Saturday, May 23, 2020

ဖွင့်ပြီး နာရီပိုင်းအကြာမှာ ပြန်ပိတ်ခဲ့တဲ့ တောင်ကိုရီးယား အထက်တန်းကျောင်း ၆၆ ကျောင်းကို မေလ ၂၅ ရက်နေ့ ပြန်ဖွင့်မည်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှာ စိုးရိမ်လို့ မေလ ၂၀ ရက်က ပိတ်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့က စာသင်ကျောင်း ၆၆ ကျောင်းကို မေလ ၂၅ ရက်မှာ ပြန်ဖွင့်သွားမယ်လို့ တောင်ကိုရီးယားပညာရေးဝန် ကြီးဌာနက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ‌တောင်ကိုရီးယားနိုင်ငံရဲ့ အထက်တန်းကျောင်းတွေကို ပြန်ဖွင့်ခဲ့ပေမဲ့ကျောင်းသား၂ယောက်မှာCOVID-19 ရောဂါရှိနေလို့ ကျောင်းဖွင့်ပြီး ၂ နာရီအကြာမှာပဲအင်ချွန်းမြို့ရဲ့စာသင်ကျောင်း ၆၆ ကျောင်း ကို ပြန်ပိတ်ခဲ့ရတာပါ။
အဲဒီနောက်မှာ ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့မှုရှိသူတွေကို ရှာဖွေခဲ့ပြီး ရောဂါစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ရောဂါပိုးကူးစက်ရာ ဒေသတွေကို ရောက်ဖူးတဲ့ ကျောင်းသား၊ ကျောင်းသူ ၉၇၂ ယောက်လုံးကို စစ်ဆေးရာမှာ ရောဂါပိုးမရှိဘူးလို့ တွေ့ရှိခဲ့ပါတယ်။ ဒေသတွင်း ရောဂါကူးစက်နိုင်ခြေက ကျောင်းတွေ ပိတ်ထားရလောက်အောင် မမြင့်မားဘူးလို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
Source - Yoyarlay

0 comments:

Post a Comment