အင်တာနက်အပါအဝင် ဆက်သွယ်ရေးကွန်ရက်ပေါ်တွင် ဥပဒေနှင့်မညီသည့် လောင်းကစားမှုများ ပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက မေလ ၁၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
နိုင်ငံတော်အတွင်း ဆက်သွယ်ရေးကွနရက်ဖြန့်ကျက်မှု တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ အွန်လိုင်းဝန်ဆောင်မှုများကိုလည်း တွင်တွင်ကျယ်ကျယ်ဆောင်ရွက်လာကြကြောင်း၊ အဆိုပါ အွန်လိုင်းဝန်ဆောင်မှုများတွင် ရှမ်းကိုးမီးအပါအဝင် အမည်အမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိသည့် အွန်လိုင်းဂိမ်း လောင်းကစားဝန်ဆောင်မှုများလည်း တိုးပွားလာပြီး ယင်းအွန်လိုင်းလောင်းကစားမှုများသည် အများပြည်သူ၏ အကျင့်စာရိတ္တကို ပျက်စီးစေရုံသာမက ဆုံးရှုံးမှု၊ နစ်နာမှုများလည်း များစွာဖြစ်ပေါ်လျက်ရှိကြောင်းအဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
မိုဘိုင်းဆက်သွယ်ရေးကော်ပရေတာများနှင့် လိုင်စင်စီများအနေနှင့် လိုင်စင်စီများအနေနှင့် အွန်လိုင်းဂိမ်များ၊ လောင်းကစားမှုများအပါအဝင် ဥပဒေနှင့် ညိစွန်းနိုင်သည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင် ပတ်သက်ဆောင်ရွက်ခြင်းမပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အကုန်သိသတင်းဌာန
0 comments:
Post a Comment