Sunday, May 31, 2020

AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်စပ်လျှက်ရှိသော လူ(၆) ဦးအား စိတ်ကြွမူးယစ်ဆေးများနှင့် ဖမ်းဆီးရမိ

AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်စပ်လျှက်ရှိသော ကားတစ်စီးအား မောင်တောမြို့နယ် ကံသာယာရွာထိပ်၌ ကားပေါ်ပါ လူ(၆)ဦးနှင့်အတူ စိတ်ကြွမူးယစ်ဆေးပြား(၂၄၃၇၅၀၀)ပြားအပါအဝင် ၎င်းယာဉ်မောင်း၏ နေအိမ်အား ဆက်လက်ရှာဖွေရာ ပစ္စတိုး(၁)လတ်၊ ၎င်းကျည်း(၅)ထောင့်၊ ငွေကျပ်(၄၉) သိန်းတို့အား ၃၁ ၀၉၃၀ အချိန် မောင်တောခရိုင်ရဲတပ်ဖွဲ့မှဦးစီးသော ပူးပေါင်းအဖွဲ့၏ ဖမ်းဆီးရမိခဲ့ပါသည်။

စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ လိုသည့် မြန်မာနိုင်ငံသားများအား ဆဌမအကြိမ် ကယ်ဆယ်ရေး လေယာဉ် (Relief Flight) ဖြင့် ပြန်လည်ပို့ဆောင်ခဲ့

COVID-19 တားဆီးကာကွယ်ရေးအစီအမံများကြောင့် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ လိုသည့် မြန်မာ နိုင်ငံသားများအား ၃၁-၅-၂၀၂၀ ရက်(တနင်္ဂနွေနေ့)၊ ဒေသ စံတော်ချိန် (၁၅:၁၅) နာရီတွင် ဆဌမအကြိမ် Relief Flight အဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ပျံသန်းအမှတ် UB 1002 ဖြင့် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး၊ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် စင်ကာပူနိုင်ငံသို့ ကာလတိုလာရောက်စဉ် ပိတ်မိနေသူများ၊ စင်ကာပူ နိုင်ငံတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများ၊ ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသူများ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း/ ရပ်နားခံထားရသူများ အပါအဝင် စုစုပေါင်း (၁၅၁) ဦး လိုက်ပါသွားခဲ့ပါသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင်သုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထောက်ပံ့ကူညီသည့် အထောက်အကူပြု ပစ္စည်းများတင်ဆောင်လာသော လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အထူးလေယာဉ် ရောက်ရှိ

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထောက်ပံ့ကူညီသည့် အထောက်အကူပြု ပစ္စည်းများတင်ဆောင်လာသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထူးလေယာဉ်သည် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မလေးရှားနိုင်ငံမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာသည်။

Covid 19 ကာလတွင် ထားရှိသော လက်ဆေးကန် ဖြုတ်ခိုးနေသူများရှိလို့ ဆိုင်ရှင်များ သတိပြုနိုင်ရန်

Covid 19 ကာလမှာ ဆိုင်ရှေ့မှာ လက်ဆေးကန်လေးလုပ်ပေးထားတယ်။ သူတို့က ဖြုတ်ယူသွားတယ်။

အမေရိကန်လူမည်း ဂျော့ဖလွိုက် သေဆုံးမှုအတွက် တရားမျှတမှုရရှိရေး ဂယက် ကနေဒါ၊ အင်္ဂလန်နှင့် ဂျာမနီသို့ ကူးစက်

အမေရိကန်တွင် လူဖြူရဲအရာရှိများက ဖမ်းဆီးစဉ် လူမည်းဂျော့ဖလွိုက်သေဆုံးရသည့်အပေါ် ကန့်ကွက် ဆန္ဒပြ ရာမှ ဆူပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့ရသည်။ မေ-၂၆ ရက်နေ့တွင် မင်နီဆိုတာပြည်နယ် မင်နီယာပိုလိစ်နှင့် အမွှာညီအစ်မမြို့ စိန့်ပေါတို့မှ စတင်သောကန့်ကွက်ဆန္ဒပြပွဲများမှာ အမေရိကန်နိုင်ငံတစ်ဝှမ်း အခြားမြို့ကြီးများ သို့လည်း ကူးစက်ပျံ့နှံ့သွားခဲ့သည်။

