Tuesday, September 17, 2019

တ႐ုတ္ခရီးသြားအခ်ိဳ႕ ေက်ာက္စိမ္းေစတီမွ ေက်ာက္အခ်ိဳ႕ကို ယူငင္မႈ ျဖစ္ပြားခဲ့


ေက်ာက္စိမ္းေစတီေတာ္ႀကီး အေရွ႕ဘက္မုခ္ရွိ ကိုးလုံးပုတီးေနရာတြင္ သံဆန္ခါကာရံထားရွိသည့္ အဆင့္နိမ့္ ေက်ာက္စိမ္းအခ်ိဳ႕ကို တ႐ုတ္ခရီးသြားမ်ားက စက္တင္ဘာလ ဒုတိယပတ္အတြင္းက ယူေနစဥ္ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ေဝေရာစန ေက်ာက္စိမ္းေစတီေတာ္ႀကီး ေဂါပကအဖြဲ႕ထံမွ သိရွိရသည္။

“ေက်ာက္စိမ္းကေတာ့ အဆင့္နိမ့္ ေက်ာက္စိမ္းေတြပါ။ နားမလည္လို႔ လုပ္တယ္ထင္ပါတယ္။ အေရွ႕ဘက္မုခ္ ကိုးလုံးပုတီးေနရာက သံဆန္ခါေလးေတြနဲ႔ ျဖတ္စေလးေတြ ထားထားတယ္။ အဲဒါေလးေတြကို ႏႈိက္ယူသြားတာေပါ့။ ယူေနတုန္းေတြ႕လို႔ ျပန္သိမ္းလိုက္တယ္။ သူတို႔ကို ဒီလိုမလုပ္ဖို႔ ပညာေပးလက္မွတ္ ထိုးခိုင္းတယ္။ ေစတီေတာ္ကို အလႉေတာ္ေငြ လႉခိုင္းတယ္။ ဒဏ္ေၾကးသေဘားမ်ိဳးပါ။ သူတို႔လည္း ကုသိုလ္ရေအာင္လို႔ပါ”ဟု ၎ကရွင္းျပသည္။
ေဝေရာစနေက်ာက္စိမ္းေစတီႏွင့္ ေက်ာက္စိမ္းလိုဏ္ဂူသည္ မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္၊ ဆင္႐ြာျမင္းမႉးေက်း႐ြာအုပ္စု ကြင္းအမွတ္ ၆၂၈ တြင္တည္ရွိၿပီး ေက်ာက္စိမ္းမ်ားျဖင့္ ျပဳလုပ္တည္ထားျခင္းျဖစ္ၿပီး ေစတီသို႔ တစ္ရက္လွ်င္ တ႐ုတ္ခရီးသြား ၃၀၀၀ မွ ၄၀၀၀ ၾကား လာေရာက္ေၾကာင္း ေဂါပကအဖြဲ႕ထံမွ သိရွိရသည္။
ယခု ျဖစ္ရပ္အတြက္ တ႐ုတ္ခရီးသည္မ်ားကို ေစာင့္ၾကည့္ေလ့လာ သုံးသပ္တင္ျပေရးအဖြဲ႕ႏွင္ ဧည့္လမ္းၫႊန္မ်ားတြင္ တာဝန္ရွိေၾကာင္း မႏၲေလးဧည့္လမ္းၫႊန္အခ်ိဳ႕က ေျပာၾကားခဲ့ေၾကာင္း သိရွိရပါသည္။
<unicode>
တရုတ်ခရီးသွားအချို့ ကျောက်စိမ်းစေတီမှ ကျောက်အချို့ကို ယူငင်မှု ဖြစ်ပွားခဲ့
Tuesday, September 17, 2019

ကျောက်စိမ်းစေတီတော်ကြီး အရှေ့ဘက်မုခ်ရှိ ကိုးလုံးပုတီးနေရာတွင် သံဆန်ခါကာရံထားရှိသည့် အဆင့်နိမ့် ကျောက်စိမ်းအချို့ကို တရုတ်ခရီးသွားများက စက်တင်ဘာလ ဒုတိယပတ်အတွင်းက ယူနေစဉ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဝေရောစန ကျောက်စိမ်းစေတီတော်ကြီး ဂေါပကအဖွဲ့ထံမှ သိရှိရသည်။
“ကျောက်စိမ်းကတော့ အဆင့်နိမ့် ကျောက်စိမ်းတွေပါ။ နားမလည်လို့ လုပ်တယ်ထင်ပါတယ်။ အရှေ့ဘက်မုခ် ကိုးလုံးပုတီးနေရာက သံဆန်ခါလေးတွေနဲ့ ဖြတ်စလေးတွေ ထားထားတယ်။ အဲဒါလေးတွေကို နှိုက်ယူသွားတာပေါ့။ ယူနေတုန်းတွေ့လို့ ပြန်သိမ်းလိုက်တယ်။ သူတို့ကို ဒီလိုမလုပ်ဖို့ ပညာပေးလက်မှတ် ထိုးခိုင်းတယ်။ စေတီတော်ကို အလှူတော်ငွေ လှူခိုင်းတယ်။ ဒဏ်ကြေးသဘေားမျိုးပါ။ သူတို့လည်း ကုသိုလ်ရအောင်လို့ပါ”ဟု ၎င်းကရှင်းပြသည်။
ဝေရောစနကျောက်စိမ်းစေတီနှင့် ကျောက်စိမ်းလိုဏ်ဂူသည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမှူးကျေးရွာအုပ်စု ကွင်းအမှတ် ၆၂၈ တွင်တည်ရှိပြီး ကျောက်စိမ်းများဖြင့် ပြုလုပ်တည်ထားခြင်းဖြစ်ပြီး စေတီသို့ တစ်ရက်လျှင် တရုတ်ခရီးသွား ၃၀၀၀ မှ ၄၀၀၀ ကြား လာရောက်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရှိရသည်။
ယခု ဖြစ်ရပ်အတွက် တရုတ်ခရီးသည်များကို စောင့်ကြည့်လေ့လာ သုံးသပ်တင်ပြရေးအဖွဲ့နှင် ဧည့်လမ်းညွှန်များတွင် တာဝန်ရှိကြောင်း မန္တလေးဧည့်လမ်းညွှန်အချို့က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment