Monday, June 4, 2018

ဂွါတီမာလာရှိ ဖွယ်ဂိုမီးတောင် ဒုတိယအကြိမ် ပေါက်ကွဲ၊ လူ ၇ ဦးသေဆုံး


ဂွါတီမာလာနိုင်ငံက ဖွယ်ဂိုမီးတောင်ဟာ ဇွန်လ ၃ ရက်နေ့က ဒုတိယအကြိမ် ပေါက်ကွဲခဲ့ပြီး အနည်းဆုံး လူ ၇ ဦး သေဆုံးကာ အယောက် ၂၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် အနီရောင်ချော်ရည်ပူတွေနဲ့ မီးခိုးပြာမှုန်တွေဟာ မီးတောင်ထိပ်ဝကနေ ၆ မိုင်လောက်အထိ ပန်းထွက်ခဲ့တယ်လို့ အစိုးရ အမျိုးသားသဘာဝဘေးဒဏ် လျှော့ချရေးအဖွဲ့ (CONRED) က ပြောပါတယ်။

ချော်ရည်ပူတွေဟာ မြို့တော် ဂွါတီမာလာစီးတီး အပါအဝင် အနီးဝန်းကျင်ဒေသတွေဆီ စီးဆင်းခဲ့ပါတယ်။

ဒီ့အတွက် လူ ၃၁၀၀ ကို အရေးပေါ် နေရာပြောင်းရွှေ့ထားရပြီး နောက်ဆက်တွဲ အကျိုးဆက်တွေကိုတော့ လူဦးရေ ၁ ဒသမ ၇ သန်းလောက် ခံစားရဖွယ်ရှိတယ်လို့လည်း CONRED အဖွဲ့ အကြီးအကဲက ပြောပါတယ်။

အဲဒီမီးတောင်ဟာ မကြာခဏ လှုပ်ရှားသက်ဝင်လေ့ရှိတဲ့ မီးတောင်ရှင်ဖြစ်ပြီး ၂၀၁၂ ခုနှစ်က ပေါက်ကွဲမှုကြောင့် လူဦးရေ ၃ သောင်းကျော်ကို အရေးပေါ် နေရာပြောင်းရွှေ့ခဲ့ရကြောင်း စီအန်အန်သတင်းမှာ ဖော်ပြထားပါတယ်။

DVB

0 comments:

Post a Comment