Friday, June 1, 2018

မုဒိန်းမှုနဲ့ အမှုဖွင့်ဖမ်းဆီးခံထားရတဲ့အဆိုတော်အစ္စဏီကို တာမွေတရားရုံးမှာ ထပ်မံရုံးထုတ်စစ်ဆေး


မော်ဒယ်စူးရှထက်ကို သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့မှုကြောင့် မုဒိန်းမှု၊ပြင်းထန်နာကျင်စေမှုတို့ နဲ့ အမှုဖွင့်ဖမ်းဆီးခံထားရတဲ့ အဆိုတော် အစ္စဏီကို တာမွေမြို့ နယ်တရားရုံးမှာ ဒီကနေ့ နံနက်ပိုင်းမှာ ရုံးထုတ်စစ်ဆေးလျှက်ရှိပါတယ်။

ဒီကနေ့ရုံးထုတ်စစ်ဆေးရာမှတော့ သားမယားပြုကျင့်ခြင်းခံခဲ့ရသူ မော်ဒယ် စူးရှထက်လဲ သက်သေလာရာက်ထွက်ဆိုခဲ့ပါတယ်။

ဧပြီလ ၁၂ ရက်နေ့  က တာမွေမြို့ နယ်ရှိ ချစ်သူရည်းစားဟောင်းဖြစ်သူ မော်ဒယ် စူးရှထက် ဌားရမ်းနေထိုင်တဲ့ တိုက်ခန်းမှာ သားမယားနှစ်ကြိမ်ပြုကျင့်ခဲ့တယ်လို့ အမှုဖွင့်တိုင်တန်းမှုကြောင့် အဆိုတော်အစ္စဏီကို တာမွေမြို့ နယ် ရဲစခန်းမှာ(ပ)၃၆၂/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိန်းမှု ၊ တုံးသောလက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှု) တို့ နဲ့ အမှုဖွင့်ထားတယ်လို့ ပြည်ထဲရေးက ဧပြီလ ၁၃ ရက်နေ့ က ထုတ်ပြန်ခဲ့ပါတယ်။



ဓါတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)
Popular News Journal

0 comments:

Post a Comment