Friday, June 1, 2018

ရခိုင်ပြည်နယ်အရေးတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ စုံစမ်းစစ်ဆေးရန် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းမည် နေရပ်စွန့်ခွာသူများအရေး အစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများ ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုး


အာဆာအကြမ်းဖက်အ ဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုပြီး နောက် လူ့အခွင့်အရေးချိုးဖောက် မှုများ၊ ယင်းနှင့် ဆက်နွှယ်သည့် ကိစ္စများကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သော စုံစမ်းစစ်ဆေး ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်း ရန် ဆုံးဖြတ်ပြီးဖြစ်ကြောင်း နိုင်ငံ တော်သမ္မတရုံးက မေလ ၃၁ ရက်တွင်  သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်း ပြန် လည်သင့်မြတ်ရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ရာတွင် အမျိုး သားအစီအစဉ် တစ်ရပ်အနေဖြင့် မြန်မာအစိုးရက ဖွဲ့စည်းရန် ဆုံး ဖြတ်ခဲ့သည့် အဆိုပါကော်မရှင်၌ နိုင်ငံတကာမှ ပုဂ္ဂိုလ်တစ်ဦး အပါ အဝင် အဖွဲ့ဝင်သုံးဦးပါဝင်မည်ဖြစ်သည်။ အဖွဲ့ဝင်အဖြစ် ပါဝင်မည့်သူများ၏ အမည်များကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။

  ‘‘ဖွဲ့မယ်ဆိုတာကို ပြော တာ။ လောလောဆယ် ဘာမှ ပြောဖို့မရှိသေးဘူး။ ဘယ်သူပါ ဝင်တယ်ဆိုတာ ထပ်လုပ်မှာပေါ့’’ ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

အဆိုပါ ကော်မရှင်ကို ပြည် တွင်းနှင့် နိုင်ငံတကာမှ ဥပဒေနှင့် နည်းပညာ ကျွမ်းကျင်သူများက ပံ့ပိုးမည်ဖြစ်ကြောင်း သမ္မတ​ရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပြုချက်များ အကောင်အထည် ဖော်ရေး ကော်မတီ အကြံပေးအ ဖွဲ့၏ ကြားဖြတ်အကြံပြုချက်များ ကိုပါ ထည့်သွင်းစဉ်းစား၍ ကော် မရှင်ကို ဖွဲ့စည်းရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 လက်ရှိအစိုးရလက်ထက် တွင် ရခိုင်ပြဿနာများ ဖြေရှင်းနိုင်ရေး ကုလအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ပြည်တွင်း ပြည်ပ ပညာရှင်ကိုးဦးဖြင့် ၂၀၁၆ စက် တင်ဘာတွင် ဖွဲ့စည်းခဲ့သည်။

 ၂၀၁၇ စက်တင်ဘာအတွင်း အစိုးရအနေဖြင့် ကိုဖီအာနန် ကော်မရှင်၏ အစီရင်ခံစာပါ အ ကြံပြုချက်များကို အကောင်အ ထည်ဖော်ရန် လူမှုဝန်ထမ်း၊ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး  ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များ အကောင်အထည်ဖော် ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။

ယင်းကော်မတီကို အကြံပြုရန် အကြံပေးအဖွဲ့ကို ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေး ဝန်ကြီး တာဝန်များ ထမ်းဆောင် ဖူးသည့် ဆူရာကီရတ်ကအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး စက်တင်ဘာ၌ မြေပြင်ကွင်းဆင်း လေ့လာခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပြုချက်များ အကောင်အထည် ဖော်ရေး ကော်မတီနှင့် ကော်မတီ အကြံပေးအဖွဲ့ ဖွဲ့စည်းပြီး ရှစ်လ အကြာတွင် လူ့အခွင့်အရေးချိုး ဖောက်မှုများကို စုံစမ်းစစ်ဆေး နိုင်ရေး လွတ်လပ်သော စုံစမ်းစစ် ဆေးရေး ကော်မရှင် ဖွဲ့စည်းရန် အစိုးရက ဆုံးဖြတ်ခဲ့သည်။

ထို့အပြင်ရခိုင်ပြည်နယ်မှ နေရပ်စွန့် ခွာသွားသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ပြုနိုင်ရေး မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား နားလည်မှုစာချွန်လွှာ ကနဦး လက်မှတ်ရေးထိုးခြင်းကို မေလ ၃၁ ရက်တွင် ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဌာနကသတင်းထုတ်ပြန်သည်။

မြန်မာအစိုးရအနေဖြင့် လို အပ်သည့် စိစစ်မှုများ ပြုလုပ်ပြီး ဖြစ်သည့် ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများကို ပြန်လည်လက်ခံ ရာတွင် ကုလသမဂ္ဂအေဂျင်စီများ ဖြစ်သော ကုလသမဂ္ဂဖွံ့ဖြိုးမှု အ စီအစဉ် (UNDP)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး (UNHCR) တို့နှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။

UNDP နှင့် UNHCR တို့ သည် နေရပ်စွန့်ခွာသူများကို ပြန် လည်နေရာချထားရေး၊ အသက် မွေးဝမ်းကျောင်း လုပ်ကိုင်နိုင် သည့် အခွင့်အလမ်းများ ရရှိစေ ရေး သက်ဆိုင်ရာ အသိုက်အဝန်း များအတွင်း လိုအပ်သည်များ ပံ့ ပိုးပေးရာ၌ မြန်မာအစိုးရနှင့်အတူ ပါဝင်ဆောင်ရွက်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

7Day

0 comments:

Post a Comment