Tuesday, May 19, 2020

လာအိုနိုင်ငံတစ်ဝန်းရှိ ကျောင်းများအားလုံး ဇွန်လ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်

Image may contain: 9 people, people standing and outdoor
လာအိုနိုင်ငံတစ်ဝန်းရှိ ကျောင်းသူကျောင်းသားများအားလုံး ဇွန်လ ၂ ရက်နေ့တွင် ကျောင်းများသို့ ပြန်လည်တက်ရောက်နိုင်ကြမည်ဟု လာအိုနိုင်ငံအစိုးရက ကြေညာထားသည်။ မူလတန်းပညာ နောက်ဆုံးနှစ်ကျောင်းသူကျောင်းသားများနှင့် အလယ်တန်းပညာ အောက်တန်းနှင့် အထက်တန်းသင်ကြားသော ကျောင်းများကိုမူ လာမည့် တနင်္လာနေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။

မေလ ၁၅ ရက်က လာအိုနိုင်ငံ ဝန်ကြီးချုပ်ရုံးမှ နောက်ဆုံးထုတ်ပြန်ထားသော ကြေညာချက်အရ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် မူကြို၊ မူလတန်း၊ အထက်တန်း ကျောင်းများ၊ တတိယအဆင့်ပညာရေးကျောင်းများ၊ ကောလိပ်များနှင့် တက္ကသိုလ်များကို ဗိုင်းရပ်စ်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များနှင့် ဇွန်လ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ပြဌာန်းထားသော အချက်များ၊ COVID-19 ကာကွယ်ရေး အမျိုးသားအဆင့် လုပ်ငန်းအဖွဲ့ ကော်မတီက သတ်မှတ်ပြဌာန်းထားသော COVID-19 ကာကွယ်ရေးဆိုင်ရာ အစီအစဉ်များကို မေလ ၁၇ ရက်နေ့မှ စတင်၍ မဖြစ်မနေ ကြိုတင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူများသည် ဗိုင်းရပ်စ်ကူးစက်ခြင်းကို ကာကွယ်သောအားဖြင့် ကျောင်းများ၏ ပရိဝုဏ်နှင့် စာသင်ခန်းများကို လိုအပ်သည့် သန့်ရှင်းမှုများပြုလုပ်ခြင်း၊ ကျောင်းအသုံးအဆောင်များအားလည်း သတ်မှတ်လမ်းညွှန်ချက်များအတိုင်း ပိုးသတ်ဆေးများဖြန်းခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။
ကျောင်းစီမံခန့်ခွဲရေးဝန်ထမ်းများ၊ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများသည်လည်း ကျောင်းတွင်ရှိနေချိန်တလျောက်လုံးဝယ် နှာခေါင်းစည်းများကို မဖြစ်မနေဝတ်ဆင်ထားရမည်ဖြစ်ပြီး၊ ကျောင်းလာကြိုသော မိဘများသည်လည်း နှာခေါင်းစည်းများကို ဝတ်ဆင်လာရမည်ဖြစ်သည်။
ကျောင်းများတွင် ဆပ်ပြာ၊ လက်သန့်ဆေးရည် နှင့် လက်ဆေးကန်တို့ကို ကျောင်းသားများအတွက် ပြုလုပ်ထားရမည်။
သတ်မှတ်ထားသည့် ခပ်ခွာခွာနေစည်းမျဉ်းအရ ကျောင်းသားများအချင်းချင်း အနည်းဆုံး တစ်မီတာမျှခြား၍ ထိုင်ကြရန်အတွက်လည်း ကျောင်းတာဝန်ရှိသူများနှင့် ဆရာဆရာမများက စီစဉ်ပေးရမည်ဖြစ်ကာ၊ ကျောင်းသားများ ကျောင်းထဲဝင်သည့်အခါတွင် ခန္ဓာကို အပူချိန်တိုင်းတာခြင်းကိုလည်း ပြုလုပ်ရမည်ဖြစ်သည်။
ကျောင်းသားများဝယ် ကိုယ်အပူချိန်ကို ကျောင်းအုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် မိဘများက အနီးကပ်စောင့်ကြည့်နေရမည်ဖြစ်ကာ၊ မည်သည့်ကျောင်းသားမဆို တုပ်ကွေးနှင့်ဆင်တူသော ရောဂါလက္ခဏာ တစ်စုံတစ်ခု တွေ့ရှိပါက အနီးဆုံးကျန်းမာရေးဌာသို့ သွားရောက်ပြသခြင်း(သို့) အိမ်တွင်သာနေစေခြင်းကို ပြုလုပ်ရမည်ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ဦးတွင် တုပ်ကွေးနှင့်ဆင်တူသော ရောဂါလက္ခဏာ တွေ့ရှိပါက COVID-19 ကာကွယ်ရေး အမျိုးသားအဆင့် လုပ်ငန်းအဖွဲ့ ကော်မတီဆီသို့ အသိပေးအကြောင်းကြရမည်။
လာအိုနိုင်ငံတွင် ပထမဆုံးသော COVID-19 အတည်ပြုလူနာနှစ်ဦးကို မတ်လ ၂၄ ရက်က စတင်တွေ့ရှိခဲ့ပြီးနောက် ယခုအချိန်အထိ နိုင်ငံတစ်ဝန်းတွင် COVID-19 အတည်ပြုလူနာ ၁၉ ဦးတွေ့ရှိပြီးဖြစ်ကာ၊ ၁၄ ဦး သက်သာပျောက်ကင်းခဲ့ပြီး သေဆုံးသူ မရှိကြောင်း သိရသည်။
Image may contain: one or more people and people sitting
Image may contain: 3 people, people sitting, child and indoor
crd-Popular News Journal #Myanmar_Online_News

