Sunday, May 3, 2020

COVID-19 လူနာတွေနဲ့ ထိတွေ့မှုကို လက်ကိုင်ဖုန်းကတဆင့် အိန္ဒိယ ထောက်လှမ်းမည်ဖြစ်ကြောင်းသိရ

Image may contain: phone

အိန္ဒိယနိုင်ငံက အစိုးရနဲ့ ပုဂ္ဂလိကဝန်ထမ်းအားလုံး COVID-19 ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ဆက်ဆံမှု ရှိမရှိ ဖော်ထုတ်နိုင်တဲ့ မိုဘိုင်းဖုန်း အပလီကေးရှင်းတခုကို အသုံးပြုဖို့နဲ့ လူချင်း ခပ်ခွာခွာနေကြဖို့ အိန္ဒိယအစိုးရက အမိန့်ထုတ်ပြန်လိုက်သည်။

COVID-19 ကပ်ရောဂါကြောင့် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ထားတာကို တဖြည်းဖြည်း လျှော့ချပေးနေချိန်မှာ ဒီအမိန့်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး အိန္ဒိယမှာ အိမ်ပြင်မထွက်ရအမိန့်ကို လာမယ့် တနင်္လာနေ့ကစလို့ နောက်ထပ် သီတင်း ၂ ပတ် တိုးမြှင့်လိုက်ကြောင်း ဝန်ကြီးချုပ် Narendra Modi အစိုးရက သောကြာနေ့က ကြေညာခဲ့ပေမယ့် ရောဂါကူးစက်မှု နည်းပါးတဲ့ ပြည်နယ်တွေမှာတော့ တားမြစ်ချက်တွေကို လိုအပ်သလို ဖြေလျှော့ပေးမယ်လို့ ပြောကြားထားသည်။
အိန္ဒိယအစိုးရက စီစဉ်ပေးတဲ့ Aarogya Setu ကျန်းမာရေးပေါင်းကူးတံတားလို့ အမည်ပေးထားတဲ့ မိုဘိုင်းဖုန်း အပလီကေးရှင်းကို ပြီးခဲ့တဲ့လက စပြီး မိတ်ဆက်ခဲ့တာ ဖြစ်ပါကာ အဆိုပါ ဖုန်းအပလီကေးရှင်းက Bluetooth ကြိုးမဲ့ဆက်သွယ်ရေးစနစ်နဲ့ GPS စနစ်တွေကို အခြေခံထားပြီး COVID-19 ရောဂါပိုး ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံနိုင်ချေ ရှိခဲ့သလား ဆိုတာကို ဖော်ထုတ်ပေးမှာဖြစ်ပြီး ဒီလူတွေကို နောက်ပိုင်းမှာ ရောဂါပိုးရှိမရှိ စစ်ဆေးပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍအသီးသီးက ဝန်ထမ်းတွေအားလုံး ဒီ ဖုန်းအပလီကေးရှင်းကို မဖြစ်မနေ အသုံးပြုရမယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက သောကြာနေ့က ပြောကြားခဲ့ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေအားလုံး ဒီအပလီကေးရှင်းကို အသုံးပြုနိုင်ဖို့ ကုမ္ပဏီ တာဝန်ရှိသူ အကြီးအကဲတွေက တာဝန်ယူရမှာ ဖြစ်ကြောင်း ပြောကြားထားသည်။
လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယမှာ ဒီဖုန်းအပလီကေးရှင်းကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ အနည်းဆုံး ဖုန်းအလုံးပေါင်း သန်း ၂၀၀ လောက်မှာ ထည့်သွင်းအသုံးပြုဖို့ လိုအပ်တယ်လို့ တာဝန်ရှိသူတွေနဲ့ ဖုန်းအပလီကေးရှင်း ပုဂ္ဂိုလ်ရေး အချက်အလက်ဆိုင်ရာ မူဝါဒကို ရေးဆွဲသူ ရှေ့နေတဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
နိုင်ငံတွင်း စမတ်ဖုန်းအသုံးပြုသူ သန်း ၅၀၀ လောက်မှာ ၈၃ သန်းလောက် ဒီအပလီကေးရှင်းကို ထည့်သွင်းထားပြီးဖြစ်ကြောင်း နည်းပညာဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပြီး အဆိုပါ အပလီကေးရှင်းကို အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ဘယ်လိုသုံးမှာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရတဲ့အချက်နဲ့ အိန္ဒိယမှာ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို အကာအကွယ်ပေးတဲ့ ဥပဒေ မရှိတာကြောင့် ဒီ မိုဘိုင်းဖုန်း အပလီကေးရှင်းကို မဖြစ်မနေ အသုံးပြုရမယ်ဆိုတဲ့ ကိစ္စအပေါ် စိုးရိမ်နေသူတွေလည်း ရှိကြောင်း သိရှိရပါသည်၊။
No photo description available.
Image may contain: one or more people and people sitting
Crd : VOA

0 comments:

Post a Comment