Monday, January 22, 2018

ဧရာဝတီတိုင်း စိုက်/မွေးဝန်ကြီးအဖြစ် ညွှန်မှူးဟောင်း ဦးတင်ဝင်းအောင်ကိုခန့်အပ်ရန်အဆိုပြု


ဧရာဝတီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် စိုက်ပျိုးရေး ဦးစီးဌာနညွှန်ကြားရေးမှူး(အငြိမ်းစား) ဦးတင်ဝင်းအောင်ကို ခန့်အပ်ဖို့  ဒီကနေ့ ဧရာဝတီတိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ ဝန်ကြီးချုပ်က အဆိုပြုတင်သွင်းပါတယ်။
ကျန်းမာရေးအရ ရာထူးကနုတ်ထွက်သွားတဲ့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာ တနှင့် ပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းရဲ့ နေရာမှာ ဝန်ကြီး အသစ်အစားထိုးခန့်အပ်နိုင်ဖို့ အတွက် အဆိုပြုခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးအသစ်အဖြစ် အဆိုပြုခံထားရတဲ့ ဦးတင်ဝင်းအောင်ဟာ စိုက်ပျိုးရေးဦးစီးဌာနမှာ ၃၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အန်အယ်လ်ဒီ ပါတီဝင်မဟုတ်တဲ့ ပြင်ပပညာရှင်တစ်ဦးဖြစ်ပါတယ်။

လွှတ်တော်ကတော့ ဒီကနေ့မှာ ကိုယ်စားလှယ်တွေကို ဦးတင်ဝင်းအောင်ရဲ့ ကိုယ်ရေး အကျဉ်းဖြန့်ဝေ ထားပြီး မနက်ဖြန် ဇန်နဝါရီ ၂၄ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ ကန့်ကွက်သူမရှိရင် လွှတ်တော်က အတည်ပြုသွားမှာဖြစ်ပါတယ်။

DVB


0 comments:

Post a Comment