မနေ့က မေလ ၂ ရက်နေ့ (စနေနေ့) ညနေ ၃း၂၀ နာရီအချိန်မှ ၃း၄၅ နာရီအချိန်အတွင်း ရှမ်းပြည်နယ် နမ့်စမ်မြို့နယ်အတွင်း၌လေပြင်းများတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် ပျက်ဆီးဆုံးရှံးမှုအကြီးအကျယ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မိုးသက်လေပြင်းတိုက်ခတ်ချိန်မှာ မိနစ်ပိုင်းသာ ဖြစ်သော်လည်း လေတိုက်နှုန်းမှာ ခန့်မှန်းတစ်နာရီလျှင် မိုင် ၄၀ မှ ၅၅ မိုင်ခန့်အထိ ရှိခဲ့ခြင်း၊ ၂ စင်တီမီတာခန့်အရွယ်အစားရှိ မိုးသီးများကျရောက်ခဲ့ခြင်းများကြောင့် သစ်ပင်ကြီးများမှာ အမြစ်မှကျွတ်ထွက်၍ လဲကျခြင်း၊တိုက်ခံအဆောက်အဦများပင် ပြိုကျခြင်းဖြစ်ပေါ်ခဲ့ကာ မိုးရေချိန် ၂.၃၂ လက်မခန့် အထိ ရွာသွန်းခဲ့သည်။
နမ့်စန်မြို့နယ်အတွင်း သစ်ပင်ကြီးများပြိုလဲခြင်း၊ မြို့ပေါ်ရပ်ကွက်အချို့ နှင့်အမှတ်(၅)ကျေးရွာအုပ်စု ၊ မက်မုန်မွန်းကျေးရွာအုပ်စုတို့ရှိ ကျေးရွာအချို့မှ အိမ်ခြေများ၊ စာသင်ကျောင်းများ၊ပလောင်လူငယ်ပရဟိတကျောင်း ဆောင်များ၊ဘုန်းကြီးကျောင်းအချို့ အမိုးများပြုတ်ထွက်ခြင်း၊ ပြိုကျခြင်း၊ သွပ်မိုးများလွင့်စင်ခြင်း စသည့် ပျက် ဆီးဆုံးရှုံးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
သဘာဝဘေးကို ရုတ်တရက် ကြုံတွေ့ခဲ့ပြီးနောက်နမ့်စန်မြို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီနှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ၊ကြက်ခြေနီတပ်ဖွဲ့၊နယ်မြေခံတပ်ဖွဲ့များ၊ ရပ်ကျေးအုပ် ချုပ်ရေးမှူးများ ၊ ပြည်သူ့စစ်ဌာနေများ ၊ ရပ်မိရပ်ဖများ ပရဟိတအသင်းများမှလူငယ်များ ပူးပေါင်း၍ ကယ်ဆယ်ရေး၊ ရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ နမ့်စန်မြို့နယ်အတွင်း ပျက်ဆီးဆုံးရှုံးမှုများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အမြန်ဆုံးတင်ပြနိုင်ရေးကိုလည်း ကြိုးစားဆောင်ရွက်နေကြကြောင်း သိရသည်။
Credit : U Linnaung Swe
0 comments:
Post a Comment