Tuesday, May 19, 2020

ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန် ဗဟန်းမြို့နယ်တွင် ယနေ့ ပိုက်စိပ်တိုက်ကျန်းမာရေးစစ်တမ်းကောက်

ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန် ဗဟန်းမြို့နယ်တွင် ယနေ့ ပိုက်စိပ်တိုက်ကျန်းမာရေးစစ်တမ်းကောက်ယူခဲ့ကြောင်းသိရသည်။

ဗဟန်းအတွင်း Covid19 positive လူနာတွေ့ရှိခဲ့သည့် ဆရာစံမြောက်/ရှေ့၊ဆရာစံမြောက်/နောက်၊ ဗိုလ်ချို ၁၊ ဆရာစံရပ်ကွက်များတွင် တိုင်းကျန်းမာရေးမှဆေးစစ် သည့်လုပ်ငန်းကို ပြုလုပ်ခဲ့သည်ဟု ဗဟန်းစည်ပင်ဥက္ကဌဦးဝင်းဘိုက ပြောသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ကျန်းမာရေးဆိုင်ရာ စစ်တမ်းကောက်ယူခြင်းသည် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် အရေးပါသည့် နည်းလမ်းတစ်ခုဖြစ်၍ အင်းစိန်၊ လှိုင်သာယာ၊တာမွေ တို့တွင် ဆောင်ရွက်ခဲ့ပြီး ယခု ဗဟန်းတွင် ဆက်လက်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောသည်။
Image may contain: one or more people, people standing and outdoor
Ref ; ကိုမင်း/Myanmar Harp

0 comments:

Post a Comment