Monday, January 22, 2018

မနော၏သီချင်းနှင့် အဆိုပြိုင်ပွဲကိစ္စ Myanmar Idol ဖြေရှင်း


မနော၏သီချင်းများ အရည်အသွေးမမီသည့်အတွက် ပြိုင်ပွဲမှထုတ်ပယ်မည်ဆိုသောသတင်းမှာ သတင်းမှား သာဖြစ်ကြောင်း Myanmar Idol ဇန်န၀ါရီ ၂၂ ရက်တွင် ၎င်းတို့၏ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့် ဖြေရှင်းထား သည်။
Season(3) တွင် မနော၏ သီချင်းများသည် အရည်အသွေးမမီတဲ့အတွက် ပြိုင်ပွဲမှထုတ်ပယ်မည်ဆိုသော သတင်းမှာ ဇန်နဝါရီ ၂၁ ရက်က လူမှုကွန်ရက်တွင် ထွက်ပေါ်ခဲ့သည်။

အဆိုပါ သတင်းတုတွင် နိုင်ငံကျော်တေးသံရှင် မနော၏ တေးသီချင်းများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပါက ပြိုင်ပွဲမှ ရာသက်ပန် ထုတ်ပယ် သွားမည်ဖြစ်ကြောင်း ဒိုင်လေးဦးမှ ဆုံးဖြတ်ကြောင်း သိန်းတန်(မြန်မာပြည်)က ပြောသည်ဟု ရေးသားထားသည့်အတွက် သိန်းတန်(မြန်မာပြည်)အပေါ် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။

"သတင်းမှား/ အတုတွေ တက်လေ့တက်ထရှိတတ်တာ ဖွဘုတ်ကြီးပါ။ စည်းမရှိသူတစုကြောင့် စိတ်မပျက် ကြပါနဲ့။ ကျနော်တို့တွေက သီချင်းအားလုံး အဆိုတော်အားလုံးကို ချစ်ပါတယ်။ ချင့်ချိန် ယုံကြည်ကြပါလို့ မှာချင်တယ်နော်။

အဲဒီသတင်းကိုလည်း အန်ကယ်စကားနဲ့ပြောရရင် NO ပါကွယ်"ဟု Myanmar Idol က ပြန်လည် ဖြေရှင်း ထားသည်။

News Watch

0 comments:

Post a Comment