မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံး တရားခွင်စစ်ဆေးပြီးချိန်တွင် တရားခွင်ရှေ့က ဆိုင်းဘုတ်ကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့သည့်အတွက် နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် ဖမ်းဆီးခံရသည့် ရှေ့နေဦးဇော်ဝင်းအား မေလ ယနေ့တွင် ရုံးထုတ်ခဲ့ပြီး တရားလိုအား စစ်ဆေးခဲ့သည် ။
ရှေ့နေဦးဇော်ဝင်းအား ပြည်ကြီးတံခွန်မြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုး က တရားလိုပြုလုပ်ပြီး မတ်လ ၂၀ ရက်နေ့က နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားရုံးဦးတိုက်လျှောက်သည့်အတွက် ဖမ်းဆီးခဲ့ကာ ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည် ။
" ဖိနပ်နဲ့ပေါက်တာကို ဖိနပ်နဲ့ပေါက်တဲ့အမှုနဲ့ပဲ စွဲလိုက်ပြီးတယ် ။ အဲ့ဒါကိုအကျယ်ချဲ့ပြီး အမြင်ကပ်တဲ့ပုဒ်မတွေနဲ့ လုပ်တယ် ။ ဥပဒေဟာ အလွဲသုံးစားလုပ်ဖို့မဟုတ်ဘူး ။ အလွဲသုံးစားလုပ်ရင် ငါတို့ကလည်း တိုက်မယ် ။ အမြစ်ပါပြုတ်အောင်တိုက်မယ် ။ ဒီမတရားလုပ်တဲ့ တရားသူကြီးကို တိုက်တဲ့အခါ အများပြည်သူပါဖို့လည်း လိုအပ်တယ်" ဟု ဖမ်းဆီးခံရသည့် ရှေ့နေဦးဇော်ဝင်း က ပြောသည် ။
ရှေ့နေဦးဇော်ဝင်းအနေဖြင့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် မတ်လ ၁၅ ရက် က တရားရုံးမထေမဲ့မြင်မှုကို ပြန်လည်ချေပခွင့်မပေးပဲ ထောင်ဒဏ် လေးလ ချမှတ်လိုက်တာကြောင့် တရားခွင်စစ်ဆေးပြီးချိန်တွင် တရားခွင်ရှေ့က ဆိုင်းဘုတ်ကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့ခြင်းဖြစ်သည် ။
ထို့အပြင် တွဲဘက်တရားသူကြီးဒေါ်စုသက်ငုံ ကလည်း ဦးဇော်ဝင်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၅၃/၂၂၈/၅၀၆ တို့ဖြင့် တရားစွဲဆိုထားပြီး ယင်းအမှုတွင်လည်း တရားလိုအား စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။
The Fifth Wave News
0 comments:
Post a Comment