Tuesday, January 23, 2018

နိုင်ငံတော်သမ္မတဆေးစစ်ရန် စင်ကာပူသို့ထွက်ခွာ


နိုင်ငံတော်သမ္မတဦးထင်ကျော်သည်ဆေးစစ်ရန်နှင့်လိုအပ်ပါကဆေးဝါးကုသမှုခံယူရန်စင်ကာပူနိုင်ငံသို့ယနေ့ဇန်နဝါရီ၂၃ရက်မနက်၉း၃၀နာရီက မြန်မာအမျိုးသားလေကြောင်းအထူးလေယာဉ်ဖြင့် နေပြည်တော်မှထွက်ခွာသွားကြောင်းသိရသည်။
သမ္မတနှင့်အတူကျန်းမာရေးနှင့်အားကစားဝန်ကြီးဒေါက်တာမြင့်ထွေးလည်းလိုက်ပါသွားပြီး လိုအပ်ပါက သမ္မတ ဦးထင်ကျော်သည်စင်ကာပူတွင်ဆေးကုသမှုခံယူမည်ဟုသိရသည်။

သမ္မတကြီးသည်ကချင်ပြည်နယ်တွင်တံတားများသွားရောက်ဖွင့်လှစ်အပြီးတွင် ကျန်းမာရေးဆိုးဝါးလာကာ လာအို ၀န်ကြီးချုပ်ကို တည်ခင်းသည့်ညစာစားပွဲ ကိုလည်းတက်ရောက်နိုင်ခြင်းမရှိခဲ့ပေ။

Tomorrow News Journal

0 comments:

Post a Comment