
ဘင်္ဂလားပင်လယ်အော်မှ မုန် တိုင်းငယ်သည် ရခိုင်ကမ်းရိုးတန်း ဒေသ မာန်အောင်နှင့် ကျောက်ဖြူ မြို့ကြားကို ယမန်နေ့ (မေလ ၂၉ ရက်) ညဥ့်သန်းခေါင်တွင် ဝင်ရောက်မည်ဟု ဒေါက်တာထွန်းလွင်နှင့် မိုးဇလဌာနက သတင်း ထုတ်ပြန်ထားသည်။ ကုန်းတွင်း သို့ ဝင်ရောက်ပြီးနောက် အား လျော့သွားဖွယ်ရာရှိသော်လည်း မုန်တိုင်းငယ်၏အရှိန်ကြောင့် ဖြစ်နိုင်သည့် နောက်ဆက်တွဲ သဘာဝ ဘေးများကို သတိပြုရန် လိုအပ် နေသည်။ လတ်တလော ရာသီ ဥတုအခြေအနေကြောင့် သတိပြု ဖွယ်ရာများကို စာဖတ်သူများ သိရှိနိုင်ရန် မိုးလေဝသပညာရှင်...