Thursday, July 2, 2015

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆန္ဒပြပွဲများကို ဆက်တိုက်ပြုလုပ်သွားမည်ဟု ကိုဇေယျာလွင်ပြော


ရန်ကုန်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြတောင်း ဆိုမှုများအား ဆက်တိုက်ပြုလုပ်သွား မည်ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဇေယျာ လွင်က ပြောသည်။''ကျွန်တော်တို့ ဆန္ဒပြတောင်း ဆိုမှုတွေကို အစိုးရက လျစ်လျူရှုချင် ရှုမယ်။ ဒါပေမဲ့ အချည်းအနှီးဖြစ်မယ်လို့မထင်ပါဘူး။ တွန်းအားတစ်ခုတော့ဖြစ်မှာပါ။

ဆန္ဒ ပြမှုတွေကတော့ ရေရှည်ဆက်သွား နေရဦးမှာပါ''ဟု ကိုဇေယျာလွင်က ပြောသည်။

ပြီးခဲ့သည့်ဇွန်၃ဝရက်က ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် တပ် မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း နုတ်ထွက်ပေးရေးအ တွက် ရန်ကုန်မြို့ သိမ်ကြီးဈေးအရှေ့ မှ မဟာဗန္ဓုလပန်းခြံအထိ ကျောင်း သားအင်အား ၂ဝကျော်ခန့်နှင့် ဝန်းရံ ပြည်သူများ ဆန္ဒပြခဲ့ကြသည်။

အမျိုးသားပညာရေးဥပဒေ ပြင်

ဆင်သည့် ဥပဒေကြမ်းအပါအ ဝင် ပြည်သူလူထုတောင်း ဆိုသည့် အချက်များ စွာ မရရှိခဲ့ခြင်းသည် ရွေးကောက်ခံ ကိုယ် စားလှယ်မဟုတ်သည့် တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်း ကြောင့်ဟု ¤င်းက ဆက်ပြောသည်။

''ပြည်သူတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ပေါ်ထွက်ရေးသည် တိုင်းပြည်အနာဂတ်အတွက် အရေးကြီးပါတယ်''ဟု ကိုဇေယျာလွင်က ဆို သည်။

ကျောင်းသားလူငယ်များ ခွင့်ပြုချက်မဲ့ ဆန္ဒပြတောင်းဆိုမှုနှင့်ပတ်သက် ပြီး ပန်းဘဲတန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးခင်မောင်ထွေးက ''သူတို့လုပ်ရမှာက တွေ့ဆုံညှိနှိုင်းရေးကို ဦးတည်သွားရမှာ''ဟု ထောက်ပြသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော် ထဲတွင် ရှိနေခြင်းနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်စောဝေက ''သူတို့ရှိနေလို့ ဖွဲ့စည်းပုံပြင်လို့မရတာ။ သူတို့ရှိအောင်လဲ ဖွဲ့စည်းပုံက ဆွဲထားတာလေ။ သူတို့ ထွက်သွားဖို့ဆိုရင် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်က တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်တွေ လွှတ်တော်မှာရှိနေတာ ပြည်သူက မလိုလားပါဘူးဆိုတဲ့ အသိ စိတ်ရှိမှ။ သူတို့ဘက်က အသိရှိရှိထွက်မှပဲ လွှတ်တော်ထဲမှာ သူတို့မရှိမှာပါ''ဟု ပြောသည်။

လက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းစဉ်ကျင့်သုံးမှု နုနယ်သေးသည့် အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ရှိနေသင့်သော် လည်း နောင်လာမည့်လွှတ်တော်သက်တမ်းများတွင် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များ လွှတ်တော်မှ ဖယ်ပေးသင့်သည်ဟု ¤င်းကဆက် ပြောသည်။

''အန်တီတို့သဘောအရဆိုရင် လုံးဝကိုမရှိစေချင်ပါဘူး။ လိုအပ်သေး လို့ ရှိနေတယ်ဆိုရင် ထားလိုက်ပါဦး။ ဒါပေမဲ့ အမြဲတမ်းတော့ မလိုအပ်ပါ ဘူး။ အချိန်တန်ရင်တော့ ဖယ်ပေးသင့်ပါတယ်''ဟု ဒေါ်ခင်စောဝေက တိုက် တွန်းသည်။

၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဒီမိုကရေစီအင်အား စုများမှ လက်ရှိလွှတ်တော်သက်တမ်းအတွင်း ဆက်တိုက်ဆန္ဒထုတ်ဖော်မှု

များပြုလုပ်ခဲ့ကြသည်။ လက်ရှိလွှတ်တော်တွင် ဆွေးနွေးနေသည့် ဖွဲ့စည်းပုံ

အခြေခံဥပဒေပြင်ဆင်ရေးအတွက် အရေးကြီးသော ပုဒ်မ-၄၃၆တွင် ပါဝင် သည့် ပုဒ်မ-၅၉(ဃ) တစ်ခုသာ ပြင်ဆင်နိုင်သေးသည်။


Yangon Media Group

0 comments:

Post a Comment