Monday, June 4, 2018

ရှမ်းအရှေ့ရှိ လဝကဝန်ထမ်း ၆၃ ဦးကို ပြောင်းရွှေ့ 


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့်တာချီလိတ်မြို့ရှိ နယ်စပ်ဝင်ပေါက်ဂိတ်များနှင့် ကင်းစခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် လူဝင်မှုကြီးကြပ်ရေးဌာနခွဲ (၆) မှ လဝကဝန်ထမ်း ၆၃ ဦးလုံးကို ပြောင်းရွှေ့ကြောင်း ကျိုင်းတုံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဒုတိယပြည်နယ် ဦးစီးမှူးရုံးထံမှ သိရှိရသည်။

နယ်စပ်ဝင်ပေါက်ဂေါက်များနှင့် ကင်းစခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် လူဝင်မှုကြီးကြပ်ရေး ဌာနခွဲ (၆) ရှိ ဌာနခွဲမှူးအပါအဝင် ဝန်ထမ်း ၆၃ ဦးသည် တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးဖြစ်၍ ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း အဆိုပါရုံး ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းက ပြောကြားသည်။

“ဝန်ထမ်းတွေကို မိသားစုနဲ့ အကြာကြီးခွဲမနေစေဖို့နဲ့ စည်ကမ်းဖောက်ဖျက်မှု မရှိအောင်လို့ တစ်နှစ်သာ တာဝန်ထမ်းဆောင်စေတာပါ။ အသစ်ရွေးချယ်စေလွှတ်လိုက်တဲ့ ဝန်ထမ်းတွေကို မနေ့က ဒေသအခြေအနေ အပါအဝင် စည်းမျဉ်းစည်းကမ်းနဲ့အညီ လိုက်နာဆောင်ရွက်အောင် တွေ့ဆုံရှင်းပြပြီးဖြစ်လို့ ဒီနေ့တာဝန်လွှဲပြောင်း ထမ်းဆောင်ကြပါမယ်”ဟု ၎င်းက ရှင်းပြသည်။

တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့နှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ်များတွင် မူးယစ်ဆေးဝါးမှု၊ လက်နက်မှုအပါအဝင် အခြားပြစ်မှုများဖြင့် ခိုးဝင်နိုင်ငံခြားသားများကို မကြာခဏ ဖမ်းဆီးရမိနေကြောင်း ယင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

The Voice

0 comments:

Post a Comment