Thursday, February 1, 2018

ပါတီနိုင်ငံရေးကင်းရှင်းသူကို ရှာဖွေနေရမှုကြောင့် ရပ်ကျေးရွေးကော်အဖွဲ့ခွဲများ ဖွဲ့စည်းရေး ကြန့် ကြာနေဟု ပြည်ထောင်စုရွေးကော်ပြော


ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ တစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲတွေကို ပြန်လည်ပြင် ဆင်ဖွဲ့ စည်းမှုတွေလုပ်ဆောင်နေပြီး တိုင်း၊ခရိုင်နဲ့ ပြည်နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲများပြန် လည်ဖွဲ့ စည်းမှုပြီးစီးနေပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
လက်ရှိမှာ ရပ်ကျေးအဆင့်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲများကို ပြင်ဆင်ဖွဲ့ စည်းဖို့ ဆောင်ရွက်နေပြီး ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲတွေမှာ ပါဝင်ဖွဲ့ စည်းရမယ့် ပါတီနိုင်ငံရေးကင်းရှင်းသူများကို ရှာရခက်နေတာကြောင့် အချိန်ကြန့် ကြာမှုဖြစ်နေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြောရေးဆိုခွင့်ဖြစ်သူ ဦးအောင်မြင့်ကပြောပါတယ်။

” ရပ်ထဲရွာထဲမှာက အခု ပါတီိနိုင်ငံရေးမလွတ်တဲ့သူတွေက များနေတာပေါ့။ ရွေးကောက်ပွဲကော်မရှင်ကျ ဘယ်ပါတီဝင်မှ မဖြစ်ရဘူးလေ မညှိစွန်း မပတ်သတ်ရဘူး ။သမာသမတ်ကျတဲ့သူတွေဖြစ်ရမှာဆိုတော့ ရှာနေရတာ အချိန်အနည်းငယ်ကြန့် ကြာနေတာပေါ့။ တစ်ယောက်ယောက်က ပါတီဝင်မဟုတ်လည်း သူ့  အိမ်က အမျိုသမီးသော်လည်းကောင်းပေါ့ ။ပါတီတစ်ခုခုကိုဝင်ထားတာာမျိုးတွေဖြစ်နေတယ်။  ဒီအတွက် ကျွန်တော်တို့ အချိန်အနည်းငယ်ကြာနေတာ မဟုတ်ရင် ပြင်ဆင်ဖွဲ့ စည်းမှုတွေက ပြီးနေလောက်ပြီ ။ တိုင်း အဆင့်ပြည်နယ်အဆင့်တွေက ပြီးခဲ့တဲ့ ၃ ပတ်လောက်ကတည်းက ပြီးသွားပါတယ်” လို့  ဦးအောင်မြင့် ကပြောပါတယ်။

ရပ်ကျေးအဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲတွေကို ပြင်ဆင်ဖွဲ့  စည်းပြီိးတာနဲ့ အဲဒီကော်မရှင်အဖွဲ့ ခွဲတွေ ကို ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ သင်တန်းတွေပေးသွားမှာဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲကျင်းပ မယ့်နေ့ ကြေညာခြင်း၊ မဲစာရင်းကောက်ခြင်း၊ ကိုယ်စားလှယ်လောင်းစာရင်းပေးသွင်းမှုများလက်ခံခြင်း စတဲ့လုပ်ဆောင်မှုတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲကို သပိတ်ကျင်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) ၊ မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ၊ အုတ်တွင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ၊ တမူး မဲဆန္ဒနယ် အမှတ် (၂) ၊ မင်းဘူးမဲန္ဒနယ်အမှတ် (၂) ၊ ကန်ပက်လက်မဲဆန္ဒနယ်နဲ့ လဲချားမဲဆန္ဒနယ်တို့ မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။ မကြာသေး ခင်က ဆုံးပါးသွားတဲ့ မန္တလေးတိုင်းဒေသာကြီးအစိုးရအဖွဲ့ မှ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး လူမျိုးစုမဲဆန္ဒနယ်မြေ(ရှမ်းတိုင်းရင်းသား) ကတော့ ယခုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မပါဝင်ဖြစ်ဖို့ များနေတယ်လို့ သိရပါတယ်။




ဖြိုးထက်အောင်
Popular News Journal

0 comments:

Post a Comment