ဘင်္ဂါလီဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် အရေးယူဆောင်ရွက်မှုတွေမှာ နိုင်ငံတကာရဲ့ စုစည်းတဲ့ ထောက်ခံမှုရရှိစေဖို့ OIC နိုင်ငံခြားရေးဝန်ကြီးတွေက မေ ၆ ရက်နေ့ မှာ လှုပ်ရှားရေးကမ်ပိန်းတစ်ခုဖွဲ့ စည်းလိုက်တယ်လို့  တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
OIC ၅၃ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သံတမန်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ တော်မှာ တွေ့ ဆုံဆွေးနွေးခဲ့မှု ၂ ရက်တာအတွင်း ကမ်ပိန်းကော်မတီတစ်ခု ထူထောင်လိုက်ကြတာလို့  သိရပါတယ်။
ဒီကော်မတီထူထောင်လိုက်မှုဟာ မြန်မာနိုင်ငံကထွက်ပြေးလာပြီး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ဘင်္ဂါလီ ၇ သိန်းခန့် ရဲ့  အကျပ်အတည်းကို အဆုံးသတ်သွားစေမယ့် အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်ကြောင်း OIC အထွေထွေအတွင်းရေးမှူး ယူဆက်ဘင်အာမက် အယ်အော်သာမင်က ပြောပါတယ်။
ကော်မတီအသစ်ဟာ ဘင်္ဂါလီအသိုင်းအ၀ိုင်းအပေါ် လူ့ အခွင့်အရေးချိုးဖောက်ခဲ့မှုတွေအတွက် တာဝန်ရှိသူတွေကိုဖော်ထုတ်အရေးယူရာမှာ နိုင်ငံတကာရဲ့  နိုင်ငံရေးအရထောက်ခံမှုကို စုစည်း၊ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ၄င်းက ပြောခဲ့ပါတယ်။ မိမိတို့  ဘင်္ဂါလီညီအစ်ကိုမောင်နှမတွေ ကြုံနေရတဲ့ ပြဿနာတွေ ပြေလျော့သွားစေမယ့် ခိုင်မာတဲ့ခြေလှမ်းတွေထဲက တစ်ခုဖြစ်ပြီး ဒါဟာ အလွန်အရေးကြီးပါတယ်လို့ လည်း ၄င်းက ဆိုပါတယ်။
ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းကို ဖိအားပေးတောင်းဆိုမှုတွေလုပ်ဖို့  အယ်အော်သာမင်က မွတ်ဆလင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။ “ ဒီကိစ္စဟာ ဘာသာရေးကိစ္စမဟုတ်ပါဘူး။ ဒါဟာ မိမိတို့ ညီအစ်ကိုမောင်နှမတွေ နှစ်ပေါင်း ၅၀ လောက်တွေ့ ကြုံခံစားနေရတဲ့ လူသားအခြေခံအခွင့်အရေးဆိုင်ရာ ကိစ္စဖြစ်ပါတယ်” လို့  ၄င်းက ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂါလီမွတ်ဆလင်များစွာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အလုံးအရင်းနဲ့  ၀င်ရောက်ခဲ့ကြပါတယ်။
Ref: CNA
ကိုလင်း (အကုန်သိသတင်းဌာန)
0 comments:
Post a Comment