Tuesday, May 19, 2020

မေလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နိုင်သော မုန်တိုင်းအခြေအနေများ

Image may contain: text

မေလ (မိုးကြိုကာလ)အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်တဲ့ မုန်တိုင်းတွေရဲ့ (၃၀) ရာခိုင်နှုန်းကျော်လောက်က မြန်မာ ကမ်းရိုးတန်းကို ဖြတ်ပါတယ်။ ပုံမှန်ဆိုရင် မိုးကြိုနဲ့ မိုးဦးကာလ မုန်တိုင်းလမ်းကြောင်းများက ကနဦးမှာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့ပြီး မြောက်လတ္တီကျုဒ် (၁၅°)လောက်ရောက်ရင် မြောက်-အရှေ့မြောက်ဘက်ကိုကွေ့ကာ လမ်းကြောင်း(၂)၊ (၃) နဲ့ (၄) အတိုင်း မြန်မာ့ကမ်းရိုးတန်း ဒါမှမဟုတ် ရခိုင်ကမ်းရိုးတန်းနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းကြားဘက်ကို ဦးတည် ဖြတ်ကျော်တတ်ပါတယ်။ ချွင်းချက်အနေနဲ့ ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့တဲ့ "နာဂစ်"ကတော့ လမ်းကြောင်း(၄) ကနေ သွေဖယ်ပြီး အရှေ့-အရှေ့မြောက်ဘက် (အရှေ့ယွန်းယွန်း) ကို ရွေ့လျားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေက ရာသီဥတုပညာရှင်တွေ ဆိုထားတဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်က မုန်တိုင်းတွေရဲ့ အင်အားနဲ့ လမ်းကြောင်းတွေကို ပြုပြင်ပြောင်းလဲပေးတယ်ဆိုတာ သိနိုင်ပါတယ်။

ယခု ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ စူပါဆိုင်ကလုန်း "AMPHAN" က ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမဆုံးမုန်တိုင်းဖြစ်ပြီး လမ်းကြောင်း (၂)အတိုင်း သွားမယ့်အခြေအနေက (၉၀)ရာခိုင်နှုန်းလောက် သေချာမည့် အနေအထားဖြစ်ပါတယ်။ ဒီလို မိုးကြိုကာလမုန်တိုင်းတွေဟာ မြန်မာနိုင်ငံအတွက် အလွန်အရေးပါ,ပါတယ်။ ဘာကြောင့်လဲဆိုရင် မြင့်တက်နေတဲ့ နေ့အပူချိန်များကို မုန်တိုင်းမိုးများကြောင့် လျှော့ချပေးသလို တုံ့နှေး.. တုံ့နှေးနဲ့ မဝင်မရဲဖြစ်နေတဲ့ အနောက်တောင်မုတ်သုံရာသီလေကို ခေါ်ဆောင်လာပေးလို့ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့နှစ်တွေမှာတော့ မိုးကြိုမုန်တိုင်းဖြစ်ခဲ့သော်လည်း မုန်တိုင်းလမ်းကြောင်းအနေအထားနဲ့ ဖြစ်တဲ့ရက်ဟာ မုတ်သုံဝင်ဖို့အတွက် အထောက်အကူ မပြုတာတွေတော့ ရှိပါတယ်။ ဥပမာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၆) ရက်မှ မေလ(၄)ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်မှာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" ဖြစ်ခဲ့သော်လည်း သူနဲ့အတူ မုတ်သုံလေဝင်ရောက်မှုမရှိခဲ့ပဲ မေလ (၂၃)ရက်နေ့မှသာ တောင်ပိုင်းဒေသတွေကို စတင်ဝင်ရောက်တာ တွေ့ရပါတယ်။ (မှတ်ချက်။ ဖန်နီ မုန်တိုင်းလမ်းကြောင်းက မုတ်သုံ လေဝင်ရောက်နိုင်ဖို့ အခြေအနေပေးသော်လည်း ဖြစ်တဲ့ရက်က စောနေပါတယ်)
အခု စူပါမုန်တိုင်း AMPHAN ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် Danger မဖြစ်ပဲ Love လို့ သတ် မှတ်ရတော့မှာ ဖြစ်ပါတယ်။ AMPHAN က အနောက်တောင်မုတ်သုံလေတွေကို မြန်မာနိုင်ငံဘက်သို့ လက် ဆောင်ပေးလိုက်လို့ပါပဲ။ အခုဆိုရင် အနောက်တောင်မုတ်သုံလေ တောင်ပိုင်းဒေသများကို မနက်ဖြန်- သ ဘက်ခါမှာ ဝင်ရောက်ကာ ဆက်လက်ပြီးလည်း လာမယ့် (၃-၄)ရက်အတွင်းမှာ မြစ်ဝကျွန်းပေါ်ဒေသတွေကို ဝင်ရောက်ဖွယ်ရာ ရှိနေပါကြောင်း မုန်တိုင်းကြောင့် ရွာတဲ့မိုးနဲ့ မုတ်သုံ ကြောင့် ရွာတဲ့မိုး ဆက်သွားဖို့ရှိပါကြောင်း (၂၀-၅-၂၀၂၀) ရက်နေ့မှ (၂၆-၅-၂၀၂၀) ရက်နေ့အထိ တစ်ပတ်စာ မိုးရွာသွန်းမှု အခြေအနေပြပုံနဲ့အတူ တင်ပြလိုက်ရပါတယ်။
No photo description available.
လှထွန်း (မိုးလေ၀သ)

0 comments:

Post a Comment