Friday, June 1, 2018

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အချက်ကိုးချက်ကို သမ္မတညွှန်ကြား


မူးယစ်ဆေးဝါးတိုက် ဖျက်ရေးဗဟိုအဖွဲ့အနေဖြင့်တိုက် ဖျက်ရေးတွင် ပိုမိုအားထည့် ဆောင်ရွက်ရန်နှင့် တားဆီးနှိမ် နင်းရေးအထူးအဖွဲ့ သီးခြားဖွဲ့ စည်းရန်အပါအ၀င် အချက်ကိုး ချက်ကို သမ္မတဦးဝင်းမြင့်က မူးယစ်ဗဟိုအဖွဲ့အား မှာကြား လိုက်သည်။

နိုင်ငံတော်သမ္မတက ပြည် ထဲရေးဝန်ကြီးဦးဆောင်သည့် မူး ယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (မူးယစ်ဗဟိုအဖွဲ့)ကို မေလ ၃၁ ရက်ကတွေ့ဆုံပြီး မြန်မာ့လူ့အ ဖွဲ့အစည်းကို အန္တရာယ်ပေးနေ သည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးရေးအရှိန်မြှင့် ဆောင် ရွက်ရန် မှာကြားသည်။

မူးယစ်ဗဟိုအဖွဲ့ဝင်ဖြစ်ပြီး သမ္မတဦးဝင်းမြင့်နှင့် တွေ့ဆုံခဲ့ သောလူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုး အောင်က သမ္မတသည် တက် တက်ကြွကြွရှိပြီး မူးယစ်ဆေး ၀ါးတိုက်ဖျက်ရေးအနာဂတ်အစီ အစဉ်ကို လမ်းညွှန်ချက်ပေးခဲ့ ကြောင်း ပြောသည်။

‘‘သမ္မတက အကြာကြီးပဲ လမ်းညွှန်ချက်တွေ ပေးတယ်။ အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ ခေါင်းစဉ်တစ်ခုချင်းအလိုက် မှာ တယ်’’ ဟု ၀န်ကြီးဦးစိုးအောင်က ပြောသည်။

နိုင်ငံတော်သမ္မတက တိုင်း ဒေသကြီးနှင့်ပြည်နယ်များတွင် လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာပြီး အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပိုမိုတိုးမြှင့် ဆောင်ရွက်ရန် လိုအပ်နေ ကြောင်းနှင့် ဗဟိုအဖွဲ့၏မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများအန္တရာယ်တား ဆီးကာကွယ်ရေးလုပ်ငန်းများကို UN Convention ပါ ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ရန်ပြော ကြားသည်။

မူးယစ်ဆေးဝါးတားဆီးကာ ကွယ်နှိမ်နင်းရေးအဖွဲ့များကို မြို့ နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွဲ့စည်းရန် နှင့် ဒေသဆိုင်ရာအာဏာပိုင်အ ဖွဲ့အစည်းများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ စိတ်ပါဝင်စား သူပြည်သူများပါဝင်ဖွဲ့စည်းရန်၊ အဆိုပါအဖွဲ့အစည်းများကို ဆု ငွေချီးမြှင့်ရေးစနစ်ကျင့်သုံး၍ လို အပ်သလို စီမံခန့်ခွဲရန်လိုအပ် ကြောင်း မှာကြားသည်။

ထူးခြားချက်သည် မူးယစ် ဆေးဝါးတိုက်ဖျက်ရေးဗဟိုအဖွဲ့ အနေဖြင့် တိုက်ဖျက်ရေးတွင်ပိုမိုအားထည့် ဆောင်ရွက်ရန်၊ တားဆီးနှိမ်နင်းရေးအထူးအဖွဲ့ကို သီးခြားဖွဲ့စည်းရန်နှင့်ဗဟိုအဖွဲ့မှ တိုက်ရိုက် ကွပ်ကဲကြပ်မတ်ရန် လိုအပ်ကြောင်း မှာကြားသည်ဟု လေ့လာသူများက သုံးသပ်သည်။

သမ္မတဦးဝင်းမြင့်သည် သမ္မ တတာဝန်ယူပြီး ပထမဆုံးပြော ကြားသည့်မိန့်ခွန်းတွင် မူးယစ် ဆေးဝါးကို ပိုမိုနှိမ်နင်းရေးလက် ကြီးသမားများကို ဦးစားပေးနှိမ် နင်းရန်၊ မူးယစ်ဆေးဝါးရောင်း ၀ယ်မှုများကို မသိချင်ယောင် ဆောင်ခြင်းနှင့် သိလျက်လွှတ် ထားသောဖြစ်စဉ်မျိုးရှိပါက အဓိ ကတာဝန်ရှိသူကို အရေးယူရန်၊ ကွင်းဆက်ပျောက်သော အမှုများ နှင့် ပိုင်ရှင်မဲ့ဖြစ်သည့်မူးယစ်ဆေးဖမ်းဆီးမှုများကို တင်းတင်းကျပ် ကျပ် ကိုင်တွယ်ရန်၊ မူးယစ်ရဲ တပ်ဖွဲ့ဝင်များ၏ လုပ်ပိုင်ခွင့်ကို မြှင့်တင်ပေးပြီး ဆုပေး၊ ဒဏ်ပေး စနစ်ကိုကျင့်သုံးရန်၊ အခြေအနေ အရ လိုအပ်ပါကဗဟိုတွင် လျှပ် တစ်ပြက် ဖမ်းဆီးနိုင်သည့် မူး ယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ တစ်ဖွဲ့ထားရှိပြီး ဆောင်ရွက်ရန် တို့ကို ပြောကြားသည်။

‘‘သမ္မတကိုယ်တိုင်က စိတ် ၀င်စားပြီးလုပ်တယ်ဆိုတော့ ပိုပြီး ကောင်းတယ်။ တကယ့်တကယ် လည်း အားလုံးအတွက် အန္တ ရာယ်ရှိတဲ့ဟာဆိုတော့ သမ္မတ ကိုယ်တိုင်မှာကြားတော့ ပိုပြီး တော့ အောင်မြင်မှာပါ’’ ဟု မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးခိုင်စိုးက ပြောသည်။

ဒုတိယ၀န်ကြီးဦးစိုးအောင် က ‘‘သမ္မတကြီးကိုယ်တိုင် တိုင်း ပြည်ကို မိန့်ခွန်းပြောတာမှာလည်း ပါခဲ့တာပဲလေ။ ပြည်နယ်နဲ့ တိုင်း အသီးသီးမှာ မူးယစ်ဆေး ဆေး ပြားတွေ ပျံ့နှံ့နေကြတာလေ။ ဒါ တွေကို ထိထိရောက်ရောက်နှိမ် နင်းနိုင်ဖို့က အရေးကြီးတယ်’’ ဟု ဆိုသည်။

မူးယစ်ဆေးဝါး အန္တရာယ် လျော့ကျစေရေး အစဉ်တစိုက် ဆောင်ရွက်ခဲ့သော အရပ်ဘက် အဖွဲ့အစည်းများက သမ္မတ၏ လမ်းညွှန်ချက်များကို ကြိုဆိုသ လို ဆေးသုံးစွဲသူများဘ၀ပြန် လည်ထူထောင်ရေးနှင့် ကျန်းမာ ရေးဆိုင်ရာထောက်ပံ့မှုများ လုံ လောက်အောင် ဆောင်ရွက်ပေး ရန်လိုကြောင်း အကြံပြုသည်။

‘‘မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ထိန်းချုပ်ဖို့ ရှေ့တန်း တင်ပြီး ဆောင်ရွက်တာကောင်း ပါတယ်။ တိုက်ဖျက်ရေးဆိုတာ ထက် ထိန်းချုပ်ရေးနဲ့ ကျန်းမာရေး ဆိုင်ရာ ဆောင်ရွက်ချက်တွေကို ရှေးရှုကြရင် ပိုကောင်းမယ်’’ ဟု Drug Policy Advocacy Group (Myanmar) ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာနန်းပန်းအိခမ်းက သုံး သပ်သည်။ Drug Policy Advocacy Group (Myanmar) သည် မူးယစ်ဆေးဝါးဥပဒေနှင့် မူဝါဒ ပြောင်းလဲရေးတွင် ထဲထဲဝင်ဝင် ဆောင်ရွက်နေသောအဖွဲ့အစည်း ဖြစ်သည်။

မူးယစ်ဆေးဝါး အန္တရာယ် တားဆီးနိုင်ရေး နိုင်ငံတော်သမ္မတ ၏ လမ်းညွှန်ချက်သည် မလေး ရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ တင်ပို့ သည်ဆိုသော အလေးချိန်တစ် တန်ကျော်ရှိသည့် စိတ်ကြွမူးယစ် ဆေးဝါးများကို မေလ ၂၂ ရက်၌ ဖမ်းမိကြောင်းသတင်းထွက်ပေါ်ပြီး ရက်ပိုင်းအကြာ၌ဖြစ်သည်။

သမ္မတ လမ်းညွှန်ချက်ကို နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် က ထုတ်ပြန်သည့်သတင်း အောက်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် လက်ကြီး သမားများအား ထိထိရောက် ရောက်ဖမ်းဆီးပေးပါရန် လူအ များက ၀င်ရောက်မှတ်ချက်ပြု သည်။

7Day


0 comments:

Post a Comment