Monday, January 22, 2018

Myanmar Idol Season 3 မှာ မနောသီချင်း နဲ့ ပြိုင်ရင် ထုတ်ပယ်မယ် ဆိုတဲ့ ကောလာဟလ သတင်းအပေါ် ကာယကံရှင် မနော ရဲ့ ဖြေရှင်းချက်


လတ်တလော လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ တော့ Myanmar Idol Season 3 မှာ မနောသီချင်းနဲ့ ပြိုင်ရင် ပြိုင်ပွဲကနေ ထုတ်ပယ်မယ်လို့ ဒိုင်တစ်ဦးဖြစ်တဲ့ မြန်မာ ပြည်သိန်းတန်က ပြောကြားခဲ့တယ်ဆိုပြီး ကောလာဟလသတင်းတစ်ပုဒ်ပျံ့ နှံ့ လာတာနဲ့ ပတ်သက်ပြီး တေးသံရှင် မနော က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် က တဆင့် ရှင်းလင်းပြောကြား ခဲ့ပါတယ်။
"မဂ်လာပါ ဟိုနေ့က Post တစ်ခုနဲ့ပတ်သက်ပြီးနဲနဲပြောစရာလေးတော့ရှိတယ်ဗျာ ဦးသိန်းတန် ဆိုတာ ကျနော်လေးစားတဲ့အနုပညာရှင်ကြီးပါ ခုလည်းလေးစားလျက်ပါပဲ အဲဒီpost က ဦးပြောတာလုံးဝမဖြစ်နိုင် ပါဘူး။

တကယ်ပြောခဲ့ရင်တောင်မှ စိတ်မဆိုးနိုင်ပါဘူး ။ကျနော့်ရဲ့ မြင်ဆရာကြားဆရာမို့ပါ ။အနုပညာသမားများကို မှီပြီး စီးပွားရှာသူများသိထားသင့်တဲ့တစ်ချက်တော့ရှိပါတယ်။ မိမိ စီးပွားရေး မိမိအစီအစဉ်အောင်မြင်ဘို့ အနုပညာကိုရိုးသားစွာလျှောက်လှမ်းနေတဲ့လူနှစ်ဦးကိုအသုံးချပြီး စတေးလိုက်ရင်တော့ သိပ်ညံ့ဖြင်းရာကျ ပါတယ်။

ခုကိစ္စကသာမန်မဟုတ်ပါ။ စီးပွားရေးမားကပ်ကိုကျွမ်းကျင်သူတစ်ဦးလုပ်တာဖြစ်ပါတယ်။ မလုပ်သင့်မလုပ် အပ်ပါဘူး ။ကျနော်မနောက နယ်မှာမွေး နယ်မှာကြီးတဲ့တောသားသိပ်နားမလည်သူမို့ ကျနော့်ကိုမှရွေးပြီး အသုံးချတာမျိုးမလုပ်ပါနဲ့ဗျာ 😭ကိုယ်ချင်းစာတရားလေးရှိမယ်ဆိုလျင် Fb အွန်လိုင်းလောကကြီး အကျည်း မတန်တော့ဘူးပေါ့ဗျာ🙏လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ🙏''လို့ မနော ရဲ့ ဖေ့စ်ဘွတ်ခ် မှာ ရေးသားထားပါတယ်။

The Radar

0 comments:

Post a Comment