ဦးဖြိုးမင်းသိန်း ကျန်းမာရေးအခြေအနေကြောင့် ရွေးကောက်ပွဲဝင်ရန် အတော်ကြိုးစားရဦးမည်ဟု ဦးဝင်းထိန်ပြော


ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် လာမယ့်ရွေးကောက်ပွဲဝင်ဖို့တောင် အတော်ကြိုးစားရဦးမယ်လို့ အန်အယ်လ်ဒီ နာယက ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။

ရဲဝန်ထမ်းဟောင်းအား ပြင်းထန်သောစွဲချက်ဖြင့် အရေးယူပေးရန် ဂျော့ဖလွိုက် မိသားစု တောင်းဆို

ရဲဝန်ထမ်းဟောင်း ဒီရက်ချူးဗင်အား တတိယဒီဂရီအဆင့် လူသတ်မှုဖြင့် သောကြာနေ့က စွဲချက်တင်ခဲ့သော် လည်း သေဆုံးခဲ့သည့် လူမည်းအမျိုးသား ဂျော့ဖလွိုက်၏ မိသားစုဝင်များကမူ ယခုထက်မက ပိုပြင်းထန် သော လူသတ်မှုစွဲချက်ဖြင့် အရေးယူရန် ထပ်မံတောင်းဆိုလိုက်သည်။

ပါကစ္စတန်လေကြောင်းလိုင်းမှ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ လေယာဉ်၏ အချက်အလက်များအား ဇွန်လ ၂ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၌ စုံစမ်းစစ်ဆေးသွားမည်

ပါကစ္စတန်လေကြောင်းလိုင်းမှ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ လေယာဉ် အချက်အလက်နှင့် လေယာဉ်မှူးအခန်းမှ အသံဖမ်းစက်များအား ဇွန်လ ၂ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၌ စစ်ဆေးသွားမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများမှ မေလ ၃၀ ရက်နေ့က ပြောကြားခဲ့ပါသည်။

မန္တလေးတိုင်းသို့လာရောက်မည့်သူများ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နှင့်မရမ်းကုန်းမြို့နယ်တို့တွင် နေသူများမှလွဲ၍ Quarantine ဝင်ရန်မလို

မန္တလေးတိုင်းဒေသကြီး (1.6.2020)ရက်နေ့မှစပြီး ခရီးသည်သယ်ယူပို့ဆောင်ရေး(အဝေးပြေး) ယာဉ်လိုင်းများ ပြန်ဖွင့်ပါပြီ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ကျင်းပ

နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာ(၂)မှာ ဒီကနေ့နေ့လယ်(၁)နာရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ပါတယ်။

မိုင်းဆတ်မှာ ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်း(၃၀၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ပိုင်ရှင်မဲ့ဖမ်းဆီးရမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-တာချီလိတ်ကားလမ်းမှာ ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်း(၃၀၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းဖြစ်သူက သေနတ်ထိမှန်ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မိုင်းဆတ်မြို့မရဲစခန်းထံမှ သိရပါတယ်။

အစိုးရဌာနဆိုင်ရာ ဝန်ထမ်းအားလုံး ဇွန် ၁ ရက်မှစ၍ ရုံးပြန်တက်ရမည်

အစိုးရရုံးဝန်ထမ်းတွေ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ဝန်ထမ်းအားလုံးကို ဇွန် ၁ ရက်ကစလို့ ရုံးပြန်တက်ရတော့မယ်လို့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြားလိုက်ပါတယ်။ကိုဗစ်-၁၉ မပြန့်ပွားစေဖို့အတွက် ရုံးဌာနတွေရဲ့ ရုံးချိန်မှာ ဝန်ထမ်းအင်အားထက်ဝက်ကိုပဲ တာဝန်ထမ်းဆောင်စေဖို့ သမ္မတရုံးက ပြီးခဲ့တဲ့ မတ်လကပဲ အမိန့်ထုတ်ပြန်ထားခဲ့တာပါ။

