Monday, June 4, 2018

ဂျာမနီ ဘုရားကျောင်းတခုအတွင်း ဓားကိုင်ရမ်းကားသူကို ရဲတပ်ဖွဲ့ ပစ်ခတ်


ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဇွန်လ ၃ ရက်နေ့က ဘုရားကျောင်းတခုအတွင်း  ဓားကိုင်ရမ်းကားသူတဦးကို ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

အဲဒီအတွက် ဓားကိုင်ရမ်းကားသူနဲ့ ရဲတပ်ဖွဲ့ဝင်တဦးတို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သမိုင်းဝင် Museum Island ရှိ ကမ္ဘာလှည့်ခရီးသွားတွေ လည်ပတ်ရာ Berliner Dom  ဘုရားကျောင်းအတွင်း လူနှစ်ဦး အချင်းများပြီးနောက် ဓားနဲ့တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအတွက် ဘုရားကျောင်းဝန်ထမ်းတဦးက ရဲကို အကြောင်းကြားခဲ့ပြီး အခင်းနေရာကို ရဲတွေ ရောက်ရှိလာခဲ့ပါတယ်။

ဓားကိုင်ရမ်းကားမှု ဖြစ်ပွားနေစဉ် ဘုရားကျောင်းအတွင်း လူ ၁၀၀ ခန့် ရှိနေတယ်လို့ သိရပါတယ်။

အဲဒီ ဓားကိုင်ရမ်းကားမှုဟာ အကြမ်းဖက်မှုနဲ့ ပတ်သက်ခြင်း ရှိမရှိကိုတော့ ဂျာမန်ရဲတပ်ဖွဲ့က ဖော်ပြထားခြင်း မရှိပါဘူး။

DVB

0 comments:

Post a Comment