>>zawgyi<<
လာအိုနိုင်ငံတစ်ဝန်းရှိ ကျောင်းများအားလုံး ဇွန်လ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လစ်မည်
Wednesday, May 20, 2020

လာအိုနိုင်ငံတစ်ဝန်းရှိ ကျောင်းသူကျောင်းသားများအားလုံး ဇွန်လ ၂ ရက်နေ့တွင် ကျောင်းများသို့ ပြန်လည်တက်ရောက်နိုင်ကြမည်ဟု လာအိုနိုင်ငံ အစိုးရက ကြေညာထားသည်။ မူလတန်းပညာ နောက်ဆုံးနှစ်ကျောင်းသူကျောင်းသားများနှင့် အလယ်တန်းပညာ အောက်တန်းနှင့် အထက်တန်းသင်ကြားသော ကျောင်းများကိုမူ လာမည့် တနင်္လာနေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။
မေလ ၁၅ ရက်က လာအိုနိုင်ငံ ဝန်ကြီးချုပ်ရုံးမှ နောက်ဆုံးထုတ်ပြန်ထားသော ကြေညာချက်အရ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် မူကြို၊ မူလတန်း၊ အထက်တန်း ကျောင်းများ၊ တတိယအဆင့်ပညာရေးကျောင်းများ၊ ကောလိပ်များနှင့် တက္ကသိုလ်များကို ဗိုင်းရပ်စ်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များနှင့် ဇွန်လ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ပြဌာန်းထားသော အချက်များ၊ COVID-19 ကာကွယ်ရေး အမျိုးသားအဆင့် လုပ်ငန်းအဖွဲ့ ကော်မတီက သတ်မှတ်ပြဌာန်းထားသော COVID-19 ကာကွယ်ရေးဆိုင်ရာ အစီအစဉ်များကို မေလ ၁၇ ရက်နေ့မှ စတင်၍ မဖြစ်မနေ ကြိုတင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူများသည် ဗိုင်းရပ်စ်ကူးစက်ခြင်းကို ကာကွယ်သောအားဖြင့် ကျောင်းများ၏ ပရိဝုဏ်နှင့် စာသင်ခန်းများကို လိုအပ်သည့် သန့်ရှင်းမှုများပြုလုပ်ခြင်း၊ ကျောင်းအသုံးအဆောင်များအားလည်း သတ်မှတ်လမ်းညွှန်ချက်များအတိုင်း ပိုးသတ်ဆေးများဖြန်းခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။
ကျောင်းစီမံခန့်ခွဲရေးဝန်ထမ်းများ၊ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများသည်လည်း ကျောင်းတွင်ရှိနေချိန်တလျောက်လုံးဝယ် နှာခေါင်းစည်းများကို မဖြစ်မနေဝတ်ဆင်ထားရမည်ဖြစ်ပြီး၊ ကျောင်းလာကြိုသော မိဘများသည်လည်း နှာခေါင်းစည်းများကို ဝတ်ဆင်လာရမည်ဖြစ်သည်။
ကျောင်းများတွင် ဆပ်ပြာ၊ လက်သန့်ဆေးရည် နှင့် လက်ဆေးကန်တို့ကို ကျောင်းသားများအတွက် ပြုလုပ်ထားရမည်။
သတ်မှတ်ထားသည့် ခပ်ခွာခွာနေစည်းမျဉ်းအရ ကျောင်းသားများအချင်းချင်း အနည်းဆုံး တစ်မီတာမျှခြား၍ ထိုင်ကြရန်အတွက်လည်း ကျောင်းတာဝန်ရှိသူများနှင့် ဆရာဆရာမများက စီစဉ်ပေးရမည်ဖြစ်ကာ၊ ကျောင်းသားများ ကျောင်းထဲဝင်သည့်အခါတွင် ခန္ဓာကို အပူချိန်တိုင်းတာခြင်းကိုလည်း ပြုလုပ်ရမည်ဖြစ်သည်။
ကျောင်းသားများဝယ် ကိုယ်အပူချိန်ကို ကျောင်းအုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် မိဘများက အနီးကပ်စောင့်ကြည့်နေရမည်ဖြစ်ကာ၊ မည်သည့်ကျောင်းသားမဆို တုပ်ကွေးနှင့်ဆင်တူသော ရောဂါလက္ခဏာ တစ်စုံတစ်ခု တွေ့ရှိပါက အနီးဆုံးကျန်းမာရေးဌာသို့ သွားရောက်ပြသခြင်း(သို့) အိမ်တွင်သာနေစေခြင်းကို ပြုလုပ်ရမည်ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ဦးတွင် တုပ်ကွေးနှင့်ဆင်တူသော ရောဂါလက္ခဏာ တွေ့ရှိပါက COVID-19 ကာကွယ်ရေး အမျိုးသားအဆင့် လုပ်ငန်းအဖွဲ့ ကော်မတီဆီသို့ အသိပေးအကြောင်းကြရမည်။
လာအိုနိုင်ငံတွင် ပထမဆုံးသော COVID-19 အတည်ပြုလူနာနှစ်ဦးကို မတ်လ ၂၄ ရက်က စတင်တွေ့ရှိခဲ့ပြီးနောက် ယခုအချိန်အထိ နိုင်ငံတစ်ဝန်းတွင် COVID-19 အတည်ပြုလူနာ ၁၉ ဦးတွေ့ရှိပြီးဖြစ်ကာ၊ ၁၄ ဦး သက်သာပျောက်ကင်းခဲ့ပြီး သေဆုံးသူ မရှိကြောင်း သိရသည်။
crd-Popular News Journal #Myanmar_Online_News

0 comments:

Post a Comment