အစိုးရရဲ့ ပထမအကြိမ်ထောက်ပံ့မှုမှာ ကျန်ရှိခဲ့တဲ့သူတွေကို ဒုတိယအကြိမ်မှာ ဦးစားပေးမည်

COVID ကာလအတွင်းမှာ အစိုးရက အခြေခံလူတန်းတွေကို ထောက်ပံံ့မှုအစီအစဉ်တွေဆောင်ရွက်ပေးလျှက်ရှိရာမှာ ဒုတိယအကြိမ်ထောက်ပံ့မှုမှာတော့ ပထမအကြိမ်ထောက်ပံမှုမှာကျန်ရှိခဲ့တဲ့သူတွေကို ဦးစားပေးထောက်ပံ့မယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မေလ(၃၀)ရက်နေ့ပြုလုပ်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ချင်းပြည်နယ်တီးတိန်မြို့နယ်တွင် ဆန်အိတ်များတင်လာသည့် မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် လူ (၂) ဦး သေးဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထာလ်မွာလ်ကျေးရွာနှင့် တွီးထန်တံတားကြားတွင် ကလေးမြို့မှ ထာလ်မွာလ်ကျေးရွာသို့ ဆန်အိတ်များ တင်ဆောင်လာသော မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် ပေ (၁၀၀) ခန့် ချောက်ထဲသို့ ထိုးကျမှုဖြစ်ပွားကြောင်းမေ(၃၁)ရက် နံနက်အစောပိုင်း ကနဦးသတင်းအရသိရှိရသည်။

အမေရိကန် မင်နီယာပိုလစ်မှာ အစောင့်တပ်ဖွဲ့များ တိုးမြှင့်ချထားပြီး ဆူပူအုံကြွမှုတွေကို ဖြိုခွင်းမည်ဟု သတိပေး

ရဲတပ်ဖွဲ့က ဖမ်းဆီးစဥ် လူမည်းအမျိုးသား သေဆုံးမှုအပေါ် ဆန္ဒပြရာမှ အကြမ်းဖက်ဆူပူအုံကြွမှုများ ဖြစ်ပွားနေတဲ့ အမေရိကန်နိုင်ငံ မင်နီယာပိုလစ်မြို့မှာ နောက်ထပ် အစောင့်တပ်ဖွဲ့များ ဖြန့်ကျက်ချထားရန် ပြည်နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားလိုက်ပြီး ဆူပူအုံကြွသူတွေ လျော့နည်းသွားစေရန် ဖြိုခွင်းမှုတွေ လုပ်ဆောင်မယ်လို့ သတိပေးလိုက်ပါတယ်။

COVID-19 ရောဂါ ကာကွယ်ဆေးသည် ယခုနှစ်ကုန်တွင် အဆင်သင့်ဖြစ်နိုင်ကြောင်း တရုတ်အစိုးရအဖွဲ့ ပြောကြား

တရုတ်နိုင်ငံထုတ် Coronavirus ရောဂါကာကွယ်ဆေးသည် ယခုနှစ်ကုန်ပိုင်းတွင် ဈေးကွက်အတွင်းဖြန့်ချိရန် အဆင်သင့်ဖြစ်နိုင်ကြောင်း တရုတ်နိုင်ငံ၏ နိုင်ငံပိုင် ပိုင်ဆိုင်မှုကြီးကြပ်ရေးနှင့်အုပ်ချုပ်ရေးကော်မရှင် (SASAC) မှ ဆိုရှယ်မီဒီယာတစ်ခုတွင် ပြောကြားခဲ့ပါသည်။

စာသင်ကျောင်းဖွင့်ချိန် ကိုဗစ်ကူးစက်သည့် ကျောင်းသားတစ်ဦးတွေ့ရှိပါက တက်နေသောကျောင်းကိုသာ ယာယီပိတ်မည်

