ပြည်မြို့ ရွှေဆံတော်စေတီ တော်မြတ်ကြီး စွယ်တော်တိုက်အတွင်း ကိန်းဝပ်စံပယ်နေသည့် ဗုဒ္ဓမြတ်စွယ်တော်ကို နိုဝင်ဘာ ၂၀ ရက်က မြို့တွင်းလှည့်လည် အပူဇော်ခံပွဲ ကျင်းပခဲ့သည်။
နံနက် ၆ နာရီတွင် ဗုဒ္ဓမြတ် စွယ်တော်ကို စွယ်တော်တိုက်အ တွင်းမှ ကရ၀ိက်ဖောင်ပေါ်သို့ ပင့်ဆောင်ခဲ့သည်။ ယင်းနောက် စေတီတော် ဂေါပကအဖွဲ့၊ ဝေယျာဝစ္စအသင်းအဖွဲ့များ ခြံရံ ကာ (၁၁၉) ကြိမ်မြောက် မြို့တွင်း လှည့်လည်အပူဇော်ခံပြီး ညနေ ၆ နာရီတွင် ပြီးဆုံးခဲ့သည်။
‘‘ပြည်စွယ်တော်က မြန်မာ ပြည်ကို ပထမဆုံးရောက်တဲ့ ဗုဒ္ဓ မြတ်စွယ်တော်ဖြစ်တယ်။ သီရိ လင်္ကာနိုင်ငံ သီဟိုဠ်ကျွန်းက စွယ် တော်မြတ်နဲ့ အတူတကွ ကိန်းဝပ် ပူဇော်ထားရှိပြီး ပင့်ဆောင်ခဲ့တဲ့ စွယ်တော်ပွားတစ်ဆူပါ။ သုံးနှစ် ပြည့်မှ တစ်ကြိမ်သာ မြို့တွင်း လှည့်လည် အပူဇော်ခံပွဲ ကျင်းပ တယ်။ မြို့တွင်း လှည့်လည်အပူ ဇော်ခံတာ မလုပ်တဲ့နှစ်တွေမှာ တော့ ရင်ပြင်တော်ပေါ်မှာပဲ အပူ ဇော်ခံပွဲပြုလုပ်ပါတယ်’’ဟု စေတီ တော်ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဗုဒ္ဓမြတ်စွယ်တော်ကို သီရိ လင်္ကာနိုင်ငံ သီဟိုဠ်ကျွန်းမှ ရေ ကြောင်းဖြင့် မြန်မာပြည်သို့ ပင့် ဆောင်လာရသည့် ဖြစ်ရပ်ကို ရည်ရွယ်ပြီး မြတ်စွာဘုရားရှင် ပြည်မြို့တွင်း ဒေသစာရီကြွချီ တော်မူသည့်အခါ ကရ၀ိက်ဖောင်တော်ကို လှေထိုးသားတို့က ဆွဲယူပင့်ဆောင်သည့် အစဉ်အလာအတိုင်း မြို့တွင်းလှည့်လည် အပူဇော်ခံပွဲပြုလုပ်ခြင်းဖြစ်သည်။
‘‘ဒီနှစ်က ရာသီဥတုကလည်း သာယာတော့ ယခင်နှစ်တွေထက် ပိုမိုစည်ကားတယ်။ ညပိုင်းဆိုလည်းပွဲဈေးတန်းမှာ လူတွေ တိုးမပေါက်အောင်ပါပဲ။ စွယ်တော်လှည့်တဲ့ နေ့ကတော့ မနက်ပိုင်းကတည်း က နယ်ဘက်က ဘုရားဖူးတွေ ရောက်နေကြတယ်။ ပွဲဈေးတန်း နဲ့ မြို့တွင်းတွေမှာ အတော်လေး စည်ကားတာ တွေ့ရတယ်’’ ဟု ပြည်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စွယ်တော်မြတ် မြို့တွင်း လှည့်လည်ပူဇော်ရာ လမ်းတစ် လျှောက်တွင် လှေတော်ယိမ်း၊ တရုတ်အမျိုးသားယိမ်း၊ အိန္ဒိယ အမျိုးသားယိမ်း၊ ဆင်ယိမ်း၊ ခြင်း အလှခတ်ယိမ်း၊ ခင်ဝမ်းဖောင်ဒေး ရှင်းဖျော်ဖြေရေးအဖွဲ့နှင့် မြို့ပေါ် ရပ်ကွက်များမှ ယိမ်းကားများ လိုက်ပါခဲ့သည်။
7Day







0 comments:
Post a Comment