
မုံရြာပညာေရးေကာလိပ္တြင္ အေ၀းသင္တက္ရန္အတြက္ ခြင့္ရက္လုံေလာက္စြာရေရးကို ယေန႔ စက္တင္ဘာလ ၁၇ ရက္ေန႔ နံနက္ပိုင္းတြင္ ပညာေရးေကာလိပ္ေက်ာင္းသမဂၢမ်ားကုိယ္စားျပဳေကာ္မတီမွဦးစီး၍ စတစ္ကာကမ္းပိန္းလုပ္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
" အေဝးသင္တက္ေရာက္ရန္အတြက္ ပညာေရး၀န္ၾကီးဌာနမွ ခြင့္ရက္ ၁၇ ရက္သာ ခြင့္ျပဳ၍ ပညာဆက္လက္သင္ယူရာတြင္ အခက္အခဲရွိေနေၾကာင္း" ကမ္းပိန္းလႈပ္ရွားသူမ်ား ကဆုိသည္။
ပညာေရးေကာလိပ္မွ ေက်ာင္းသားေက်ာင္းသူမ်ားသည္ ေကာလိပ္ ၂ ႏွစ္တက္ျပီးေနာက္ ဒီပလုိမာဘြဲ႕ျဖင့္ အေျခခံပညာအဆင့္ မူလတန္းျပ ဆရာ၊ဆရာမအျဖစ္ တာ၀န္ထမ္းေဆာင္ရသည္။ ၄င္းေနာက္ အလယ္တန္းျပအျဖစ္ ရာထူးတုိးအတြက္ ဘြဲ႔တစ္ခုရရန္ အေ၀းသင္တကၠသိုလ္ သုိ႔တက္ေရာက္ရသည္။
အဆိုပါစတစ္ကာမ်ားကုိ စာသင္ေဆာင္မ်ား၊ေက်ာင္းအုပ္ၾကီးရုးံခန္းေရွ႕ႏွင့္ Notic Board ၊ ေကာလိပ္ဆုိင္းဘုတ္တုိ႔တြင္ ကပ္ႏွံခဲ့ေၾကာင္းသိရသည္။
ပညာေရးေကာလိပ္ေက်ာင္းသားမ်ားအေနျဖင့္ အေ၀းသင္တက္ေရာက္ရာတြင္ ခြင့္ရက္လုံေလာက္စြာရရွိေရးအတြက္ အသံတိတ္ STICKER ကမ္ပိန္းကပ္သည့္ ဆႏၵထုတ္ေဖာ္မႈတစ္ရပ္ကို ယေန႔နံနက္ပိုင္းက ျပဳလုပ္ခဲ့ၾကသည္။
မေန႔က စက္တင္ဘာလ ၁၆ ရက္ေန႔ နံနက္ပိုင္းတြင္ ရန္ကင္းပညာေရးေကာလိပ္ေက်ာင္းသားမ်ားသမဂၢ အေ၀းသင္တက္ေရာက္ရာမွာ ခြင့္ရက္လုံေလာက္စြာရရွိေရးအတြက္ STICKER ကမ္ပိန္းျဖင့္ အသံတိတ္ဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္း သိရွိရသည္။
သတင္း - ေအာင္ထြန္း


<< Unicode >>
မုံရွာပညာရေးကောလိပ်တွင် အဝေးသင်တက်ရန်အတွက် ခွင့်ရက်လုံလောက်စွာရရေး စတစ်ကာကမ်းပိန်းလုပ်
Tuesday, September 17, 2019
မုံရွာပညာရေးကောလိပ်တွင် အဝေးသင်တက်ရန်အတွက် ခွင့်ရက်လုံလောက်စွာရရေးကို ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ပညာရေးကောလိပ်ကျောင်းသမဂ္ဂများကိုယ်စားပြုကော်မတီမှဦးစီး၍ စတစ်ကာကမ်းပိန်းလုပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
" အဝေးသင်တက်ရောက်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ ခွင့်ရက် ၁၇ ရက်သာ ခွင့်ပြု၍ ပညာဆက်လက်သင်ယူရာတွင် အခက်အခဲရှိနေကြောင်း" ကမ်းပိန်းလှုပ်ရှားသူများ ကဆိုသည်။
ပညာရေးကောလိပ်မှ ကျောင်းသားကျောင်းသူများသည် ကောလိပ် ၂ နှစ်တက်ပြီးနောက် ဒီပလိုမာဘွဲ့ဖြင့် အခြေခံပညာအဆင့် မူလတန်းပြ ဆရာ၊ဆရာမအဖြစ် တာဝန်ထမ်းဆောင်ရသည်။ ၎င်းနောက် အလယ်တန်းပြအဖြစ် ရာထူးတိုးအတွက် ဘွဲ့တစ်ခုရရန် အဝေးသင်တက္ကသိုလ် သို့တက်ရောက်ရသည်။
အဆိုပါစတစ်ကာများကို စာသင်ဆောင်များ၊ကျောင်းအုပ်ကြီးရုးံခန်းရှေ့နှင့် Notic Board ၊ ကောလိပ်ဆိုင်းဘုတ်တို့တွင် ကပ်နှံခဲ့ကြောင်းသိရသည်။
ပညာရေးကောလိပ်ကျောင်းသားများအနေဖြင့် အဝေးသင်တက်ရောက်ရာတွင် ခွင့်ရက်လုံလောက်စွာရရှိရေးအတွက် အသံတိတ် STICKER ကမ်ပိန်းကပ်သည့် ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
မနေ့က စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကင်းပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ အဝေးသင်တက်ရောက်ရာမှာ ခွင့်ရက်လုံလောက်စွာရရှိရေးအတွက် STICKER ကမ်ပိန်းဖြင့် အသံတိတ်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။
သတင်း - အောင်ထွန်း
0 comments:
Post a Comment