စာသင်ကျောင်းဖွင့်ချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ကျောင်းသားကျောင်းသူတစ်ဦးတွေ့ရှိပါက ၎င်းတက်ရောက်နေသော ကျောင်းကိုယာယီပိတ်ထားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်း ကပြောကြားသည်။

ပလက်ဝမြို့အနောက်ဘက်ရှိ AA အကြမ်းဖက်အဖွဲ့၏ယာယီဌာနချုပ်အား တပ်မတော်မှ အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက် လိုက်ပြီး ပလက်ဝမြို့အားပြန်လည်ထိန်းချုပ်လိုက်ပြီ

ပလက်ဝမြို့အနောက်ဘက်ရှိ AAအကြမ်းဖက်အဖွဲ့၏ ယာယီဌာနချုပ်အား တပ်မတော်မှ ယနေ့နံနက်တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ပလက်ဝမြို့အားပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသတွင်းလုံခြုံရေးဝန်ထမ်းများထံမှ သိရှိရသည်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးကြောင့် လူမည်းအမျိုးသားသေဆုံးခဲ့ရာကနေ ဆန္ဒပြမှုများ အရှိန်မြင့်လာသောကြောင့် အမေရိကန် ပြည်နယ် ၁၆ ခုမှ မြို့ကြီး ၂၅ မြို့တွင် ညမထွက်ရအမိန့်များထုတ်ပြန်

အမေရိကန် ပြည်ထောင်စုမှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ကြောင့် လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးခဲ့ရတာကနေ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ အရှိန်မြင့်လာတာကြောင့် ပြည်နယ် ၁၆ ခုက မြို့ကြီး ၂၅ မြို့မှာ ညမထွက်ရ အမိန့်တွေ ထုတ်ပြန် ထားရပါပြီ။

မေလ (၃၁)ရက်နေ့၊ နံနက်(၇)နာရီအချိန်တွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၃၆) ဦးဆက်လက်ဝင်ရောက်

မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂)ဂိတ်မှ ယနေ့မေလ (၃၁) ရက်နေ့ နံနက် (၇) နာရီအချိန်တွင် ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၃၆) ဦးဆက်လက်ဝင်ရောက်ကြောင်းသိရပါသည်။

မောင်တောမြို့နယ်၊ ကညင်တန်း(အလယ်)ကျေးရွာ၌ ငွေကျပ်သိန်းပေါင်း ၁၄ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မေလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကညင်တန်း(အလယ်)ကျေးရွာနေ နော်ဘီ မုလ်ဂျူဟာရ်(ဘ)ဂျူဟာရ်ဟူဆိန်း ၏နေအိမ်အား သတင်းအရ သွားရောက်စစ်ဆေးရှာဖွေရာ နော်ဘီမုလ်ဂျူဟာရ်အား မတွေ့ရှိရဘဲ ၎င်း၏ဇနီးဖြစ်သူ ရေခါယာဖာတေမာ (ဘ)မာမူရော်ရှိမ်းနှင့် ဖခင်ဖြစ်သူ ဂျူဟာရ်ဟူဆိန်း တို့ ၂ ဦးအား နေအိမ်အတွင်း ပီနံအိတ် ၃၅ ထုပ်ဖြင့်ထုပ်ထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း သိန်း ၇၀ နှင့် ၉ သောင်းပြားကျော်(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၁၄ ဒသမ ၂ ဘီလီယံကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တတိယအကြိမ်တာဝန်ထမ်းဆောင်မည့် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များထွက်ခွာ

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ အထူးကုဆေးရုံဝေဘာဂီ နှင့် ကုသရေးဆေးရုံများ၌ COVID-19 ရောဂါ (Quarantine) ဆောင်ရွက်ထားရှိသည့် သံသယလူနာများမှ ရောဂါပိုးတွေ့ရှိသူများ တိုးပွားလာ၍ ကျန်းမာရေးဝန်ထမ်းများ မလုံ လောက်မှုကြောင့် အသစ်ထပ်မံဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်၊ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တပ်မတော်မှပါဝင်ကူညီ ဆောင်ရွက်ရန်အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများနှင့် ဆေးမှူးဆရာဝန်များပါဝင်သော ဆေးအဖွဲ့က သွားရောက်တာဝန်ထမ်းဆောင်လျက်ရှိသည်။

