Monday, June 4, 2018

တာဝေးပစ်Agni-5 ဒုံးကျည်ကို အိန္ဒိယအောင်မြင်စွာစမ်းသပ်


အိန္ဒိယနိုင်ငံဟာ နျူကလီးယားဒုံးကျည်ထိပ်ဖူးတပ်ဆင်ပစ်ခတ်နိုင်စွမ်းရှိတဲ့ Agni -5 အမျိုးအစားဒုံးကျည်ကိုဇွန် ၄ ရက်နေ့ကအောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ တာဝေးပစ်ဒုံးကျည်တစ်စင်းဖြစ်တဲ့ Agni- 5 ကိုအက်ဒူကာလမ်ကျွန်းမှာစမ်းသပ်ခဲ့တာဖြစ်ပြီးအဲဒီကျွန်းဟာဘင်္ဂလားပင်လယ်အတွင်းတည်ရှိနေပါတယ်။ ဒုံးကျည်ဟာ နျူကလီးယားထိပ်ဖူးတပ်ဆင်ပစ်လွှတ်နိုင်ပြီးအကွာအဝေး ၃၁၇၀ မိုင် အထိပစ်လွှတ်နိုင်ကြောင်းအိန္ဒိယသတင်းစာကဖော်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာတရုတ်နိုင်ငံနဲ့ မဟာဗျူဟာမြောက်ယှဉ်ပြိုင်မှုတွေရှိနေချိန်မှာပဲ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းဒုံးကျည် နဲ့ နျူကလီးယားစနစ် ဖွံဖြိုးမှုတွေ ရှိလာခဲ့တယ်လို့သိရပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ ဟာ ဟိမ၀န္တဒေသရှိနယ်စပ်ဒေသနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့နှစ်အတွင်းအငြင်းပွားမှုတွေ ဖြစ်ခဲ့ကာတင်းမာမှုတွေမြင့်တက်ခဲ့ရပါတယ်။အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကဒုံးကျည်ကိုအောင်မြင်စွာပစ်လွှတ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယPTIသတင်းစာရဲ့ဖော်ပြချက်အရအိန္ဒိယကာကွယ်ရေးတပ်ဖွဲ့ ဟာအခြားဒုံးကျည်အမျိုးအစား ၅ ခုကိုအောင်မြင်စွာစမ်းသပ်ခဲ့ပြီးနောက် Angi-5 အမျိုးအစားဒုံးကျည်ကိုအောင်မြင်စွာစမ်းသပ်နိုင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

 သားဖိုးကောင်း  (အကုန်သိသတင်းဌာန) 

0 comments:

Post a Comment