Tuesday, November 20, 2018

လေလွင့်ကလေးငယ် ၂၇၀ ကျော်ကို စောင့်ရှောက်ထားကြောင်း လူမှုရေးဝန်ကြီးပြော


လက်ရှိတွင် လူမှုဝန်ထမ်းဦးစီးဌာနက လေလွင့် ကလေးသူငယ် ၂၇၀ ကျော်ကို ထိန်းသိမ်းစောင့်ရှောက်ထား ကြောင်း ရန်ကုန်တိုင်း လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။ 
ရန်ကုန်တိုင်း လူမှုဝန်ထမ်း ဦးစီးဌာနက လမ်းပေါ်နေ ကလေးသူငယ်များကို ထိန်းသိမ်းထားရာ ထောက်ကြန့်အမျိုးသမီးကလေး သူငယ်သင်တန်းကျောင်းတွင် မိန်း ကလေး ၇၉ ဦး၊ သန်လျင်လူငယ် သင်တန်းကျောင်းတွင် ယောက်ျားလေး ၁၀၂ ဦးနှင့် ကော့မှူးမြို့နယ် ငှက်အော်စမ်းသင်တန်းကျောင်း တွင် ၉၇ ဦးတို့ကို ကျောင်းပညာ ဋ္ဌနှင့် အသက်မွေးဝမ်းကျောင်း ပညာ သင်ကြားပေးနေကြောင်း ဝန်ကြီးက ပြောသည်။ 

‘‘မိဘအုပ်ထိန်းသူရှိတဲ့ ကလေးတွေကိုတော့ ပြန်လည် အပ်နှံပေးပြီး မိဘအုပ်ထိန်းသူမရှိ တဲ့ ကလေးတွေကို ထိန်းသိမ်း စောင့်ရှောက်ထားပါတယ်။ သင် တန်းတွေပေးပြီး NGO နဲ့ချိတ် ဆက်ပြီး မိသားစုရှာဖွေပေးပါ တယ်’’ဟု ဦးနိုင်ငံလင်းက ဆို သည်။ 

နိုဝင်ဘာ ၂၀ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ နေ့ အထိမ်းအမှတ်အခမ်းအနား တွင် ဝန်ကြီးက ကလေးသူငယ်များ ၏အခွင့်အရေးဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍ ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံတွင် အသက် (၁၆)နှစ်အောက် အရွယ်များကို ကလေးသူငယ်ဟု သတ်မှတ်ထား ကြောင်း ဝန်ကြီးက ပြောသည်။ 

အပြည်ပြည်ဆိုင်ရာ ကလေး သူငယ်များနေ့ အထိမ်းအမှတ်ပွဲ ကို မြန်မာနိုင်ငံအမျိုးသားလူ့အ ခွင့်အရေးကော်မရှင်နှင့် NGO Child Rights Working Group အဖွဲ့တို့က ပူးပေါင်းကျင်းပခဲ့ပြီး ကလေးသူငယ်များ၏ အခွင့်အ ရေးနှင့်ပတ်သက်၍ ကဗျာ၊ ပန်းချီ နှင့် ဇာတ်လမ်းတိုပြိုင်ပွဲပြုလုပ် ကာ ဆုချီးမြှင့်ခဲ့သည်။ 

၁၉၈၉ နိုဝင်ဘာ ၂၀ ရက်က ကလေးသူငယ်အခွင့်အရေးဆိုင် ရာ ကုလသမဂ္ဂသဘောတူစာချုပ် ကို ကုလသမဂ္ဂအထွေထွေညီလာ ခံကြီးတွင် ကမ္ဘာ့နိုင်ငံများက အ တည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံက ၁၉၉၁ ၌ ယင်းစာ ချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ 

ယင်းစာချုပ်တွင် ကလေးသူ ငယ်များနှင့် ပတ်သက်၍ အကျိုး စီးပွားဖြစ်ထွန်းစေရေး၊ ခွဲခြား ဆက်ဆံမှုမရှိစေရေး၊ ပူးပေါင်းပါ ဝင်ခွင့်ရရှိအောင် ဆောင်ရွက်ပေး ရေးနှင့်ကလေးသူငယ်များ၏ထင် မြင်ယူဆချက်ကို အလေးထားစေ ရေး စသည့်မူဝါဒလေးရပ်ပြဋ္ဌာန်း ထားကြောင်း ဝန်ကြီးက ပြော သည်။ 

ထို့အပြင် မိဘမဲ့ ကလေးသူ ငယ်များကို မိဘအရင်းသဖွယ် အစားထိုးစောင့်ရှောက်ရေး ရန် ကုန်တိုင်း ဒလမြို့နယ်တွင် အ ကောင်အထည်ဖော်နေကြောင်း ဝန်ကြီးက ဆက်လက်ပြောသည်။

7Day

0 comments:

Post a Comment