Tuesday, January 23, 2018

ဖိလစ်ပိုင် မာယွန်မီးတောင် ဒုတိယနေ့ ဆက်လက်ပေါက်ကွဲ အန္တရာယ်ဇုန်ကို ၉ ကီလိုမီတာ အထိ သတ်မှတ်ထား


ဖိလစ်ပိုင်နိုင်ငံ၊ အယ်ဘေးပြည်နယ်ရှိ မာယွန်မီးတောင်သည် ဇန်န၀ါရီ ၂၂ မွန်းလွဲပိုင်းက စတင်ပေါက်ကွဲ ခဲ့ပြီးနောက် ယနေ့ ( ဇန်န၀ါရီ ၂၃ )တွင်လည်းဒုတိယမြောက်နေ့ အဖြစ်ဆက်လက်ပေါက်ကွဲခဲ့ပြီးအန္တရာယ် ဇုန်ကို မီးတောင်ပတ်လည် ၉ ကီလိုမီတာ( ၅ ဒသာမ ၅၉ မိုင် )အထိ ဖိလစ်ပိုင်အာဏာပိုင်များက သတ်မှတ်ခဲ့ သည်။


မာယွန်မီးတောင်မှာ ဖိလစ်ပိုင်တွင် အသက်ဝင်လှုပ်ရှားမှု့ အများဆုံးမီးတောင်များထဲတွင် တစ်ခုအပါအ ၀င်ဖြစ်သည်။ ဇန်နဝါရီ ၁၃ ရက်နေ့က တစ်ကျော့ ပြန်သက်ဝင်လှုပ်ရှားခဲ့ပြီးနောက် ရက်အတန်ကြာ ပြာမှုန်များ၊ ခော်ျရည်များမှုတ်ထုတ်ခဲ့သလို နှစ်ရက်ဆက်တိုက်ပေါက်ကွဲခဲ့ပြီးနောက်မီးတောင်ကြီး
တစ်ခုလုံး ပေါက်ကွဲသွားမည်ကို စိုးရိမ်ပုပန်မှု့ များလည်း ရှိနေကြသည်။

မီးတောင်တည်ရှိရာအယ်ဘေးပြည်နယ်၏ မြို့ တော်ဖြစ်သည့် လက်ဂါဇပီ ( Legazpi ) တွင် လူဦးရေ ၂ သိန်း ခန့် နေထိုင်ကြပြီး ယခုအခါ မီးတောင်ပေါက်ကွဲမှု့ အန္တရာယ်မှ လွတ်မြောက်ရန်ရွေ့ ပြောင်းနေကြသလို နေအိမ်များကို စွန်ခွာရွှေ့ ပြောင်းသူ လူပေါင်း ၅၆၀၀၀ ကျော် ရှိနေပြီဟု သိရသည်။

မီတောင်ပတ်ဝန်းကျင်မှ လက်ဂါဇပီ ( Legazpi ) ကယ်ဆယ်ရေးစခန်းသို့  ယနေ့ ( ဇန်န၀ါရီ ၂၃ )တွင် ဇနီး၊ သားသမီးများ၊ မြေးများနှင့်အတူ ထွက်ပြေးရောက်ရှိလာသည့် အသက် ၅၈ နှစ်ရှိ လယ်သမားတစ်ဦးက ...
" မနေ့ ညက ဆိုရင် တစ်ညလုံး မအိပ်ရဲဘူး၊ မီးတောင်က အသံတွေက လေယာဉ်ကြီးတွေ မြေပေါ်ကို ဆင်းသလို ဆူညံနေတယ် " ဟု AP သတင်းဌာနသို့  ပြောကြားခဲ့သည်။

မာယွန်မီးတောင်မှာ ချော်ရည်ပူများ၊ ရွံ့ နွံများ၊ ဖုန်မှု့ များ၊ ပြာမှုန်များ အစရှိသည့် အလွှာပေါင်းစုံဖြင့် ဖွဲ့ စည်းထားသည့ှ်Strato Volcano မီးတောင်အမျိုးအစားဖြစ်ကြောင်း သိရသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၂၄၆၃ မီတာ ( ၈၀၈၁ ပေ )တွင် တည်ရှိပြီး မှတ်တမ်းတင်ထားနိုင်မှု့ များအရ ယခင်က မီးတောင်ပေါက်ကွဲမှု့  ၅၁ ကြိမ်အထိရှိခဲ့ပြီး ဖိလစ်ပိုင်ရှိသော မီးတောင်များအနက်မှ အန္တရာယ်ရှိ အဓိက မီးတောင် ၅ လုံးတွင် တစ်လုံးအပါအ၀င်ဖြစ်ကြောင်း သိရသည်။

အယ်ဘေးပြည်နယ်သဘာဝဘေးအန္တရာယ်ျေလျာ့ချရေးနှင့်စီမံခန့် ခွဲမှု ကော်မတီ ( PDRRMC ) ဥက္ကဌ Al Francis Bichara ကလည်း ပြည်နယ် အတွင်းရှိ ကာမာလစ်၊ ဂွီနိုဘာတန်နှင့် လီဂါအို မြို့ များမှ အစိုးရအလုပ် များ၊ပုဂ္ဂလိက အလုပ်များအားလုံးကို ပိတ်ပင်လိုက်ကြောင်းနှင့် အဆိုးဆုံးအခြေအနေအတွက် အသင့်ပြင် ဆင်ထားရန် ညွန်ကြားချက်ထုတ်ပြန်ခဲ့သည်။

Refး AP ၊ AFP ၊ ABC ၊ PDRRMC
The Ladies News

0 comments:

Post a Comment