ္ ၁၄၄ ဦးက တင္သြင္းခဲ့ျခင္းျဖစ္သည္။
<<Unicode>>
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်/တိုင်းလွှတ်တော်နှင့် ဝန်ကြီးချုပ်များ၏ လုပ်ပိုင်ခွင့်အာဏာ တိုးမြှင့်သည့် အခြေခံဥပဒေမူကြမ်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှ ထပ်မံတင်သွင်း
Friday, September 20, 2019

စက်တင်ဘာလ ၂၀ ရက်နေ့တွင် လွှတ်တော်အစည်းအဝေး၌ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်များသည် ပြည်နယ်/တိုင်းဒေသကြီးဝန်ကြီးချုပ်များကို တိုက်ရိုက် ရွေးချယ်နိုင်မည့် အချက်အပါအဝင် လုပ်ပိုင်ခွင့်အာဏာများတိုးမြှင့်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်ကို တပ်မတော်က ထပ်မံတင်သွင်းလိုက်သည်။
ယခုတင်သွင်းလိုက်သော ပြင်ဆင်သည့် ဥပဒေကြမ်းအရ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်များသည် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များကို ရွေးချယ် ခန့်အပ်နိုင်မည့်အပြင် ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်များသည် ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးများကို တိုက်ရိုက် ရွေးချယ်ခန့်အပ်နိုင်မည့် အခွင့်အာဏာ၊ လုပ်ပိုင်ခွင့်များ ရရှိမည်ဖြစ်သည်
အဆိုပါ ဥပဒေကြမ်းကို တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်သန်းချစ်နှင့် လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက တင်သွင်းခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment