
ကြ်ႏု္ပ္တို႔ ျမန္မာလူမ်ဳိးမ်ားတြင္ ထင္သာျမင္သာေသာ ခ်ဳိ႕ယြင္း အားနည္းခ်က္တစ္ခု ရွိပါသည္။ ဤအားနည္းခ်က္သည္ပင္ ဖြံ႔ၿဖိဳးမွႈ ေနာက္က်ရျခင္း၏ အေၾကာင္းရင္းခံတစ္ခု ျဖစ္ႏိုင္သည္။
ဤသို႔ေသာ ေပ်ာ႔ကြက္ဟာကြက္မ်ဳိးကို၊ အေမရိကန္ေတြက ‘လူႀကီးသူငယ္နာ ေရာဂါ’ ဟု ေခၚၾကသည္။ ကြ်ႏ္ုပ္တို႔ႏိုင္ငံတြင္လည္း အသက္ႀကီး အခ်ိန္မစီးသည့္ ကေလးေပါႀကီးေတြ ေပါမွေပါ ျဖစ္ေလရာ၊ သူတို႔ေျပာေသာ ေရာဂါအမည္ႏွင္႔ အဟပ္ညီမည္ထင္ပါသည္။
သို႔ေသာ္ အဆိုပါေရာဂါ ဆိုသည္ထက္၊ အသိပညာအရာတြင္ ကေလက၀ႏိုင္မွႈႏွင္႔ ပို၍ဆိုင္ပါလိမ္႔မည္။ မည္သို႔ပင္ရွိေစ ဤလို ေရာဂါမ်ဳိး ဖိစီးႏွိပ္စက္ခံေနရသည့္ ျမန္မာလူမ်ဳိး အေရအတြက္သည္ကား၊ ပို၍ပို၍ မ်ားလာဟန္ ရွိပါသည္။ ထားေတာ႔…၊ ဤခ်ဳိ႕ယြင္းအားနည္းခ်က္ (ဆိုၾကပါစို႔ ေရာဂါ) ဆိုသည္မွာ ဘာကို ဆိုလိုပါသနည္း။ ဤေရာဂါက ကြ်ႏု္ပ္တို႔ ျမန္မာေတြကို ဘယ္ေသာင္ဘယ္ကမ္း ဆိုက္ေစမည္နည္း…။
ကေလးတစ္ေယာက္က သူ႔ကစားေဖာ္ သူငယ္ခ်င္းမ်ားကို ေျပာေလ႔ေျပာထရွိသည္မ်ားကို ကြ်ႏု္ပ္တို႔တေတြ မၾကာခဏဆိုသလို ၾကားရေလ႔ရွိသည္။
‘ငါ႔အိမ္က မင္းအိမ္ထက္ ပိုၾကီးသကြ’
‘ငါ႔အေဖက မင္းအေဖကို အသာေလးနဲ႔ ေနာက္ေကာက္ခ်ႏိုင္တယ္ ေမာင္’ စသျဖင္႔။
ဤသို႔ေသာ ကေလးအၾကြားမ်ဳိးကို မိဘျဖစ္သူမ်ားက ဟန္႔သေယာင္၊ တားသေယာင္ ေဆာင္ၾကေသာ္လည္း စိတ္ထဲကေတာ႔ က်ိတ္သေဘာက်ေနၾကသည္က မ်ားသည္။ ဒီလိုႏွင္႔ ငယ္က်င္႔ေတြမွာ လူၾကီးဘ၀အထိ ပါလာေတာ႔သည္။
ဦးေရႊက သူ႔ဇနီးအတြက္ ေရႊဘီးတစ္ေခ်ာင္း လုပ္ေပးေသာအခါ၊ အိမ္နီးခ်င္း ဦးေငြက အားက်မခံ သူ႔မိန္းမကုိ စိန္ဘီး လုပ္ေပးသည္မွာ အဆိုပါ ေဖာ္ျပခ်က္မ်ဳိး ျဖစ္ပါသည္။ ထို႔ထက္ တစ္ဆင္႔တက္လာေသာအခါ ပိုဆိုးေလသည္။
‘ေဟ႔ ငါတို႔ ျမန္မာဘုရင္ေတြက ယိုးဒယား၊ အာသံနဲ႔ မဏိပူရကို ႏိုင္ခဲ႔တာကြ၊ ဘာမွတ္လဲ…’ စသျဖင္႔။
မိမိေအာင္ျမင္မွႈအေပၚ ေသြးနားထင္ေရာက္ေနေသာ၊ အျခားႏိုင္ငံႏွင္႔ လူမ်ဳိးမ်ားအေပၚ အဖက္မတန္သလို သေဘာထားေသာ ဘ၀င္စိတ္ပင္ ျဖစ္ပါသည္။
‘ဟိတ္ အတန္းထဲမွာ ငါ အေတာ္ဆံုး၊ ငါအလိမၼာဆံုးကြ’ ဆိုသည့္ ကေလးစကားႏွင္႔ ဘာကြာေတာ႔မည္နည္း။
လူဦးေရႏွင္႔ ႏွႈိင္းယွဥ္ၾကည့္လွ်င္၊ ကြ်ႏ္ုပ္တို႔ ႏို္င္ငံတြင္ ၀တ္ျပဳကိုးကြယ္စရာ ဘုရားေက်ာင္းကန္ေတြ အျခားမည္သည့္ တုိင္းျပည္ထက္မဆို ပိုမ်ားသည္။ သို႔ႏွင္႔တုိင္ ကြ်ႏ္ုပ္တို႔တေတြ၏ ဘာသာေရး အဆံုးအမမ်ား အေပၚ ေစာင္႔ထိန္းလိုက္နာမွႈမွာ အားနည္းလွသည္ဟု ဆိုခ်င္သည္။
ကြ်ႏ္ုပ္တို႔ ဘာသာတရားက ဘုန္းေတာ္ႀကီးမ်ားကို ေလာကီေရးတြင ္၀င္မစြက္ရန္ တားျမစ္ထားေသးသည္။ သို႔ေသာ္ အျငိမ္႔ပြဲ ဇာတ္ပြဲေတြ သြားၾကည့္ပါက ၀ါ၀ါ၀င္း၀င္းေတြ မျမင္ခ်င္႔အဆံုး ျဖစ္ေတာ႔သည္။
ကြ်ႏု္ပ္တို႔ႏိုင္ငံမွာ သယံဇာတ ေပါၾကြယ္သည္ဟု နာမည္ႀကီးသည္။ သို႔ေသာ္ ကြ်ႏု္ပ္တို႔တေတြကား ‘ဆီကို ေရခ်ဳိး၊ ေဆးရိုးမီးလွႈံ’ ဟုဆိုကာ ျဖဳန္းတီးမွႈကို အဟုတ္ႀကီး ထင္ေနၾကသည္။ ဘာေၾကာင္႔ ဤသို႔ ျဖစ္ေနပါသနည္း။ စိတ္ဓာတ္ေရးရာအရ ႏို႔စို႔ကေလးဘ၀မွ မတက္ႏိုင္ေသာေၾကာင္႔ ျဖစ္ပါသည္။
ကြ်ႏု္ပ္တို႔ ျမန္မာေတြမွာ ကမၻာေပၚတြင္ အႏုပညာပါရမီ အသန္ဆံုး လူမ်ဳိးတစ္မ်ဳိး ျဖစ္သည္မွာ မွန္ပါသည္။ သို႔ႏွင္႔တုိင္ အႏုပညာသည္မ်ား (ဇာတ္မင္းသား၊ ဇာတ္မင္းသမီး) မ်ားႏွင္႔ ပတ္သက္လွ်င္မူ၊ ေအာက္တန္းစား ဖက္ခြက္စားဟု သေဘာထားၾကသည္က မ်ားသည္။ သူတို႔ႏွင္႔ ၾကမ္းတေျပးတည္း ထိုင္လွ်င္ပင္ အရွက္ရစရာ၊ သိမ္ငယ္စရာဟု ထင္ၾကသည္။
ႏိုု္င္ငံျခားသားတို႔၏ စဥ္းစားေတြးေခၚပံု၊ လုပ္ကိုင္ေဆာင္ရြက္ပံုမ်ားႏွင္႔ ပတ္သက္လွ်င္လည္း အတုယူ နည္းယူစရာ ရွာမၾကည့္တတ္။ အထင္ေသး ရွႈတ္ခ်ၾကသည္က မ်ားသည္။ ေျပာရလွ်င္ အစစအရာရာ ကြ်ႏု္ပ္တို႔တေတြမွာ အရြယ္မေရာက္ေသးေသာ ကေလးစိ္တ္ႏွင္႔ လူႀကီးကိုယ္ေတြ ျဖစ္ေနေတာ႔သည္။
ကြ်ႏု္ပ္တို႔ႏိုင္ငံ ေရာက္လာၾကေသာ ႏိုင္ငံျခားဧည့္သည္မ်ားက ကြ်ႏု္ပ္တို႔ကို သေဘာက်ၾကပါသည္။ ‘နက္ျဖန္ခါ အတြက္ပင္ ေတြးမပူတတ္ေသာ ေပ်ာ္ေပ်ာ္ေနေသခဲ လူမ်ဳိး’ ဟုလည္း မၾကာခဏဆိုသလို ေျပာတတ္ၾကသည္။ ဤေကာက္ခ်က္မ်ဳိးကို ကြ်ႏု္ပ္တို႔က ဂုဏ္ယူမဆံုး ျဖစ္ေနၾကသည္။ လူႀကီးတစ္ေယာက္၏ ေျမွာက္ပင္႔စကားကို ေက်နပ္ပီတိျဖာေနေသာ ကေလးေလးတစ္ေယာက္ႏွင္႔ပင္ တူေသးေတာ႔သည္။
ကြ်ႏု္ပ္တို႔ဟာသက ရိုးတာသည္။ ကြ်ႏ္ုပ္တို႔စကားက ေပါ႔ျပက္သည္။ ကြ်ႏ္ုပ္တို႔ အေတြးက တိမ္သည္။ သင္႔,မသင္႔ မွန္,မမွန္ ကိုယ္တိုင္ မစဥ္းစား။ စဥ္းစားဆံုးျဖတ္ရမည့္ အလုပ္ကို ဆရာေတာ္မ်ားႏွင္႔ ဂုဏ္သေရရွိ လူႀကီးမင္းမ်ားကိုသာ လႊဲထားသည္။ ကေလးေတြႏွင္႔ ဘာကြာေတာ႔မည္နည္း။
ကြ်ႏု္ပ္တို႔လူမ်ဳိးမွာ စံသတ္မွတ္ခ်က္မ်ားကိုလည္း အလြန္ကိုးကြယ္ေလ႔ ရွိပါသည္။ သို႔ေသာ္ ‘စံ’ အတိုင္းကား မက်င္႔။ က်င္႔သေယာင္ေယာင္ ေဆာင္ၾကသည္။ မိမိကုိယ္ကိုယ္ ဆန္းစစ္ေ၀ဖန္သည္မ်ဳိး အလွ်င္းမရွိ။ သူမ်ား အထင္ေသးမွာ ေၾကာက္ေသာေၾကာင္႔ ျဖစ္သည္။
ဤအက်င္႔က ကြ်ႏု္ပ္တို႔စာေပတြင္ ထင္ဟပ္လ်က္ ရွိသည္။ အကယ္၍မ်ား အိပ္(ခ်)ဂ်ီ၀ဲ(လ) တို႔၊ ဒီအိပ္(ခ်) ေလာရင္႔ တို႔၊ ဂိုဂို(လ) တို႔သာ ျမန္မာျပည္တြင္ လူျဖစ္ခဲ႔လွ်င္၊ ကမၻာေက်ာ္ စာေရးဆရာႀကီးေတြ ျဖစ္လာလိမ္႔မည္ မဟုတ္။ အပယ္ခံ မိစာၦဒိ႒ိေတြ ျဖစ္ဖို႔မ်ားသည္။
ျမန္မာ႔ႏိုင္ငံေရးမွာလည္း ဤနည္းႏွင္ႏွင္ပင္ ျဖစ္ပါသည္။ ကြ်ႏု္ပ္တို႔ အက်င္႔က ႏိုင္ငံေရးသမားတစ္ေယာက္၏ တန္ဖိုးကို ႀကိဳက္မႀကိဳက္ဆိုသည္ႏွင္႔သာ ဆံုးျဖတ္သည္။ ကြ်ႏ္ုပ္တို႔ႏိုင္ငံတြင္သာ ခ်ိန္ဘာလိန္လို အရည္အခ်င္းမ်ဳိး ရွိသည့္ ႏိုင္ငံေရးသမားမ်ဳိးရွိလွ်င္ သူ႔သက္တမ္းမွာ ေျခာက္လထက္ ပိုမခံ။ ျမန္မာေတြက အရည္အခ်င္းထက္ သူ႔တို႔ဟာဒယကို ထိ,မထိသာ ၾကည့္တတ္သည္။
ယေန႔ ျမန္မာႏိုင္ငံေရးေလာကကို ၾကည့္လိုက္လွ်င္လည္း သတင္းစာမ်ားအတြက္ သတင္းျဖစ္ရံုမွ်ထက္ ဘာမွ်မပို။ အခ်င္းခ်င္း ရန္ျဖစ္ေနၾကသည္က မ်ားသည္။ ပါတီႏွစ္ခုရွိလွ်င္ တစ္ခုႏွင္႔တစ္ခု အျပန္အလွန္ တိုက္ခိုက္မည္။ အဆဲေကာင္း အတိုက္ေကာင္းလွ်င္ နာမည္ႀကီးမည္။ အစိုးရကို နာနာဆဲႏိုင္ပါက ပိုလူႀကိဳက္မ်ားလိမ္႔မည္။ ျမန္မာဓေလ႔တြင္ အစိုးရ(မင္း)ကို ရန္သူမ်ဳိးငါးပါးထဲ ထည့္သြင္းထားသည္ မဟုတ္ပါေလာ။
ျမန္မာ႔ေရခံေျမခံမွာ ဒီမိုကေရစီစနစ္ ရွင္သန္ဖုိ႔ အေကာင္းဆံုးဟု ဆိုၾကသည္မ်ား ရွိသည္။ လူတန္းစား ကြာဟမွႈ ေျပာပေလာက္ေအာင္ မရွိေသာေၾကာင္႔ဟု ဆိုသည္။ သို႔ျဖစ္လင္႔ကစား၊ ကြ်ႏ္ုပ္တို႔တေတြမွာ ကိုယ္႔သားသမီးမ်ားကို ယခုလို ဆံုးမေလ႔ရွိၾကသည္။
သားေရ- သမီးေရ ဟိုကေလးနဲ႔ မကားစားၾကနဲ႔ေနာ္၊ ဒင္းတို႔တေတြက အဆင္႔အတန္း မရွိဘူးကြဲ႔’
ကြ်ႏ္ုပ္တို႔ လူႀကီးအခ်င္းခ်င္းလည္း ယခုလို ေျပာေလ႔ရွိၾကသည္။
‘ဦးခ်မ္းသာနဲ႔ ေဒၚပို္္က္ဆံကုိ သိသမို႔လား။ ဒီလုိၿမိဳ႕ေလးမွာ သူတို႔ဘယ္ေနႏိုင္မလဲ။ သူတို႔ ကေလးေတြအတြက္ ေပါင္းစရာ မရွိဘူးတဲ႔ေလ။ သူတို႔အိမ္နီးခ်င္းေတြက စာေရးစာခ်ီနဲ႔ ေက်ာင္းဆရာေတြကိုးရွင္႔…’ စသည္ျဖင္႔။
ဤသည္တို႔မွာ ျမန္မာတစ္ဦး၏ ျမန္မာလူမ်ဳိးမ်ားအေပၚ အျမင္မ်ား ျဖစ္ပါသည္။ စိတ္ပ်က္ဖို႔ ေရးလိုက္သည္ မဟုတ္။ သိမွတ္လက္ခံျပီးသကာလ ဘာ႔ေၾကာင္႔ ဤသို႔ျဖစ္ရသည္ကို၊ အေၾကာင္းရွာစိစစ္ၾကဖို႔ ျဖစ္ပါသည္။ ဤသို႔လုပ္ႏိုင္လွ်င္ ေရာဂါတစ္၀က္ ကုသၿပီး ျဖစ္ႏိုင္ပါသည္။
ဦးသန္႔(လြန္ခဲ့ေသာ ႏွစ္ေပါင္း ၅၀ခန္႔က ဦးသန္႕ေရးခဲ့ေသာစာ ျဖစ္ပါသည္။)
ရည္ညႊန္း။ Oh! We Burmans by Maung Thant
ဘာသာျပန္-မိုးေကာင္း
<<Unicode>>
ဦးသန့်ပြောခဲ့သော“သူငယ်နာမစင်သေးသော ကျနော်တို့လူမျိုး”
Friday, September 20, 2019
ကျွနု်ပ်တို့ မြန်မာလူမျိုးများတွင် ထင်သာမြင်သာသော ချို့ယွင်း အားနည်းချက်တစ်ခု ရှိပါသည်။ ဤအားနည်းချက်သည်ပင် ဖွံ့ဖြိုးမှှု နောက်ကျရခြင်း၏ အကြောင်းရင်းခံတစ်ခု ဖြစ်နိုင်သည်။
ဤသို့သော ပျော့ကွက်ဟာကွက်မျိုးကို၊ အမေရိကန်တွေက ‘လူကြီးသူငယ်နာ ရောဂါ’ ဟု ခေါ်ကြသည်။ ကျွန်ုပ်တို့နိုင်ငံတွင်လည်း အသက်ကြီး အချိန်မစီးသည့် ကလေးပေါကြီးတွေ ပေါမှပေါ ဖြစ်လေရာ၊ သူတို့ပြောသော ရောဂါအမည်နှင့် အဟပ်ညီမည်ထင်ပါသည်။
သို့သော် အဆိုပါရောဂါ ဆိုသည်ထက်၊ အသိပညာအရာတွင် ကလေကဝနိုင်မှှုနှင့် ပို၍ဆိုင်ပါလိမ့်မည်။ မည်သို့ပင်ရှိစေ ဤလို ရောဂါမျိုး ဖိစီးနှိပ်စက်ခံနေရသည့် မြန်မာလူမျိုး အရေအတွက်သည်ကား၊ ပို၍ပို၍ များလာဟန် ရှိပါသည်။ ထားတော့…၊ ဤချို့ယွင်းအားနည်းချက် (ဆိုကြပါစို့ ရောဂါ) ဆိုသည်မှာ ဘာကို ဆိုလိုပါသနည်း။ ဤရောဂါက ကျွနု်ပ်တို့ မြန်မာတွေကို ဘယ်သောင်ဘယ်ကမ်း ဆိုက်စေမည်နည်း…။
ကလေးတစ်ယောက်က သူ့ကစားဖော် သူငယ်ချင်းများကို ပြောလေ့ပြောထရှိသည်များကို ကျွနု်ပ်တို့တတွေ မကြာခဏဆိုသလို ကြားရလေ့ရှိသည်။
‘ငါ့အိမ်က မင်းအိမ်ထက် ပိုကြီးသကွ’
‘ငါ့အဖေက မင်းအဖေကို အသာလေးနဲ့ နောက်ကောက်ချနိုင်တယ် မောင်’ စသဖြင့်။
ဤသို့သော ကလေးအကြွားမျိုးကို မိဘဖြစ်သူများက ဟန့်သယောင်၊ တားသယောင် ဆောင်ကြသော်လည်း စိတ်ထဲကတော့ ကျိတ်သဘောကျနေကြသည်က များသည်။ ဒီလိုနှင့် ငယ်ကျင့်တွေမှာ လူကြီးဘဝအထိ ပါလာတော့သည်။
ဦးရွှေက သူ့ဇနီးအတွက် ရွှေဘီးတစ်ချောင်း လုပ်ပေးသောအခါ၊ အိမ်နီးချင်း ဦးငွေက အားကျမခံ သူ့မိန်းမကို စိန်ဘီး လုပ်ပေးသည်မှာ အဆိုပါ ဖော်ပြချက်မျိုး ဖြစ်ပါသည်။ ထို့ထက် တစ်ဆင့်တက်လာသောအခါ ပိုဆိုးလေသည်။
‘ဟေ့ ငါတို့ မြန်မာဘုရင်တွေက ယိုးဒယား၊ အာသံနဲ့ မဏိပူရကို နိုင်ခဲ့တာကွ၊ ဘာမှတ်လဲ…’ စသဖြင့်။
မိမိအောင်မြင်မှှုအပေါ် သွေးနားထင်ရောက်နေသော၊ အခြားနိုင်ငံနှင့် လူမျိုးများအပေါ် အဖက်မတန်သလို သဘောထားသော ဘဝင်စိတ်ပင် ဖြစ်ပါသည်။
‘ဟိတ် အတန်းထဲမှာ ငါ အတော်ဆုံး၊ ငါအလိမ္မာဆုံးကွ’ ဆိုသည့် ကလေးစကားနှင့် ဘာကွာတော့မည်နည်း။
လူဦးရေနှင့် နှှိုင်းယှဉ်ကြည့်လျှင်၊ ကျွန်ုပ်တို့ နိုင်ငံတွင် ဝတ်ပြုကိုးကွယ်စရာ ဘုရားကျောင်းကန်တွေ အခြားမည်သည့် တိုင်းပြည်ထက်မဆို ပိုများသည်။ သို့နှင့်တိုင် ကျွန်ုပ်တို့တတွေ၏ ဘာသာရေး အဆုံးအမများ အပေါ် စောင့်ထိန်းလိုက်နာမှှုမှာ အားနည်းလှသည်ဟု ဆိုချင်သည်။
ကျွန်ုပ်တို့ ဘာသာတရားက ဘုန်းတော်ကြီးများကို လောကီရေးတွင ်ဝင်မစွက်ရန် တားမြစ်ထားသေးသည်။ သို့သော် အငြိမ့်ပွဲ ဇာတ်ပွဲတွေ သွားကြည့်ပါက ဝါဝါ၀င်းဝင်းတွေ မမြင်ချင့်အဆုံး ဖြစ်တော့သည်။
ကျွနု်ပ်တို့နိုင်ငံမှာ သယံဇာတ ပေါကြွယ်သည်ဟု နာမည်ကြီးသည်။ သို့သော် ကျွနု်ပ်တို့တတွေကား ‘ဆီကို ရေချိုး၊ ဆေးရိုးမီးလှှုံ’ ဟုဆိုကာ ဖြုန်းတီးမှှုကို အဟုတ်ကြီး ထင်နေကြသည်။ ဘာကြောင့် ဤသို့ ဖြစ်နေပါသနည်း။ စိတ်ဓာတ်ရေးရာအရ နို့စို့ကလေးဘဝမှ မတက်နိုင်သောကြောင့် ဖြစ်ပါသည်။
ကျွနု်ပ်တို့ မြန်မာတွေမှာ ကမ္ဘာပေါ်တွင် အနုပညာပါရမီ အသန်ဆုံး လူမျိုးတစ်မျိုး ဖြစ်သည်မှာ မှန်ပါသည်။ သို့နှင့်တိုင် အနုပညာသည်များ (ဇာတ်မင်းသား၊ ဇာတ်မင်းသမီး) များနှင့် ပတ်သက်လျှင်မူ၊ အောက်တန်းစား ဖက်ခွက်စားဟု သဘောထားကြသည်က များသည်။ သူတို့နှင့် ကြမ်းတပြေးတည်း ထိုင်လျှင်ပင် အရှက်ရစရာ၊ သိမ်ငယ်စရာဟု ထင်ကြသည်။
နိုင်ငံခြားသားတို့၏ စဉ်းစားတွေးခေါ်ပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံများနှင့် ပတ်သက်လျှင်လည်း အတုယူ နည်းယူစရာ ရှာမကြည့်တတ်။ အထင်သေး ရှှုတ်ချကြသည်က များသည်။ ပြောရလျှင် အစစအရာရာ ကျွနု်ပ်တို့တတွေမှာ အရွယ်မရောက်သေးသော ကလေးစိတ်နှင့် လူကြီးကိုယ်တွေ ဖြစ်နေတော့သည်။
ကျွနု်ပ်တို့နိုင်ငံ ရောက်လာကြသော နိုင်ငံခြားဧည့်သည်များက ကျွနု်ပ်တို့ကို သဘောကျကြပါသည်။ ‘နက်ဖြန်ခါ အတွက်ပင် တွေးမပူတတ်သော ပျော်ပျော်နေသေခဲ လူမျိုး’ ဟုလည်း မကြာခဏဆိုသလို ပြောတတ်ကြသည်။ ဤကောက်ချက်မျိုးကို ကျွနု်ပ်တို့က ဂုဏ်ယူမဆုံး ဖြစ်နေကြသည်။ လူကြီးတစ်ယောက်၏ မြှောက်ပင့်စကားကို ကျေနပ်ပီတိဖြာနေသော ကလေးလေးတစ်ယောက်နှင့်ပင် တူသေးတော့သည်။
ကျွနု်ပ်တို့ဟာသက ရိုးတာသည်။ ကျွန်ုပ်တို့စကားက ပေါ့ပြက်သည်။ ကျွန်ုပ်တို့ အတွေးက တိမ်သည်။ သင့်,မသင့် မှန်,မမှန် ကိုယ်တိုင် မစဉ်းစား။ စဉ်းစားဆုံးဖြတ်ရမည့် အလုပ်ကို ဆရာတော်များနှင့် ဂုဏ်သရေရှိ လူကြီးမင်းများကိုသာ လွှဲထားသည်။ ကလေးတွေနှင့် ဘာကွာတော့မည်နည်း။
ကျွနု်ပ်တို့လူမျိုးမှာ စံသတ်မှတ်ချက်များကိုလည်း အလွန်ကိုးကွယ်လေ့ ရှိပါသည်။ သို့သော် ‘စံ’ အတိုင်းကား မကျင့်။ ကျင့်သယောင်ယောင် ဆောင်ကြသည်။ မိမိကိုယ်ကိုယ် ဆန်းစစ်ဝေဖန်သည်မျိုး အလျှင်းမရှိ။ သူများ အထင်သေးမှာ ကြောက်သောကြောင့် ဖြစ်သည်။
ဤအကျင့်က ကျွနု်ပ်တို့စာပေတွင် ထင်ဟပ်လျက် ရှိသည်။ အကယ်၍များ အိပ်(ချ)ဂျီဝဲ(လ) တို့၊ ဒီအိပ်(ချ) လောရင့် တို့၊ ဂိုဂို(လ) တို့သာ မြန်မာပြည်တွင် လူဖြစ်ခဲ့လျှင်၊ ကမ္ဘာကျော် စာရေးဆရာကြီးတွေ ဖြစ်လာလိမ့်မည် မဟုတ်။ အပယ်ခံ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်ဖို့များသည်။
မြန်မာ့နိုင်ငံရေးမှာလည်း ဤနည်းနှင်နှင်ပင် ဖြစ်ပါသည်။ ကျွနု်ပ်တို့ အကျင့်က နိုင်ငံရေးသမားတစ်ယောက်၏ တန်ဖိုးကို ကြိုက်မကြိုက်ဆိုသည်နှင့်သာ ဆုံးဖြတ်သည်။ ကျွန်ုပ်တို့နိုင်ငံတွင်သာ ချိန်ဘာလိန်လို အရည်အချင်းမျိုး ရှိသည့် နိုင်ငံရေးသမားမျိုးရှိလျှင် သူ့သက်တမ်းမှာ ခြောက်လထက် ပိုမခံ။ မြန်မာတွေက အရည်အချင်းထက် သူ့တို့ဟာဒယကို ထိ,မထိသာ ကြည့်တတ်သည်။
ယနေ့ မြန်မာနိုင်ငံရေးလောကကို ကြည့်လိုက်လျှင်လည်း သတင်းစာများအတွက် သတင်းဖြစ်ရုံမျှထက် ဘာမျှမပို။ အချင်းချင်း ရန်ဖြစ်နေကြသည်က များသည်။ ပါတီနှစ်ခုရှိလျှင် တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ခိုက်မည်။ အဆဲကောင်း အတိုက်ကောင်းလျှင် နာမည်ကြီးမည်။ အစိုးရကို နာနာဆဲနိုင်ပါက ပိုလူကြိုက်များလိမ့်မည်။ မြန်မာဓလေ့တွင် အစိုးရ(မင်း)ကို ရန်သူမျိုးငါးပါးထဲ ထည့်သွင်းထားသည် မဟုတ်ပါလော။
မြန်မာ့ရေခံမြေခံမှာ ဒီမိုကရေစီစနစ် ရှင်သန်ဖို့ အကောင်းဆုံးဟု ဆိုကြသည်များ ရှိသည်။ လူတန်းစား ကွာဟမှှု ပြောပလောက်အောင် မရှိသောကြောင့်ဟု ဆိုသည်။ သို့ဖြစ်လင့်ကစား၊ ကျွန်ုပ်တို့တတွေမှာ ကိုယ့်သားသမီးများကို ယခုလို ဆုံးမလေ့ရှိကြသည်။
သားရေ- သမီးရေ ဟိုကလေးနဲ့ မကားစားကြနဲ့နော်၊ ဒင်းတို့တတွေက အဆင့်အတန်း မရှိဘူးကွဲ့’
ကျွန်ုပ်တို့ လူကြီးအချင်းချင်းလည်း ယခုလို ပြောလေ့ရှိကြသည်။
‘ဦးချမ်းသာနဲ့ ဒေါ်ပို်က်ဆံကို သိသမို့လား။ ဒီလိုမြို့လေးမှာ သူတို့ဘယ်နေနိုင်မလဲ။ သူတို့ ကလေးတွေအတွက် ပေါင်းစရာ မရှိဘူးတဲ့လေ။ သူတို့အိမ်နီးချင်းတွေက စာရေးစာချီနဲ့ ကျောင်းဆရာတွေကိုးရှင့်…’ စသည်ဖြင့်။
ဤသည်တို့မှာ မြန်မာတစ်ဦး၏ မြန်မာလူမျိုးများအပေါ် အမြင်များ ဖြစ်ပါသည်။ စိတ်ပျက်ဖို့ ရေးလိုက်သည် မဟုတ်။ သိမှတ်လက်ခံပြီးသကာလ ဘာ့ကြောင့် ဤသို့ဖြစ်ရသည်ကို၊ အကြောင်းရှာစိစစ်ကြဖို့ ဖြစ်ပါသည်။ ဤသို့လုပ်နိုင်လျှင် ရောဂါတစ်ဝက် ကုသပြီး ဖြစ်နိုင်ပါသည်။
ဦးသန့်(လွန်ခဲ့သော နှစ်ပေါင်း ၅၀ခန့်က ဦးသန့်ရေးခဲ့သောစာ ဖြစ်ပါသည်။)
ရည်ညွှန်း။ Oh! We Burmans by Maung Thant
ဘာသာပြန်-မိုးကောင်း
#Myanmar_Online_News #U_Thant
0 comments:
Post a Comment