Saturday, May 23, 2020

မြန်မာနိုင်ငံတွင်Covid-19 အတည်ပြုလူနာ (၂၀၁)ဦးအထိရှိလာပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃.၃သိန်းနီးပါးရှိလာပြီး ရောဂါကူးစက်ခံရသူ ၅.၂ သန်း ကျော်ထိ မြင့်တက်လာ

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ မေလ ၂၂ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း(၃၃၉,၄၁၈) ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများ၏ သတင်းထုတ်ပြန်ချက်များအရသိရှိရပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၅,၂၉၈,၁၉၇) ဦး ကူးစက်ခံထားရကြောင်း သိရသည်။
မြန်မာနိင်ငံတွင် (၂၃-၃-၂၀၂၀)ရက်နေ့မှ (၂၃-၅-၂၀၂၀)ရက်နေ့၊ နံနက်(၇:၀၀) နာရီ အချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၀၁)ဦး၊ ပိုးတွေ့ပြန်လည်သက်သာလူနာ (၁၁၆)ဦးနှင့် ပိုးတွေ့သေဆုံးလူနာ (၆)ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

0 comments:

Post a Comment