လက်ရှိ မြန်မာနိုင်ငံတွင်Covid-19 အတည်ပြုလူနာ (၂၂၄) ဦးရှိနေပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃.၇သိန်းကျော်ရှိလာပြီဖြစ်ကာ ရောဂါကူးစက်ခံရသူ ၆.၁သန်းကျော်အထိ မြင့်တက်နေ

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ မေလ ၃၁ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း (၃၇၀,၅၀၀) ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများ၏ သတင်းထုတ်ပြန်ချက်များအရသိရှိရပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၆,၁၅၀,၂၆၂) ဦး ကူးစက်ခံထားရကြောင်း သိရသည်။

အစည်းအဝေးကို လာမည့်ဇူလိုင်လတွင် ပြုလုပ်ရန် စီစဉ်ထားပြီး လူဦးရေလျော့ချကျင်းပသွားမှာဖြစ်ကြောင်း သိရ

တစ်နိုင်ငံလုံးငြိမ်းချမ်းရေးအတွက် စတုထ္တအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစု-ပင်လုံ)ကို နောက်အကျဆုံး ဇူလိုင်လထဲမှာပြုလုပ်ဖို့ အဆိုပြုထားပြီး ညီလာခံတက်ရောက်သူဦးရေကိုလည်း သုံးပုံတစ်ပုံအထိ လျော့ချကျင်းပသွားဖို့ရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မေလ(၃၁)ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာများကိုပြောကြားခဲ့တာဖြစ်သည်။

Saturday, May 30, 2020

ပါကစ္စတန်အတွက် သူလျှိုလုပ်ပေးကြောင်း မသင်္ကာမှုဖြင့် ခိုတစ်ကောင်ကို အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီး

ခိုငှက်တစ်ကောင်မှာ သူလျှိုအဖြစ်စွပ်စွဲခံရပြီး အိန္ဒိယ-ပါကစ္စတန်နယ်စပ်၌ ဖမ်းဆီးခြင်းခံရကြောင်း ဗြိတိန်အခြေစိုက် The Sun ( မေ-၂၇ ရက်၊ ၂၀၂၀ ) က ရေးသားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဆေးရုံများ၌တက်ရောက်ကုသလျက်ရှိသည့် COVID-19 ဓာတ်ခွဲအတည်ပြုလူနာစာရင်း

ယနေ့ 📆 ၃၀ - မေလ -၂၀၂၀🕗 ည ၈ နာရီ ထုတ်ပြန်ချက်
📝 ဓာတ်ခွဲနမူနာ ၅၈၆ ခုထဲမှ
ပိုးတွေ့သူ အသစ် = မရှိပါ

မြစ်ကြီးနားမြို့တွင် လန်ခရူဇာယာဉ်များဖြင့် တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းတုံး ၃၀၃ တုံးဖမ်းဆီးရမိ


ယနေ့ မေလ ၃၀ ရက်နေ့ မြစ်ကြီးနားမြို့နယ်တွင် ကျောက်စိမ်းတုံး ၃၀၃ တုံးကို လန်ခရူဇာယာဉ်များဖြင့် တရားမဝင်သယ်ဆောင်လာသူများကို ဖမ်းဆီးအရေးယူထားကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပေါင်မြို့နယ် လက်ပံကျွန်းကျေးရွာတွင် ရှင်ဥပဂုတ္တ ရုပ်ပွားတော်အား ဘာသာခြား ၃ ဦးက ဖျက်ဆီးကာ မြစ်ထဲသို့ ပစ်ချမှုဖြစ်ပွား

ယနေ့ မေလ ၃၀ ရက် မနက်ပိုင်းက ပေါင်မြို့နယ် လက်ပံကျွန်းကျေးရွာတွင် ကိုးကွယ်ထားသော ရှင် ဥပဂုတ္တရုပ်ပွားတော်နှင့် သံဖရိန် ဖြင့်လုပ်ထားသော ကျောင်းဆောင်အား ဘာသာခြား လူမျိုး၃ယောက်က ရိုက်ချိုး ဖျက်ဆီးပြီး ရုပ်ပွားတော်ကို သံလွင်မြစ်ထဲ ပစ်ချဖျက်ဆီး လိုက်ကြောင်းသိရသည်။

တာချီလိတ်မြို့ " မိဘမေတ္တာ "ကိုယ်ပိုင်အထက်တန်းကျောင်း ဝင် /ထွက်ပေါက်အနီးအမှိုက်ပုံးအတွင်းမှ ချိန်က်ဗုံးအဟောင်းဟု ယူဆရသော တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံးအဟောင်းတစ်လုံးတွေ့ရှိ

မေလ ၃၀ ရက်နေ့ ၁၃:၃၀ချိန်တွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် ၊ ပါလျံ ( ၁ ) ၊အမှတ် ( ၁/၆၁၈ ) ရှိ မိဘမေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း ဝင်/ထွက်ပေါက်အုတ်တံတိုင်းဘေးအနီး ဝဲဘက်ခြမ်းတွင်အမှိုက်များထည့်ထားသည့် ရေဆွဲကော်ပုံးအား ယာဉ်မောင်းဖြစ်သူ ဦးဇော်ဇော်ထွန်း ( ၄၇ ) နှစ်သည် စက်ပြင်နေရာမှ စက်ပစ္စည်းများဆေးကြောရန်အတွက် ပုံးအတွင်းရှိအမှိုက်များကိုသွန်လိုက်စဉ် အမှိုက်များနှင့်အတူ အချင်း ( ၆ ) လက်မ ၊ အနက်၃ လက်မခန့်ရှိ ဆောင်းဘောက်စ် စပီကာအခွံအတွင်းထည့်လျှက် MS-1 အစိမ်းရောင် တရုတ်ထုတ် လက်ပစ်ဗုံး အဟောင်း ( ၁ ) လုံး ၊ စကားပြောစက်တွင်အသုံးပြုသည့် ဘက်ထရီ ( ၁ ) ခု ( အသုံးပြုမရ ) ၊ အရှည် ၆ ပေခန့်ရှိ ဖြူနီ ဝါယညကြိုးအသေး ( ၂ ) ချောင်း ( ဒေတိုနီတာတပ်လျှက် ) တို့အား ၁၃:၁၅ ချိန်တွင်တွေ့ရှိခဲ့သဖြင့်သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်ဟုသိရသည် ။

မူဆယ်မြို့တွင် လက်နက်/ခဲယမ်းများကို ကားဘီးအတွင်း သိုဝှက်သယ်ဆောင်သူအား အရေးယူထား

မူဆယ်မြို့၌ ကားဘီးအတွင်း လက်နက်/ခဲယမ်းများ သိုဝှက်သယ်ဆောင်လာသူကို ဖမ်းဆီးထားကြောင်း ယနေ့မေ ၃၀ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အိန္ဒိယတွင် ကျန်းမာရေးဝန်ထမ်းထံမှ COVID-19 ဓာတ်ခွဲနမူနာများအား မျောက်များအလစ်သုတ်ယူထွက်ပြေးသွားသဖြင့် ရောဂါပိုးပျံ့နှံ့မည်ကိုစိုးရိမ်နေရ

အိန္ဒိယနိုင်ငံတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးကို မျောက်အုပ်စုကတိုက်ခိုက်ပြီး COVID-19 ရောဂါရှိသူများ၏ သွေးနမူနာတွေကို ယူဆောင်သွားခဲ့ကြကြောင်း မေ ၂၉ ရက်တွင် ဆေးရုံ အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

ဗိုလ်တထောင်ဘုရားတွင်ပြုလုပ်ခဲ့သော အခမ်းအနားကြောင့် ရန်ကုန်တိုင်းအစိုးရကို အရေးယူပေးရန် တောင်းဆိုလက်မှတ်များ ကောက်ယူ

COVID-19 ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တို့ကို ရန်ကုန်တိုင်း အစိုးရ ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို ပေးပို့တိုင်ကြားဖို့အတွက် အင်တာနက်ကနေ လက်မှတ်တွေ ကောက်ယူတဲ့လှုပ်ရှားမှုတစ်ခု ရှိနေကြောင်း သိရပါတယ်။

အခြေခံပညာကျောင်းများအား ကျောင်းတက်ချိန် ပုံစံငါးမျိုးဖြင့် ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာန စီစဉ်ထား

အခြေခံပညာကျောင်းများကို ကျောင်းတစ်ကျောင်းစီ၏ အခြေအနေပေါ် မူတည်ကာ ကျောင်းတက်ချိန် ပုံစံငါးမျိုးဖြင့် ဖွင့်လှစ်မည်ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

သတင်းမီဒီယာသမားများ အသုံးပြုနိုင်ရင် Information Center နေပြည်တော်ဝင် စတင်တည်ဆောက်

သတင်းမီဒီယာသမားများ အသုံးပြုနိုင်ရန်အတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီက နေပြည်တော် မြို့မဈေးပွဲရုံတန်းရှိ မြေကွက်လပ်၌ Information Center (Naypyitaw)ကို စတင်တည်ဆောက်လျက်ရှိကြောင်း ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦး၏ ပြောကြားချက်အရ သိရသည်။

လာမည့် ဇွန်လ ၁ ရက်နေ့မှစတင်၍ အစိုးရရုံးဝန်ထမ်းများ အင်အားအပြည့်ဖြင့် ရုံးပြန်တက်ရမည်ဖြစ်

မြန်မာနိုင်ငံအတွင်းရှိ အစိုးရဌာနဆိုင်ရာဝန်ထမ်းများအား ဇွန်လ ၁ ရက်မှစတင်၍ အင်အားအပြည့်ဖြင့် ရုံးလုပ်ငန်း တာဝန်များ ပုံမှန်အတိုင်း ပြန်လည်ထမ်းဆောင်ရန် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီမှ ဝန်ကြီးဌာနအားလုံးသို့ မေလ ၂၈ ရက်တွင် ညွှန်ကြားထားသည်ဟု သိရသည်။

ဖုန်းဆင်းမ်ကတ်များ မှတ်ပုံတင်ခြင်းကို ဇွန် ၆ ရက်အထိ တိုးမြှင့်သတ်မှတ်

ဆင်းမ်ကတ်များ ပြန်လည်မှတ်ပုံတင်နိုင်ရေးကိစ္စကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဇွန် ၆ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။

ယနေ့ စစ်ဆေးမှုအဖြေများတွင် ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရသော COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ည (၈:၀၀)နာရီအချိန် သတင်းထုတ်ပြန်ခြင်း

၁။ (၃၀-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် -အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမအသုတ်) အဖြစ် ဓာတ်ခွဲနမူနာ(၄၆၇)ခု၊ဆေးသုတေသနဦးစီးဌာန မှ ဓာတ်ခွဲနမူနာ (၅၂)ခုနှင့်အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၆၇) ခု၊စုစုပေါင်း (၅၈၆)ခု အား ယနေ့၊ ညနေပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ -

Friday, May 29, 2020

မန္တလေးတွင် ဇွန် ၁ ရက်မှစ၍ စားသောက်ဆိုင်နှင့် ယာဉ်လိုင်းများအတွက် ဖြေလျှော့မှုများ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းသိရ

မန္တလေးတိုင်းဒေသကြီးတွင် ကိုဗစ်ကာလအတွင်း ကန့်သတ်မှုများ ဆောင်ရွက်ထားသည့် စားသောက်ဆိုင်နှင့် ယာဉ်လိုင်းများအတွက် ဇွန် ၁ ရက်မှစတင်ကာ ဖြေလျှော့မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စွမ်းအင်၊ လျှပ်စစ်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။

မိုးထဲလေထဲတွင် ကျောက်ကပ်ဝေဒနာရှင် ကရင်တိုင်းရင်းသူလေးရဲ့အသက်ကို ထိုင်းတပ်မတော် ရဟတ်ယာဉ်ဖြင့် သွားရောက်ကယ်တင်

ကရင်ပြည်နယ်နှင့်သောင်းရင်းမြစ်ခြားထားတဲ့ တခ်ခရိုင်မှ ၈၄ ကီလိုမီတာသာဝေးကွာတဲ့ ထာ့ဆောင်ယန်းမြို့ ( တာဆောင်ယန်း ) ကလေးဟာ လူဦးရေ ၉.၂ သောင်းသာရှိပြီး ဝေးလံခေါင်ဖျားတဲ့တောင်ပေါ်မြေပြန့်မြို့လေးတစ်မြို့ဖြစ်ပါတယ် ။

အိန္ဒိယနိုင်ငံပြန်များထဲမှ လူနာသစ် (၁၇) ဦးတွေ့ရှိ၊ စုစုပေါင်း ၂၂၄ ဦးရှိလာ

၁။ (၂၉-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင် - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ဒုတိယအသုတ်) အဖြစ် ဓာတ်ခွဲနမူနာ (၄၉၈) ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၀၁) ခု နှင့် အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ (ဒုတိယအသုတ်) အဖြစ် ဓာတ်ခွဲနမူနာ (၅၄) ခု၊ စုစုပေါင်း (၆၅၃) ခုအား (၃၀-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်း၌ စစ်ဆေးပြီးစီးခဲ့ရာ -

မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာ (၂၂၄) ဦးရှိလာပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃.၇သိန်းနီးပါးရှိလာပြီး ရောဂါကူးစက်ခံရသူ ၆ သန်းကျော်အထိ မြင့်တက်လာ

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ မေလ ၃၀ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း (၃၆၆,၄၁၈) ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများ၏ သတင်းထုတ်ပြန်ချက်များအရသိရှိရပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၆,၀၂၆,၃၇၅) ဦး ကူးစက်ခံထားရကြောင်း သိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်း ၁ လုံးနင်းမိပေါက်ကွဲ၍ ဒေသခံပြည်သူတစ်ဦး ဒဏ်ရာများရရှိ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရွှေကျွန်းကျေးရွာနေ ဦးသာထွန်းအေး(ဘ) ဦးစိန်ဖိုးဦးသည် မေ ၂၈ ရက်တွင် မျော၊ ဝါးများ ခုတ်ရန်အတွက် ထွက်ခွာခဲ့ရာ နေ့လယ် ၂ နာရီခန့်တွင် ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၃၀၀ ခန့်အကွာရှိ ဆပ်ပြာတောင် (ဒေသအခေါ်)သို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရနင်းမိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

မူဆယ်မြို့နယ်၊ နောင်ရမ်းကျေးရွာနှင့် နောင်မွန်ကျေးရွာတို့အနီး၌ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရကြောင်း တပ်မတော်သတင်းထုတ်ပြန်

မေလ ၂၈ ရက်နေ့ ည ၆ နာရီခန့်အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင် ရွက်နေသော တပ်ဖွဲ့ဝင်များသည်နောင်ရမ်းကျေးရွာ၏ မြောက်ဘက် မီတာ ၆၀၀ ခန့်အကွာရှိ တဲပျက်၏ အနောက်ဘက်ချုံပုတ်အတွင်းမှ ဆာလာအိတ် အဖြူရောင်ဖြင့် ထုပ်ပိုးထားသော အမ်-၂၁ သေနတ် ၁ လက်၊ ပွိုင့်-၂၂ သေနတ် ၁ လက်၊ အမ်-၂၀ (ပါရာပစ္စတို) ၁ လက်နှင့် ၎င်းကျည်အိမ် ၁ ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံတွင် COVID-19 ဗိုင်းရပ်ကူးစက်သူအသစ် ၇၄၆၆ ဦးထိ စံချိန်တင် စစ်ဆေးတွေ့ရှိ

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကူးစက်သူအသစ် ၇၄၆၆ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းသည် ကပ်ရောဂါကာလအတွင်းဝယ် တစ်နေ့ထဲ အများဆုံးတွေ့ရှိခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့ကပြောကြားသည်။